“ ပိုးစာသီးနဲ့ ကျန်းမာရေး ”

05/05/2022 10:30 AM တွင် Zaw Htet Aung Zaw Htet Aung မှ ရေးသား

      ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့ အသီးတစ်မျိုးပါ။ ပိုးစားပင်ဆိုတာက လူတွေဝတ်ဆင်လေ့ရှိတဲ့ ပိုးထည်တွေကို ရက်လုပ်ဖို့ ပိုးချည်မျှင်တွေကို ထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့အစာပင်မို့ “ပိုးစာပင်”လို့ ခေါ်ကြပါတယ်။

ပိုးကောင်လေးတွေက ပိုးစာပင်ရဲ့အရွက်ကိုပဲ စားကြတာပါ။ အသီးတွေကိုတော့ လူတွေစားလို့ရပါတယ်။

          ပိုးစာသီးက စတော်ဘယ်ရီ(Strawberry), ဘလူး ဘယ်ရီ(Blueberry) တွေလို ဘယ်ရီမျိုးနွယ်ဝင်ဖြစ်ပြီး ပိုးစာသီးကိုတော့ “Mulberry”လို့ ခေါ်ကြပါတယ်။ ပိုးစာသီးကို လက်နဲ့ဖျစ်ညှစ်ရင် သွေးလိုအရောင်တွေထွက်လို့ တချို့ဒေသတွေ မှာ “ သွေးသီး “ လို့လည်း ခေါ်ကြပါသေးတယ်။

        ပိုးစာသီးပင်ကို ကမ္ဘာ့မြောက်ပိုင်းသမဇုံတွေမှာ အများဆုံးတွေ့ရပါတယ်။မြန်မာ နိုင်ငံမှာတော့ မန္တလေးတိုင်းရှိ ပြင်ဦးလွင်ဒေသနဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်မှာ တစ်နိုင်တစ်ပိုင် ခြံစိုက်ပျိုးကြပါတယ်။ ရှမ်းပြည်နယ်ဘက်မှာလည်း ပိုးစာပင်တွေပေါက်ရောက်လေ့ရှိပြီး ယခုချိန်ဆို  ပိုးစာသီးတွေလှိုင်လှိုင်သီးကြပါပြီ။

         ပိုးစာသီး မမှည့်သေးတဲ့အချိန်ဆို အသီးနီနီလေးတွေက ချိုချဥ်အရသာရှိပြီး မှည့်တဲ့အသီးမည်းမည်းလေးတွေကတော့ ချိုချိုအီအီအရသာရှိပြီး အရည်ရွှမ်းပါ တယ်။

         ဥရောပနိုင်ငံတွေမှာတော့ ပိုးစာသီးကိုစားသုံးသူ များပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတာမို့ Queen of Health,  Blood Queen ရယ်လို့တောင် အမျိုးမျိုးခေါ်ကြသေးတယ်လို့ ဆိုပါတယ်။

          မြန်မာနိုင်ငံမှာတော့ ချိုအီပြီးအရသာရှိတဲ့ ပိုးစာ သီးကို အသီးအလုံးလိုက်စားကြသလို ဖျော်ရည်ဖျော် သောက်တာ၊ ယိုထိုးစားတာ၊ ဝိုင်ဖောက်တာတွေအပြင် ရေခဲမုန့်၊ရေခဲချောင်းလည်း ပြုလုပ်စားကြပါတယ်။ ဒါ့အပြင် တချို့ဒေသမှာ ပိုးစာရွက်ကိုလည်း  ဟင်းချိုချက်သောက်လေ့ရှိကြတယ်လို့ သိရပါတယ်။အမျိုးသား တွေအတွက် အားဆေးအဖြစ် အရက်နဲ့စိမ်သောက်လေ့ ရှိတယ်လို့လည်း ဆိုကြပါတယ်။

           ပိုးစားသီးက သွေးအားကောင်းစေပြီး ပိုးစာသီး ဝိုင်(Mulberry Wine)သောက်ပေးရင် အရမ်းအေးတဲ့ ရာသီဥတုဒဏ်ကိုခံနိုင်ကြပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေပြီး အကြောအချဥ်ပြေလျော့ကာ ခန္ဓာကိုယ်  လွတ်လပ်ပေါ့ပါးစေပါတယ်။

      ပိုးစာသီး(Mulberry) မှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်လို့ သိရပါတယ်။

 

ပိုးစာသီးရဲ့ ကျန်းမာရေးအကျိုးပြုပုံတွေကတော့-

၁။ ပိုးစာသီးမှာ Vitamin-C,Vitamin-Aနဲ့ Anthocyanin ပါဝင်တဲ့အတွက် ကိုယ်ခံအားကိုတိုးပွားစေပြီး ကင်ဆာဆဲလ်များမဖြစ်ပွားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ ပိုးစာသီးကိုပုံမှန်စားသုံးခြင်းဖြင့် သွေးထဲက မကောင်းတဲ့အဆီ LDL ကို လျှော့ချပေးခြင်းကြောင့် သွေးတွင်းအဆီများခြင်း၊ နှလုံးအဆီပိတ်ခြင်းနဲ့ လေဖြတ်ခြင်းများကိုလည်း လျော့ကျစေပါတယ်။

၃။ ပိုးစာသီးက သွေးတွင်းသကြားဓာတ်ကိုလည်းလျော့ကျစေတဲ့အတွက် ဆီးချိုဝေဒနာရှင်များအတွက်လည်းအထူးသင့်လျော်တဲ့ အသီးဖြစ်ပါတယ်။

၄။ အမျှင်ဓာတ်(Fibers)ကြွယ်ဝစွာ ပါဝင်တာမို့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၅။ သံဓာတ်ကြွယ်ဝစွာပါဝင်တာမို့ သွေးနီဥ ထုတ်လုပ်ခြင်းကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်လှည့်ပတ်မှုကို ပိုမိုမြန်ဆန်စေပါတယ်။

၆။ ပိုးစာသီးမှာ Vitamin-A, Vitamin-E, Zexanthin နဲ့ Alpha-carotene တို့ ပါဝင်တဲ့အတွက် အသားအရေကို ချောမောလှပစေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။

၇။ ပိုးစာသီးဟာ ကိုယ်တွင်းအဆီဓာတ်ကိုလည်း ထိန်းညှိပေးလို့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၈။ ပိုးစာသီးမှာ Carotenoid တစ်မျိုးဖြစ်တဲ့ Zeaxanthin ပါဝင်တဲ့အတွက် မျက်လုံးအမြင်အာရုံကို ပိုမိုကောင်းမွန်စေပြီး ရေတိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉။ ဒါ့အပြင် Resveratrol ပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်မြန်ဆန်စေပြီး သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊သွေးပေါင်တက်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ Vitamin-K,Calcium တို့ပါဝင်တဲ့ ပိုးစာသီးဟာ အရိုးများကိုသန်မာစေပြီး အရိုးပွခြင်းကိုလည်းလျော့ကျစေပါတယ်။

၁၁။ ပိုးစာသီးမှာ Anti-inflammatory ဂုဏ်သတ္တိတွေရှိတဲ့အတွက် အရွက်ကိုအခြောက်လှန်းပြီး ရေနွေးကြမ်း ခပ်သောက်ပါက ယောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုများကိုလည်း သက်သာစေပါတယ်။

            Berry မျိုးနွယ်ဝင် ပိုးစာသီးမှာကျန်းမာရေး အတွက်ကောင်းကျိုးပြုတဲ့အပြင် အမျိုးစုံလည်းပြုလုပ် စားလို့ရသလို တန်ဖိုးမြင့်ထုတ်ကုန်အနေဖြင့်လည်း ထုတ်လုပ်နိုင်ပါကြောင်း လေ့လာရေးသားလိုက်ရပါတယ်။

Ref: Wikipedia. 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်