သနပ်ခါး အရွက်၊ အသီး၊ အမြစ်များကို ဆေးအဖြစ်အသုံးချနည်း

03/08/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း။  ။ Rutaceae (ရှောက်မျိုးရင်း)

၂။ ရုက္ခဗေဒအမည်။ ။ Limonia acidissima Linn

၃။ အခေါ်အဝေါ်-

(က) မြန်မာအမည် - သနပ်ခါး

(ခ) အင်္ဂလိပ်အမည် - Chinese Box Tree

(ဂ) ကချင်အမည် - San-Phak

(ဃ) မွန်အမည် - Sanut- Khar

(င) ရှမ်းအမည် - Sanak -Khar

ပုံသဏ္ဌာန်

အပင် - ပင်လတ်မျိုးဖြစ်သည်။ အမြင့် ၂၀-၃၀ ပေအထိမြင့်တတ်၏။ ပင်စည်နှင့် အကိုင်းအခက်များတွင် ၁/၂ လက်မထိရှည်သည့် ချွန်ထက်မာကျောသောဆူးများရှိ၏။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာသည်။

အရွက် - ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ အလျား ၃ လက်မ မှ ၅ လက်မထိရှည်ပြီး ရွက်ညှာတွင်အတောင်ပါသည်။ ရွက်မြွာ ၂ စုံမှ ၃ စုံထိရှိပြီး ထိပ်ရွက် ၁ ရွက်ပါသည်။ ရွက်ပြားပြောင်ချောင်ပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။

အပွင့် - သေးငယ်သည်။ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်၏။ တန်ခူး၊ ကဆုန်လများတွင် ပွင့်သည်။

အသီး - ချဉ်သောအရသာရှိသည်။ အပြွတ်လိုက်သီး၏။ ငရုတ်ကောင်းစေ့ခန့်ရှိ၏။ အစေ့အဝါနုရောင်ဖျော့ဖျော့ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလတွင် အသီးမှည့်သည်။

အမြစ် - ရေသောက်မြစ်ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်၍ ထွက်သည်။ အပွေးခေါက်ရှိသည်။ ပင်စည်ထက် အရောင်ပိုဝါသည်။

ပေါက်ရောက်သည့်ဒေသ - အပူပိုင်းဒေသဖြစ်သည့် ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် ပေါက်ရောက်သည်။ အချို့အထက် အရွက်ပြက်တောခြောက်များ၌လည်း တွေ့ရသည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊ အသီး၊ အမြစ်

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွေစေတတ်၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာ နှစ်မျိုးလုံး၌ သုံး၏။

အသုံးပြုပုံ

အရွက်

(၁) ဝက်ရူးပြန်ရောဂါကုဆေးတွင်သုံး၏။ အနာကြီးရောဂါသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီးချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါပျောက်၏။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရ၏။

(၂) အရွက်ကိုအခြောက်လှန်း အမှုန့်ပြုလုပ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်ပါက အဖောရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါမှန်သမျှကို ကင်းရှင်းပပျောက်စေ၏။ 

အသီး

(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏။

အမြစ်

(၁) ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပါက မီးယပ်ရောဂါသည်များသွေးသားမှန်၏။ ဆားနှင့်သွေးလိမ်းက အညောင်းအညာပြေ၏။ ကလေးချွဲကျပ်က အမြစ်ကသွေး၍ ကွမ်းရွက်ဆေးရည်နှင့်ဆတူတိုက်က ချွဲအမြန်ကျ၏။

(၂) သနပ်ခါးမြစ်၊ ပန်းနုအမှုန့်၊ ငါးပဲသားစီကို ပျားရည်ခြောက်ပိဿာနှင့် ရော၍စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။

(၃) သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည် နှင့်ရောလျက်သော် အစာအိပ်ရှိ အဆိပ်ကိုပြေစေ၏။

 

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

 

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်