သနပ်ခါး အရွက်၊ အသီး၊ အမြစ်များကို ဆေးအဖြစ်အသုံးချနည်း

03/08/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း။  ။ Rutaceae (ရှောက်မျိုးရင်း)

၂။ ရုက္ခဗေဒအမည်။ ။ Limonia acidissima Linn

၃။ အခေါ်အဝေါ်-

(က) မြန်မာအမည် - သနပ်ခါး

(ခ) အင်္ဂလိပ်အမည် - Chinese Box Tree

(ဂ) ကချင်အမည် - San-Phak

(ဃ) မွန်အမည် - Sanut- Khar

(င) ရှမ်းအမည် - Sanak -Khar

ပုံသဏ္ဌာန်

အပင် - ပင်လတ်မျိုးဖြစ်သည်။ အမြင့် ၂၀-၃၀ ပေအထိမြင့်တတ်၏။ ပင်စည်နှင့် အကိုင်းအခက်များတွင် ၁/၂ လက်မထိရှည်သည့် ချွန်ထက်မာကျောသောဆူးများရှိ၏။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာသည်။

အရွက် - ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ အလျား ၃ လက်မ မှ ၅ လက်မထိရှည်ပြီး ရွက်ညှာတွင်အတောင်ပါသည်။ ရွက်မြွာ ၂ စုံမှ ၃ စုံထိရှိပြီး ထိပ်ရွက် ၁ ရွက်ပါသည်။ ရွက်ပြားပြောင်ချောင်ပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။

အပွင့် - သေးငယ်သည်။ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်၏။ တန်ခူး၊ ကဆုန်လများတွင် ပွင့်သည်။

အသီး - ချဉ်သောအရသာရှိသည်။ အပြွတ်လိုက်သီး၏။ ငရုတ်ကောင်းစေ့ခန့်ရှိ၏။ အစေ့အဝါနုရောင်ဖျော့ဖျော့ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလတွင် အသီးမှည့်သည်။

အမြစ် - ရေသောက်မြစ်ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်၍ ထွက်သည်။ အပွေးခေါက်ရှိသည်။ ပင်စည်ထက် အရောင်ပိုဝါသည်။

ပေါက်ရောက်သည့်ဒေသ - အပူပိုင်းဒေသဖြစ်သည့် ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် ပေါက်ရောက်သည်။ အချို့အထက် အရွက်ပြက်တောခြောက်များ၌လည်း တွေ့ရသည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊ အသီး၊ အမြစ်

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွေစေတတ်၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာ နှစ်မျိုးလုံး၌ သုံး၏။

အသုံးပြုပုံ

အရွက်

(၁) ဝက်ရူးပြန်ရောဂါကုဆေးတွင်သုံး၏။ အနာကြီးရောဂါသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီးချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါပျောက်၏။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရ၏။

(၂) အရွက်ကိုအခြောက်လှန်း အမှုန့်ပြုလုပ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်ပါက အဖောရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါမှန်သမျှကို ကင်းရှင်းပပျောက်စေ၏။ 

အသီး

(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏။

အမြစ်

(၁) ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပါက မီးယပ်ရောဂါသည်များသွေးသားမှန်၏။ ဆားနှင့်သွေးလိမ်းက အညောင်းအညာပြေ၏။ ကလေးချွဲကျပ်က အမြစ်ကသွေး၍ ကွမ်းရွက်ဆေးရည်နှင့်ဆတူတိုက်က ချွဲအမြန်ကျ၏။

(၂) သနပ်ခါးမြစ်၊ ပန်းနုအမှုန့်၊ ငါးပဲသားစီကို ပျားရည်ခြောက်ပိဿာနှင့် ရော၍စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။

(၃) သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည် နှင့်ရောလျက်သော် အစာအိပ်ရှိ အဆိပ်ကိုပြေစေ၏။

 

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

 

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်