ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း

22/04/2022 11:00 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

 

 ပိန်းဥ ၊ ဝဥနဲ့ မျိုးနွယ်တူတဲ့ မျောက်ဥကို ကောက်ရင်ပန်း(ကဒူဥ) လို့လည်းခေါ်ကြပါတယ်။ မူလပေါက်ရောက်ရာဒေသမှာ အာဖရိက၊ အာရှနဲ့ ဩစတြေးလျမြောက်ပိုင်း တို့ဖြစ်ပါသည်။ သိပ္ပံအမည်မှာ- Dioscorea bulbifera ဖြစ်ပါတယ်။ အသီးမှာ အမြစ်များဖွာထွက်၍ သီးလေ့ရှိပါတယ်။ နွယ်တက်ပင် အမျိုးအစားဖြစ်ပြီး အသီးကိုပြုတ်စား၊ ကြော်စား၊ ချက်စား၍လည်း ရပါတယ်။ အနည်းငယ် ခါးသက်တဲ့ အရသာရှိသော်လည်း ပြုတ်လိုက်ပါက စိမ့်သောအရသာကို ရစေပါတယ်။ မျောက်ဥတွင်ပါဝင်တဲ့ ဓာတ်များမှာ- 

ကာဘိုဟိုက်ဒြိတ် - ၇၃.၆၂%

အမျှင်ဓာတ် -၀.၃၅%

ပြာဓာတ် -၂.၅၆%

အစိုဓာတ်-၁၄.၇၄% နှင့်အခြားသောဓာတ်များပါဝင်ပါတယ်။ 

 

နွယ်တက်ပင်အမျိုးအစားဖြစ်ပြီး ဆောင်းရာသီမှာ ကိုင်းဖျားခြောက်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ရက်လျှင် ၈လက်မအထိကြီးထွားတတ်ပြီး ပေ၆၀ခန့်အထိကြီးထွားနိုင်ပါတယ်။

 

မျောက်ဥကို အစာလည်းဆေး၊ ဆေးလည်းအစာဟူသည့်အတိုင်း မျက်စိနာခြင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်း‌လျှောခြင်း တွေကို မျောက်ဥစားသုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ အနာပေါက်၊ လေပြွန်ပူ၊ ကျောက်တည်နာ၊ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ လည်းချောင်းနာရောဂါ၊ သားမြတ်ကင်ဆာနဲ့ ဆီးချိုရောဂါများကို ကုသရန်အတွက်လည်း အသုံးပြုပါတယ်။ အသီးနုကိုခူး၍ လိမ်းလျှင်သော်လည်းကောင်း၊ စားလျှင်သော်လည်းကောင်း ကင်ဆာရောဂါကို သက်သာစေပါတယ်။ အသည်းကင်ဆာနုပါက အသီးစားရုံဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ ရင်သားကင်ဆာအတွက်စားလည်းစား၊ လိမ်းလည်းလိမ်းပေးရပါတယ်။ 

 

မျောက်ဥ နှစ်ကျပ်သားကို ရေတစ်လီတာနဲ့သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးခြင်း အားဖြင့် လည်းကောင်း၊ အမှုန့်ပြုပြီး တစ်နေ့လျှင် လက်ဖက်စားဇွန်းတစ်ဇွန်း စားပေးခြင်းဖြင့် လည်းကောင်း ဆီးချိုရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ ချွေးထွက်လွန်ရောဂါ၊ ခါးနာရောဂါများ အတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။ သုတေသီများကမျောက်ဥမှာ စတီးရွိုက်ဓာတ် တစ်မျိုးပါဝင်တာကြောင့် သေသေချာချာပြုတ်ပြီးမှသာ စားသုံးရန် အကြုံပြုထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်