အော်ဂဲနစ် ဘာကြောင့်ကောင်းသလဲဆိုသည့်အကြောင်းပြချက် (၈)ချက်

25/10/2018 13:36 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

() အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပိုကောင်းစေပါတယ်။

အော်ဂဲနစ်လယ်ယာကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သီးနှံပင်တွေရဲ့ အမြစ်များက ခပ်နက်နက်ဆင်းပြီး (၈၀)ရာခိုင်နူန်းထက် ပိုသော မြေဆီလွှာအဏုဇီဝသက်ရှိ အထူးသဖြင့် မှိုတွေက သစ်ပင်ရဲ့ အမြစ်တွေမှာ အတူရှိနေပြီးတော့ အပင်အာဟာရတွေကို စုပ်ယူပေးထားကြတယ်။

() အော်ဂဲနစ် အစားအစာက ကင်ဆာကို တိုက်ခိုက်ရာမှာ ကူညီတယ်။ လေဖြတ်တာ မဖြစ်အောင်၊ နှလုံးပြဿနာတွေ မဖြစ်အောင် ကူညီတယ်။

အော်ဂဲနစ် အပင်များမှာ ထောက်ပံ့ပေးတဲ့ အစာတွေထဲက Salicylic Acid (အက်စပရင်ဆေးမှာ အဓိကပါဝင်)ဟာ ရောဂါနဲ့ ဖိစီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

() အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက သဘာဝမျိုးစိတ် တွေ (၅၀) ရာခိုင်နူန်းထက်ပိုလာစေပြီး ငှက်မျိုးစုံတွေကို (၄၅) ရာခိုင်နူန်းအထိ ပိုပြီး ဆွဲဆောင်စေတယ်။ အော်ဂဲနစ်လယ်ကွက်တွေမှာ လိပ်ပြာတွေ အဏုဇီဝ သက်ရှိတွေ အခြားသမားရိုးကျ စိုက်ကွင်းတွေထက် () ဆ ပိုမိုဆွဲဆောင်ပါတယ်။

() အော်ဂဲနစ် အစားအစာက အာဟာရဓာတ်ပိုပြီးပါဝင်ပါတယ်။

ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ အော်ဂဲနစ်မဟုတ်တဲ့ စနစ်တွေက ဓာတုပစ္စည်းတွေကို မြန်သထက်မြန်မြန် ကြီးထွားစေဖို့ အသုံးပြုကြတဲ့အတွက် အစားအစာအပေါ်မှာ အာဟာရအကျိုးသက်ရောက်မှု အချိန်ကာလ မရှိတော့ပါဘူး။

နှစ်ပေါင်း (၅၀) မျှ ဓာတုအသုံးပြုလို့ မိမိတို့ရဲ့ ထုတ်လုပ်မှု ကျဆင်းလာတဲ့အတိုင်း မိမိတို့ထုတ်ကုန်ရဲ့ အာဟာရ တန်ဖိုးတွေ ကလည်း ကျဆင်းလာတယ်။ အာလူးမှာဆိုရင် ဗီတာမင် A (၁၀၀) ရာခိုင်နူန်းမရှိတော့ဘူး။ ဗီတာမင် (C)နဲ့ သံဓာတ် (Fe)(၅၅)ရာခိုင်နူန်းပျောက်ဆုံးနေပြီးတော့ ထုံးဓာတ် (Ca) (၂၅) ရာခိုင်နူန်းနှင့် ဗီတာမင် B ရရှိစေနိုင်မဲ့ ရိုင်ဗိုဖလေဗင်က (၅၀) ရာခိုင်နူန်းဆုံးရှုံးကုန်တယ်။ ပုလဲကဲ့သို့ ဓာတ်မြေသြဇာက အာလူးရဲ့ အရသာကို ပျက်ယွင်းစေတယ်။ ယခင် ပုလဲ၊ ယူရီးယား မထည့်တဲ့ အာလူးက သကြားပွင့်နေသလိုမျိုးပဲ စားရတာကလည်း လျှာထဲမှာ ပျော်သွားလောက်အောင် အရသာရှိပါတယ်။

()လူတွေရဲ့ ကျန်းမာရေးအတွက် အသီးတွေထဲမှာ ပန်းသီးကို တန်ဖိုးထားကြပါတယ်။ အော်ဂဲနစ်ပန်းသီးက ကျန်းမာရေးနဲ့ ပြည့်စုံစေပါတယ်။

မိမိတို့အနေနဲ့ ပန်းသီးစိုက်ပျိုးရေးခြံတွေကို ရောက်ဘူးကြပါသလား။ ပန်းသီးတစ်လုံးကောင်းမွန်စွာ စားသုံးရဖို့ မှိုသတ်ဆေး၊ ပိုးသတ်ဆေးမျိုးစုံ၊ အသုံးပြုနေကြတာကို တွေ့မြင်ကြရမှာပါ။ ဒီလိုနည်းလမ်းနဲ့ အော်ဂဲနစ်နည်းလမ်းမှ ရလာတဲ့ ပန်းသီးရဲ့ ကွာခြားမှုက အလွန်ကို ကြီးမားလှပါတယ်။ အော်ဂဲနစ်ပန်းသီးက အရသာထူးခြားကောင်းမွန်တယ်။ အာဟာရလည်း ပိုပြီး ပါဝင်တယ်။ အော်ဂဲနစ်ပန်းသီးက အရသာထူးခြားကောင်းမွန်တယ်။ အာဟာရလည်း ပိုပြီးပါဝင်တယ်။ "အော်ဂဲနစ်ပန်းသီးနေ့စဉ် စားရင် ဆရာဝန်မလိုအပ်တော့ပါဘူး"တဲ့

() အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက ရာသီဥတုပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ပါတယ်။

အော်ဂဲနစ်မြေဆီလွှာက ကာဗွန်ကို သယ်ဆောင်တဲ့ အဏုဇီဝ သက်ရှိတွေနဲ့ ပြည့်ဝရှင်သန်နေပါတယ်။ စမ်းသပ်မှုများအရ မြေဆီလွှာတိုးတက်မှုဟာ အော်ဂဲနစ်မြေမှာ ရာခိုင်းနုန်း(၁၂၀) တိုးတက်ပြီး ဓာတုပစ္စည်းအသုံးပြုမှုမှာ စမ်းသပ်ချက်အရ (၂၀) ရာခိုင်နူန်း တိုးတက်လာတာတွေ့ရတယ်။ အော်ဂဲနစ်လယ်ယာမှာ အော်ဂဲနစ်ကာဗွန်ထုတ်လုပ်မှု (၂၅) ရာခိုင်နူန်း ပိုမိုပြီး မြေဆီလွှာထဲမှာ သိုမှီးထားနိုင်တယ်။

() ခြောက်သွေ့တဲ့ အခြေအနေမှာ အော်ဂဲနစ်လယ်ယာရဲ့ ထုတ်လုပ်မှုက အထွက်နူန်းမြင့်မားစေတယ်။

အော်ဂဲနစ်မြေဆီလွှာက အစိုဓာတ်ကို ပိုပြီး ထိန်းထားနိုင်တယ်။ အမြစ်အဖွဲ့အစည်းကလည်း မြေကြီးအောက်ကို နက်နက် ဆင်းလို့ အစိုဓာတ်ပိုရစေတယ်။ ကနေဒါနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးသူများက သမားရိုးကျထက်ပိုပြီးတော့ ခြောက်သွေ့တဲ့ အခြေအနေမှာ အထွက်ပိုကောင်းအောင် ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

() အော်ဂဲနစ်အစားအစာက လုံခြုံစိတ်ချရတယ်။

နောက်ဆုံးအချက်ကတော့ အော်ဂဲနစ်အစားအစာဟာ လုံခြုံ စိတ်ချရပါတယ်။ အော်ဂဲနစ်လယ်ယာက အလုပ်အကိုင်ကို ပိုမိုဖန်တီးပေးနိုင်တယ်။ အမြတ်ပိုရစေတယ်။ နိုက်ထရိုဂျင်စီးဆင်းမှုမဖြစ်တဲ့အတွက် ရေထုမညစ်ညမ်းစေပါဘူး။ ဒီလောက်တင်မဟုတ်ပါဘူး။ နိုင်ငံတကာစိုက်ပျိုးရေးကို သွားရောက်လေ့လာကြည့်မယ်ဆိုရင် သမားရိုးကျနဲ့ စိုက်ပျိုး ထုတ်လုပ်သူတွေက ဓာတုပစ္စည်းတွေနဲ့ လက်ပွန်းတတီး အသုံးပြုနေရလို့ ကျန်းမာရေးဆုံးရှုံးမှု ဖြစ်တယ်ဆိုတဲ့ အချက်ကို တွေ့ရမှာပါ။

နောက်ဆုံးမှာတော့ အော်ဂဲနစ်လယ်ယာအလေ့အကျင့်ဟာ အားလုံးကို အောင်နိုင်သွားမှာပါ။ အာဟာရကောင်း၊ ဓာတုအန္တရာယ်မရှိ၊ တစ်နှစ်ပတ်လုံးအထွက်ကောင်း၊ သဘာဝသက်ရှိပိုမိုပွားများလာမယ်။ မြေဆီလွှာ အရည်အသွေး ပိုကောင်းကာ လူတွေလည်း ဖျားနာတာ မဖြစ်တော့ပါဘူး။

ကိုကား - အခြေခံ အော်ဂဲနစ်လယ်ယာ/မင်းဝင်းထိန် ( BAG)

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်