မြေပဲရိတ်သိမ်းချိန်တွင်ကူးစက်မှုများသည့် အာလ်ဖာတောက်စင်

20/08/2021 20:00 PM တွင် ko khun ko khun မှ ရေးသား

   မြေပဲတွင်ဖြစ်ပွားတတ်သော အာလ်ဖာတောက်စင်ဆိုသည်မှာ အယ်စပါဂျီးလက် မှိုများမှထုပ်လုပ်သော မှိုဆိပ်ဖြစ်သည်။ အစားအစာများတွင်အတွေ့များသော မှိုဆိပ်ဖြစ်သည်။ အာလ်ဖာတောက်စင် B1, M1, G1 သုံးမျိုးဟာ လူနဲ့ တိရစ္ဆာန် ၂ မျိုးလုံးတွင် ကင်ဆာရောဂါများကို ဖြစ်စေသည်။ 

   စိုက်ခင်းနှင့် ရိတ်သိမ်းသိုလှောင်သည့် နေရာများတွင်ပါ ကူးစက်မှုများကို တွေ့ရသည်။ ရာသီဥတုအခြေအနေ၊ အပင်များအား ငှက်၊ ထွန်၊ ထယ်တို့နှင့် ထိခိုက်မှု၊ ညံ့ဖျင်းသော သီးနှံကိုင်တွယ်မှု၊ မြေအနေအထားများသည် ဤမှိုဆိပ်ဖြစ်ပေါ်မှု အပေါ်တွင် လွှမ်းမိုးမှုရှိသည်။ 

   အစားအသောက်တွင် ပါဝင်လာသော ဤမှိုဆိပ်ကို နိုင်ငံများတွင် အကန့်အသတ်ဖြင့်သာ လက်ခံလာကြသည်။ ဥပမာ- အီးယူနိုင်ငံများတွင် ၁၅ (ppb), အမေရိကန်တွင် ၂၀ (ppb), အိန္ဒိယတွင် ၃၀ (ppb) စသည်ဖြင့် အများဆုံး ပါဝင်နိုင်မှုနှုန်းများကို ပြဌာန်းထားသည်။ ၎င်းထက်ကျော်လွန်ပါဝင်ပါက မိမိတို့ မြေပဲများ ရောင်းချ၍ ရနိုင်မည် မဟုတ်ပေ။ 

ဤမှိုဆိပ်များ ဖြစ်ပေါ်ခြင်းမှကာကွယ်ရန်...

- မြေပဲတောင့်များကို အချိန်မီ နှင့် မထိခိုက်မိ‌အောင် နှုတ်သိမ်းပါ။

- သီးတောင့်များကို မြေပဲပင်မှဖြုတ်၍ ပလပ်စတစ်၊ တာပေါလင်စများခံ၍ စောလျင်စွာ နေလှန်းပါ။

- နေလှန်းစဉ်တွင် မှိုကျနေသော သီးတောင့်များ မပါဝင်စေရပါ။

- မြေပဲအခွံခွာရာတွင်လည်း လက်(သို့မဟုတ်)စက်များဖြင့် ခွာပါ။ ရိုက်ခွာခြင်းမလုပ်ရပါ။ 

- စက်များဖြင့်ခွာရာတွင် ရေဖျန်းခြင်းများ မပြုလုပ်ရပါ။

- မြေပဲဆံများ သိုလှောင်ရာတွင် အဖျင်းများ၊ အမှိုက်များ၊ ဖုန်များ ကင်းစင်ရန်လိုအပ်သည်။

- အစိုဓါတ် ၇ ရာခိုင်နှုန်းအောက် ရှိနေပါစေ။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်