ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံအတွက်စိုက်ပျိုးရေး ဓာတုဆေးဝါးများ ၊ ဓာတ်မြေသြဇာ နှင့်စက်ပစ္စည်းများဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့်ဟောပြောပွဲ အခမ်းအနား

05/11/2018 09:34 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နေ့ရက်- ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၆ ~ ၇ ရက်နေ့အထိ။
နေရာ - ရို့စ်ဂါးဒင်းဟိုတယ်၊ အထက်ပန်းဆိုးတန်းလမ်း၊  ရန်ကုန်၊ မြန်မာ။
Agro Myanmar 2018 ပြပွဲ၏ ပြပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင်ရန်ကုန်မြို့ ၊ အထက် ပန်းဆိုးတန်းလမ်းရှိ ၊ရို့စ်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ Agro Myanmar နှင့် Agro Chemex သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြား အတွက် နှစ်စဉ် ကျင်းပပြုလုပ်ပေးနေသော နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲ ဖြစ်ပြီး စိုက်ပျိုးရေး ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ဓာတုဆေးများ နှင့် စက်ပစ္စည်းများအကြောင်း အရှေ့တောင်အာရှတွင် ပြပွဲများ၏ ဦးဆောင် ကျင်းပနေသူ ဖြစ်သည်။ ထိုပြပွဲသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို စိုက်ပျိုးရေးလုပ်ငန်း  ဖွံ့ဖြိုးပြီး နိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ စေရန်၊ သင်ယူနိုင်ရန် နှင့်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ၊ ကုန်သွယ်ရေး ဆက်ဆံမှုမြှင့်တင်နိုင်ရန် အကောင်းဆုံး ပြပွဲဖြစ်ပါသည်။ ပြပွဲဖွင့်ပွဲ အခမ်းအနား တွင် အစိုးရအရာရှိကြီးများ ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ ကိုယ်စားလှယ်များ၊ စက်မှုကျွမ်းကျင်သူများ နှင့် သတင်းမီဒီယာ များမှလည်း တက်ရောက်မည် ဖြစ်ပါသည်။
တရုတ်ကောက်ပဲသီးနှံ ကာကွယ်စောင့်ရှောက်ရေး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CCPIA)၊ တရုတ်အမျိုးသား ဓာတုသတင်းအချက်အလက် စင်တာ(CNCIC) နှင့် Minh Vi Exhibition & Advertisement Services Co., Ltd. (VEAS) တို့က ပူးပေါင်း စီစဉ်ကျင်းပသော Agro Myanmar 2018 ပြပွဲတွင် စိုက်ပျိုးရေး ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ စိုက်ပျိုးဓာတုဆေးဝါးများ  စသော နယ်ပယ်များတွင် ဦးဆောင် နေသော နိုင်ငံတကာ ကုမ္ပဏီများမှ ကုန်ပစ္စည်း အမျိုးပေါင်း (၂၀၀) ကျော်ပါဝင်ပြသမည် ဖြစ်ပြီး အမျိုးမျိုး ဆန်းသစ်သော ထုတ်ကုန် ပစ္စည်းသစ်များ နှင့် စက်ပစ္စည်းများကို စူးစမ်းလေ့လာရန် ပြည်တွင်းမှသာမက ကမ္ဘာ့တဝှမ်း နှင့် အရှေ့တောင်အာရှမှလာရောက်လေ့လာသူပေါင်း (၂၀၀၀) ကျော်လိမ့်မည်ဟု ခန့်မှန်းထား ပါသည်။
ဒီပွဲကို လာရောက်ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှု အစီအစဉ်မှတဆင့် ပစ္စည်းတင်သွင်းသူ အသစ်များ၊ ဖောက်သည်အသစ်များ၊ စီးပွားရေး မိတ်ဖက်အသစ်များ နှင့်လည်း ချိတ်ဆက်နိုင်သလို၊ ပညာရှင်များရဲ့ ဟောပြောပွဲ နှင့် ဆွေးနွေးပွဲများကို နားထောင်ရင်း အသိအမြင်များကို အပြန်အလှန် ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။
B2B စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှု အစီအစဉ်တွင် ပါဝင်ဖို့ နှင့် ပြပွဲကို “အခမဲ့” လာရောက်လေ့လာဖို့ ဒီနေရာလေးတွင် https://docs.google.com/forms/d/e/1FAIpQLSesy84n-JPXJp7d94x35Ei6p-z5PuMjb2pF4q8_4dZf6cMNSA/viewformကြိုတင်စာရင်း ပေးသွင်းခြင်းဖြင့် လက်ဆောင်များလည်း ရယူလိုက်ပါ။
အသေးစိတ်သိရှိလိုပါက အောက်ပါ ဝက်ဆိုဒ် နှင့် ဖေ့စ်ဘုတ်ပေ့ချ် များတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
Website: http://bit.ly/AgroMyanmar2018
Facebook: www.facebook.com/ AgroInternationalExhibition
Email: brandon@veas-exhibitions.com
Tel: 09 9420 025 684(Myanmar), +84 28 3848 8561 (International)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်