ဂေဟမပျက်စိုက်ပျိုးရေး

08/05/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

ENI ဖောင်ဒေးရှင်း၏ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC myanmar မှ ရေဒီယိုထုတ်လွှတ်မှုအစီအစဉ်ဖြစ်ပါတယ်။

"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်တွင် ဒီတစ်ပတ်မှာတော့ လက်ရှိ လူမှုစီးပွားရေးအဖွဲ့ (CEST) ၌ ဒါရိုက်တာအဖြစ်လုပ်ဆောင်နေသော ဆရာကြီး ဒေါက်တာစိန်လှဗိုလ် မှ "ဂေဟမပျက်စိုက်ပျိုးရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးသွားပါတယ်ရှင်။

စိုက်ပျိုးရေးမှာ စိုက်ပဲစိုက်နေလို့ပဲလဲမပြီးသေးပါဘူး။ ဦးကြီးတို့ရဲ့ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်မပျက်ဆီးအောင် ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်နိုင်အောင်လည်း ကြိုးပမ်းရပါဦးမယ်။ စိုက်ပျိုးရေးလုပ်ကိုင်နေတုန်းမှာမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ အချက်များကို ဦးကြီးတို့လေ့လာနိုင်စေရန်အတွက် အစိမ်းရောင်လမ်းမှ ဒီအစီအစဉ်ကို တင်ဆက်ပေးလိုက်ရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်