သတင်းနှင့်ဆောင်းပါးစာမူများ ဖိတ်ခေါ်ခြင်း

25/04/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော်တို့ Green Way အနေဖြင့် တောင်သူများအား အသိပညာနှင့် ဗဟုသုတများ ရရှိစေမည့် စိုက်ပျိုး မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ တင်ဆက်ခြင်းကို ၂၀၁၁ ခုနှစ်ကတည်းက Blogspot တစ်ခုအနေဖြင့် စတင်လုပ်ဆောင်ခဲ့ပါသည်။ 

၂၀၁၆ ခုနှစ်တွင်တော့ Mobile Application တစ်ခုအနေဖြင့် ပြောင်းလဲပြီး တောင်သူပညာပေးခြင်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ 

လက်ရှိတွင် ကျွန်တော်တို့ Green Way App အနေဖြင့် တောင်သူများထံက အခက်အခဲများ၊ လိုအပ်ချက် များ စသည့် တောင်သူ့အသံများ၊ စိတ်ဝင်စားစရာတောင်သူဓလေ့ထုံးတမ်းများ၊ ဒေသဆိုင်ရာဈေးကွက် အခြေအနေများ စသည့် သတင်းဆောင်းပါးများကို ထပ်မံတိုးချဲ့တင်ဆက်ရန် လုပ်ဆောင်လိုသည့်အတွက် တောင်သူများအပါအဝင် အခြား စိတ်ဝင်စား၍ ရေးသားချင်သူ မည်သူ့ထံကမဆို သတင်းနှင့်ဆောင်းပါး စာမူများ ဖိတ်ခေါ်လိုပါသည်။ 

ရွေးချယ်ဖော်ပြသွားမည့်သတင်းနှင့်ဆောင်းပါးများအတွက် ကျွန်တော်တို့ Green Way က သတ်မှတ်ချက်ထားသည့် စံနှုန်းများမှာ.. 

  • (၁) ပညာပေးမှုဘယ်လောက်ရှိသလဲ? 
  • (၂) စိတ်ဝင်စားစရာကောင်းမှု ဘယ်လောက်ရှိသလဲ? 
  • (၃) ဒီသတင်းကြောင့် သက်ရောက်မှု ဘယ်လိုရှိသွားနိုင်သလဲ? 

 ဆိုသည့်အချက်များ ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ယင်းအချက်များနှင့် ကိုက်ညီပါက မည်သူမဆို ကျွန်တော်တို့ Green Way ထံ သတင်းနှင့် ဆောင်းပါးများ ပေးပို့နိုင်ပါသည်။

 

အချက်အလက်များ ပြည့်စုံပြီး ကျွန်တော်တို့စံသတ်မှတ်ချက်အနည်းဆုံး တစ်ချက်နှင့် ကိုက်ညီနေပါက မည်သည့်ပုံစံဖြင့် ရေးလာသည်ဖြစ်စေ (အချက်အလက်ပြည့်စုံမှန်ကန်ရန်သာလို) ကျွန်တော်တို့ Green Way Content Team မှ ပြင်ဆင်တည်းဖြတ်ပေးသွားမည်ဖြစ်၍ ရေးသားချင်သူ မည်သူမဆို လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ 

အဓိကလိုချင်သည်မှာ မိမိနှင့်သက်ဆိုင်သည့်ဒေသဆိုင်ရာ စိုက်ပျိုးမွေး မြူရေးသတင်းများ (ဥပမာ - ခရမ်းချဉ်သီးဈေးနှုန်းများ အလွန်အမင်း ကျဆင်းနေ၍ တောင်သူများအပေါ် ထိခိုက်မှု၊ ကြက်စာ ငါးစာ ဈေးများ မြင့်တက်၍ မွေးမြူရန်ခက်ခဲလာမှု... စသဖြင့်) နှင့် ထူးခြားသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ ဒေသတွင်း ထူးထူးခြားခြားပုံစံသီးသန့်ဖြင့် အသုံးပြုသည့်အပင်များ စသဖြင့် ဖြစ်ပါသည်။

ရွေးချယ်ခံရသည့်စာမူများအတွက် ကျွန်တော်တို့ Green Way App မှ သတ်မှတ်ထားသည့် စာမူခများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ (တစ်ပုဒ်လျှင် ကျပ် ၈၀၀၀ - ၁၀၀၀၀)

သတင်းနှင့်ဆောင်းပါးများ ပေးပို့ရာတွင် သတ်မှတ်ထားသည့် လိုအပ်ချက်များမှာ..

  • စာရေးသူ၏ ကိုယ်ရေးအချက်အလက်အကျဉ်း 
  • Green Way App တွင် မှတ်ပုံတင်ဝင်ရောက်ထားသည့် ဖုန်းနံပါတ်နှင့် ဓာတ်ပုံ (App တွင် မှတ်ပုံမတင်ရသေးပါကလည်း အစိမ်းရောင်လမ်းထံ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်)
  • Email ဖြင့် ဆောင်းပါးပို့ရာတွင် Word File ဖြင့် ပို့ရန်။ 
  • သတင်း၊ ဆောင်းပါးနှင့်သက်ဆိုင်ရာ ဓာတ်ပုံများရှိပါက ပူးတွဲပေးပို့ပါရန်။

ဆောင်းပါးနှင့်သတင်းများကို 

Email - articles@greenwaymyanmar.org 

Viber – 095053570 (Green Way) တို့ထံ ပေးပို့နိုင်ပါသည်။ 

ပေးပို့ရန်အခက်အခဲရှိသူများ၊ အခြားသိရှိလိုသည်များရှိပါက 09765408621 ကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်