COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

16/04/2020 10:25 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ

၁။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။ ၄။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်