တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (သြဂုတ်လ၊ ၂၀၂၀)

04/08/2020 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သြဂုတ်လအတွင်း မိုးလယ် ရာသီသီးနှံများစိုက်ပျိုးရေးနှင့် မိုးစပါးသီးနှံဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်လိုပါသည်။

ယာသီးနှံများ

    ယာမြေများတွင် ဇူလိုင်လအတွင်းက အစိုဓာတ်လုံလောက်စွာမရသဖြင့် မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်းမပြုရသေးပါက၊ သို့မဟုတ် စိုက်ပြီးအပင်ပေါက်ကာစ မိုးဖျက်၍ ပျက်စီးခဲ့ပါက အဆိုပါဒေသများတွင် ပဲတီစိမ်း၊ စကမြေပဲ၊ နှမ်းလျင်၊ နေကြာ စသည့် ယာသီးနှံများကို အမြန်စိုက်ပျိုးပါ။ သြဂုတ်လတွင် မိုးများစွာရွာသွန်းနိုင်ပါသည်။

    မုတ်သုန်မဝင်မီ ရွာသွန်းသောမိုးဖြင့် ယာသီးနှံများကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းပြီး ရိတ်သိမ်းဆဲဒေသများသည် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးပါ။ မိုးရာသီတစ်ခုအတွင်း ယာသီးနှံ-ယာသီးနှံသီးနှံပုံစံ ချမှတ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

    ဒေသအလိုက်ဆောင်ရွက်နိုင်သည့် သီးနှံပုံစံများမှာ နှမ်းလျင် - ပဲတီစိမ်းသီးနှံပုံစံ၊ နှမ်းလျင် - စကမြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း - မြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း - နှမ်းလျင်သီးနှံပုံစံ၊ ပဲတီစိမ်း-ချည်မျှင်ရှည်ဝါသီးနှံပုံစံ၊ ပဲပုပ်-ပန်းနှမ်းသီးနှံပုံစံ၊ ပဲပုပ်-နေကြာသီးနှံပုံစံ၊ ပဲပုပ်-ဂျုံသီးနှံပုံစံ- စသည်ဖြစ်ပါမည်။

    စိုက်ပျိုးမည့် ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရမည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုးဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သက်လျင်အထွက် ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့်ပါသည်။ 

မိုးစပါးသီးနှံ

    မိုးများသည့်ဒေသများနှင့် ဆည်ရေသောက်ဒေသများအတွက် ပျိုးထောင်ရေ၊ စိုက်ပျိုးရေခက်ခဲမှု မရှိသော်လည်း မိုးနည်းပါးသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် ယခုအချိန်အထိ ပျိုးမထောင်နိုင်မှုများရှိခဲ့သည်။ ထိုဒေသများသည် ပျိုးထောင်ရေရလျှင်ရခြင်း အမြန်ပျိုးထောင်ပါ။ စပါးသီးနှံအတွက် လုံလောက်သည့် မိုးရေချိန်ရသည်ထိ သြဂုတ်လအတွင်း မိုးရွာသွန်းနိုင်ကြောင်း အတွေ့အကြုံအရ ခန့်မှန်းမိပါသည်။

    ပျိုးထောင်ဖို့ ကောက်စိုက်ဖို့ အခက်အခဲရှိပါကလည်း ယာသီးနှံ(နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ_စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method)(သို့မဟုတ်) အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်(Wet Seeded Rice Method) (သို့မဟုတ်) တစ်နည်းနည်းဖြင့် ကြဲပက်မည်လား၊  အတန်းလိုက် မျိုးစေ့ချမည်လား ဒေသရေမြေ၊ လူမှုစီးပွားနှင့် လုပ်သားရနိုင်မှုအခြေအနေတို့အရ စိုက်ပျိုးရန်ဖြစ်ပါသည်။  

    ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း စသည့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့် စိုက်ခင်းများတွင် ပေါင်းမြက်ကင်းစင်စေရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း အသိပေးလိုပါသည်။

   ဇူလိုင်လအတွင်း ပျိုးထောင်နိုင်ခဲ့ပါက ပျိုးသက်တစ်လအတွင်း ပြောင်းရွှေ့ကောက်စိုက် ပါ။ အချို့ဒေသများသည် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် စပါးစိုက်ခင်းထွန်ရေးပြင်ရန် မိုးလို၍ ရေရရှိချိန်တွင် ပျိုးခင်းများ ပျိုးသက်ကြီးနေပါက ထိုပျိုးသက်ကြီးပျိုးကိုပဲ အသုံးပြုစိုက်ပျိုးပါ။ အမြင့်ဆုံးအထွက် (Maximum Yield)ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့ ရနိုင်ပါသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုတော့  အသုံးမပြုသင့်ကြောင်း အသိပေးလိုပါသည်။

    ပျိုးထောင်ရေ စောစီးစွာရရှိပြီး ဇူလိုင်လအတွင်းစိုက်ပျိုးခဲ့သော စပါးခင်းများ၊ သြဂုတ်လ အတွင်း စိုက်မည့်စပါးခင်းများအတွက် ပြုစုဂရုစိုက်မှုလုပ်ငန်းများကို မလစ်ဟင်းစေသင့် ကြောင်း နှိုးဆော်လိုသည်။ ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တလျောက်လုံးတွင် အထူးဂရုစိုက်စေလိုပါသည်။ 

    အကြောင်းမှာ ထိုကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးအတွက် အရေးပါသောကာလဖြစ်လို့ဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာ အာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်ပါသည်။

    ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိုင်သည့် လယ်မြေများအတွက်လည်း လိုအပ်ပါက အဆင်သင့် ဖြစ်စေရန် ကုန်းမြင့်မြေလွတ် ရေလွှမ်းမှုမဖြစ်ပေါ်နိုင်သည့်နေရာတွင် ပျိုးအပိုထောင်ထားသင့်ပါသည်။ သို့မဟုတ် လိုအပ်ပါကပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ရန် စပါးမျိုး အရန်ရှိထားသင့်ပါသည်။ 

    အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့် ပါ။ အထွက်ကောင်းမျိုးဆိုလျှင်လည်း သက်တမ်းတိုအထွက်ကောင်းသောမျိုး ဖြစ်သင့်ပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်