နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူလယ်သမားများ နွေနှင့် မိုးစပါးစိုက်ပျိုး ထွန်ယက်ခြင်းနှင့် ထွက်ရှိလာသောသီးနှံများ ရိတ်သိမ်းခြွေလှေ့ချိန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပျဉ်းမနားမြို့နယ်တွင် သမဝါယမအသင်းစုချုပ်၏ လယ်ယာဝန်ဆောင်မှုအသင်းနှင့် လယ်ဝေးမြို့နယ်တွင် လယ်ယာဝန်ဆောင်မှုသမဝါယမအသင်းများမှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်းများမှ ထွက်ရှိလာမည့် စပါးများ ရိတ်သိမ်းခြွေလှေ့လိုလျှင်လည်းကောင်း၊ ရာသီအမီစိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်မှုများ ပြုလုပ်လိုလျှင်လည်းကောင်း ဝန်ဆောင်မှုသမဝါယမအသင်းများမှ သင့်လျော်သောဈေးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည် -
ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ
ဒုတိယညွှန်ကြားရေးမှူး-၀၉-၂၆၂၇၅၈၃၆၅ / ၀၉-၇၉၆၉၂၉၈၁၈
လက်ထောက်ညွှန်ကြားရေးမှူး-၀၉-၂၅၆၀၈၈၅၂၅
ဦးကျော်ဆန်း (အတွင်းရေးမှူး)-၀၉-၄၂၀၇၅၀၁၈၄
အသင်းစုချုပ်လယ်ယာဝန်ဆောင်မှု
ကော်မတီ (ပျဉ်းမနား)
ဦးသန်းနွဲ့(အတွင်းရေးမှူး)-၀၉-၇၉၈၃၄၃၆၂၂
လယ်ဝေးမြို့နယ်သမဝါယမအသင်းစု
ဦးစိုးဝင်းသန်း (အတွင်းရေးမှူး)-၀၉-၇၉၉၁၉၉၄၄၅ / ၀၉-၄၂၀၇၇၀၁၁၅
လယ်ဝေးမြို့နယ်လယ်ယာဝန်ဆောင်မှုအသင်း
သမဝါယမဦးစီးဌာန
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်