တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

02/05/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ နိုင်ငံတော်အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန် ချက်များနှင့်အညီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အနှီးများ ရရှိစေရေးအတွက် နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ၊ ကျေးလက်ဖွံ့ဖြိုး ရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ နှစ်ဆင့် ချေးငွေ (MEB, Two Step Loan) တို့ကို ထုတ်ချေးပေးလျက်ရှိပါသည်။ 

၂။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူဉီးကြီးများအနေဖြင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိနိုင်စေရေးအတွက် ယခု ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့တွင် အတိုးနှုန်း (၁) ကြိမ် လျှော့ချပေးခဲ့ပြီးဖြစ်ပါသည်။ 

၃။ ယခုအခါ ထပ်မံ၍ နိုင်ငံတော်အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ လက်ရှိ ထုတ်ချေးပေးလျက်ရှိသော စိုက်ပျိုးရေးချေးငွေ၊  JICA, Two Step Loan ချေးငွေ၊ MEB, Two Step Loan ချေးငွေများအပေါ် ကောက်ခံသည့် အတိုးနှုန်းများကို အောက်ဖော်ပြပါ အတိုင်း လျှော့ချပြင်ဆင်ကောက်ခံသွားမည်ဖြစ်ပါသည် -

စဉ် ချေးငွေအမျိုးအစား   လက်ရှိအတိုးနှုန်း(၁ နှစ်)   ပြင်ဆင်သည့်အတိုးနှုန်း(၁ နှစ်)

(က) စိုက်ပျိုးစရိတ်ချေးငွေ     ၇ ရာခိုင်နှုန်း           ၅ ရာခိုင်နှုန်း

(ခ) JICA, Two Step Loan      ၆.၅ ရာခိုင်နှုန်း       ၅ ရာခိုင်နှုန်း

(ဂ) MEB, Two Step Loan      ၈ ရာခိုင်နှုန်း      ၆.၅ ရာခိုင်နှုန်း

၄။ တောင်သူများ၏ စုဆောင်းအပ်နှံငွေအပေါ်  ပေးမည့် အတိုးနှုန်းကိုလည်း ထုတ်ချေးငွေ အပေါ် အတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် လက်ရှိအတိုးနှုန်း ၁ နှစ် ၆.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်မည်ဖြစ်ပါသည်။

၅။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးငွေနှင့် စုဆောင်းအပ်ငွေတို့အပေါ် ပြင်ဆင်သတ်မှတ်သည့် အတိုးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်