ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) စောင့်ကြည့်လေ့လာရေးအဖွဲ့၏ နောက်ဆုံးရ အခြေအနေအား ထုတ်ပြန်ကြေညာချက်

04/08/2020 16:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လ (၃) ရက် − အာဖရိကဦးချိုဒေသတွင် ခန့်မှန်းချက်ထားသည့်အတိုင်း နွေရာသီ သားပေါက်ဧရိယာများသို့ ကန္တာရနှံကောင်အုပ်များ ရွေ့လျားလျက်ရှိ 

    ကန္တာရနှံကောင်အခြေအနေသည် အာဖရိကဦးချိုဒေသနှင့် အနောက်တောင်အာရှတို့တွင် အလွန်အမင်းစိုးရိမ်ပူပန်နေရသည့် အကြောင်းတရားဖြစ်နေဆဲပင်ရှိပါသည်။ 

    ကာကွယ်နှိမ်နင်းရေးလုပ်ဆောင်ချက်များနှင့် မြောက်ဖက်သို့ ကန္တာရနှံကောင်များ ရွေ့လျားနေသောကြောင့် ကင်ညာနိုင်ငံ၊ အနောက်မြောက်ပိုင်းတွင် နွေဦးရာသီ ကန္တာရနှံကောင်အုပ် ဒုတိယမျိုးဆက် ဆက်လက်ကျဆင်းနေပါသည်။ အနည်းငယ်သော ကန္တာရနှံကောင်အုပ်သည် ဇူလိုင်လ (၂၂) ရက်နေ့တွင် ယုဂန္ဓာနိုင်ငံ၊ အရှေ့မြောက်ဖက်သို့ နောက်ဆုံးဖြတ်သန်းသွားပါသည်။ အရှေ့အီကွေတာမျဉ်းရှိ ကာပိုတာအနီး တောင်ဆူဒန်နိုင်ငံ၏ အရှေ့တောင်ဖက်တွင်  သြဂုတ်လ (၁) ရက်နေ့က နောက်ဆုံးပေါ်လာသော အနည်းဆုံး ကန္တာရနှံကောင်အုပ်အား ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ နောက်လာမည့်ရက်များတွင် အနည်းငယ်သော ကန္တာရနှံကောင်အုပ်များနောက်ထပ်ပေါ်လာနိုင်ပြီး ဆူဒန်နိုင်ငံရှိ သားပေါက်ဧရိယာများသို့ ရောက်ရှိရန် တောင်ဆူဒန်နိုင်ငံတွင် ခေတ္တနားမည်ဖြစ်သည်။ အခြားအရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်များသည် လက်ရှိရှိနေသော ကန္တာရနှံကောင်အုပ်များနှင့် ပေါင်းစည်းရန် အီသီယိုပီးယားနိုင်ငံရှိရာ မြောက်ဖက်သို့ ကျူးကျော်ဝင်ရောက်ပြီးဖြစ်ကာ ၄င်းတို့ထဲကအချို့မှာ ကန္တာရနှံကောင်ပိုးမမည်များနှင့် ကန္တာရနှံကောင်အုပ်များကို ဆက်လက်ကာကွယ်နှိမ်နင်းလျက်ရှိသော အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း ကုန်းမြင့်မြေများနှင့် ဆိုမာလီယာနိုင်ငံ အနောက်မြောက်ပိုင်းသို့ ရွေ့လျားနေပါသည်။ ဇူလိုင်လကုန်ပိုင်းတွင် ယီမင်နိုင်ငံက ကန္တာရနှံကောင်အုပ် (၂) အုပ်သည်  အရှေ့မြောက်ဖက်ရှိ အီသီယိုပီးယားနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ အိုမန်နိုင်ငံတောင်ပိုင်းတွင် ဆာလာလားအနီး ဒေသတွင်းသားပေါက်ဧရိယာများအား ကာကွယ်နှိမ်နင်းမှုများ တိုးတက်လုပ်ဆောင်လျက်ရှိပါသည်။ 

    ဆိုမာလီယာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ကာ အရှေ့ဖက်သို့ ဆက်လက်ဖြတ်သန်းလာသော အချို့ ကန္တာရနှံကောင်အုပ်များသည် သြဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သို့ ရောက်ရှိနိုင်ဆဲပင်ဖြစ်သည်။ ထို့နောက် ကန္တာရနှံကောင်အုပ်များကို အရွယ်ရောက်ရန်နှင့် ဥအုစေရန် လာမည့်သီတင်းပတ်များတွင် အထူးသဖြင့် ဆိုမာလီယာနိုင်ငံမြောက်ပိုင်းတွင် မိုးကောင်းကောင်းရွာမည် ခန့်မှန်းထားသဖြင့် ခြိမ်းခြောက်မှုလျော့ နည်းသွားပါမည်။ 

    နွေရာသီသားပေါက်ရန်အတွက် ယခုအခါအခြေအနေပေးသော ဆူဒန်နိုင်ငံနှင့် အရီထရီးယားနိုင်ငံတို့တွင် ကန္တာရနှံကောင်အုပ် အနည်းငယ် ပေါ်လာကောင်းပေါ်လာနိုင်ပါသည်။ ယခုအထိ ဆူဒန်နိုင်ငံတွင် အရွယ်ရောက် ကန္တာရနှံကောင်များ အနည်းငယ်သာရှိပြီး အရီထရီးယားနိုင်ငံတွင် ကန္တာရနှံကောင်ရှိသည်ဆိုသော သတင်းပေးပို့ချက် မရှိပါ။ ကာဆာလာပြည်နယ်မှ ဒါဖာပြည်နယ်အထိ ဆူဒန်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သောဧရိယာများအတွင်း သားပေါက်ခြင်းကို တွေ့ရပါလိမ့်မည်။ 

    ယီမင်နိုင်ငံတွင် နောက်ထပ် ပုံမမှန်သည့် သည်းထန်သည့် မိုးရွာသွန်းမှုရှိသော နိုင်ငံအတွင်းပိုင်းတွင် ပိုးမမည်အုပ်စုများနှင့် ကန္တာရနှံကောင်အုပ်များ ဆက်လက်ဖြစ်ပေါ်နေပြီး သြဂုတ်လအတွင်း သားပေါက်ခြင်းပြီးမြောက်ရန် အလားအလာရှိပြီး ပင်လယ်နီပင်လယ်ကမ်းခြေလွင်ပြင်များသို့ တိုးချဲ့ဝင်ရောက်လာပါသည်။ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်လည်း ကျယ်ပြန့်သည့်သားပေါက်ခြင်း ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရပါသည်။ အကျိုးဆက်အားဖြင့် အီသီယိုပီးယားနိုင်ငံနှင့် ယီမင်နိုင်ငံတို့သည် နွေရာသီဖျက်ဆီးခံရခြင်း၏ ဗဟိုချက်မ,ဖြစ်လာရန် အလားအလာရှိပါသည်။ ထိုနိုင်ငံနှစ်နိုင်ငံစလုံးတွင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပါသည်။

    အနောက်တောင်အာရှတွင် ကန္တာရနှံကောင်ဖျက်ဆီးမှု အနည်းငယ်ရှိသော အီရန်နိုင်ငံတွင် အခြေအနေတိုးတက် လျက်ရှိပါသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပြန်ရောက်လာသော ကန္တာရနှံကောင်များနှင့် သြဂုတ်လတွင် နောက်ထပ် အကောင်ပေါက်လာမည့် ကန္တာရနှံကောင်များနှင့် နှံကောင်အုပ်စုငယ် ဖြစ်ပေါ်ခြင်းအပါအဝင် နွေဦးသားပေါက်ကန္တာရနှံကောင်အုပ်များဖြင့်ရှိနေသည့် မုတ်သုံရာသီ သားပေါက်နေသော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နယ်စပ်နှစ်ဖက်စလုံး တစ်လျှောက်တွင် လောလောဆယ်အခြေအနေမှာ ဆိုးဝါးနေဆဲဖြစ်ပါသည်။ နွေရာသီ သားပေါက်ခြင်း၏ ဒုတိယမျိုးဆက်သည် စက်တင်ဘာလတွင် စတင်လိမ့်မည်ဖြစ်သည်။ ထိုနိုင်ငံနှစ်နိုင်ငံလုံးတို့တွင် ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ အကြီးအကျယ်လုပ်ဆောင်နေပါသည်။

    ယခုအချိန်တွင် အနောက်အာဖရိကတွင် ကန္တာရနှံကောင်ခြိမ်းခြောက်မှု ကျဆင်းလာသော်လည်း ပြန့်ကျဲနေသော အရွယ်ရောက်ကောင်များ၏ ဒေသတွင်းအကောင်ဦးရေသည် နွေရာသီသားပေါက်ဧရိယာများဖြစ်သော မော်ရေးရှပ်နိုင်ငံတောင်ပိုင်း၊ နိုက်ဂါနိုင်ငံမြောက်ပိုင်းနှင့် ချက်နိုင်ငံတို့တွင် ရှိနေပါသည်။ အနည်းငယ်သော သားပေါက်ခြင်းသည်  သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်ရေးရှပ်နိုင်ငံနှင့် ချက်နိုင်ငံတို့အကြား ကန္တာရနှံကောင်ဦးရေကို တိုးစေလိမ့်မည်ဖြစ်သည်။ 

ကိုးကားချက်

www.fao.org/ag/locusts

ဒေါက်တာကိုကို (စိုက်ပျိုးရေး) 

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်