အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာလို့ရပြီ

01/05/2023 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

📱Green Way အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်းနယ်ပယ်များတွင် ပါဝင်ပတ်သက်သူအပေါင်း၏ အသိပညာ၊ ဗဟုသုတ၊ နည်းပညာများနှင့် အကျိုးစီးပွား မြှင့်တင်ရေးတို့အတွက် အတတ်နိုင်ဆုံး ပါဝင်ပူးပေါင်း ကြိုးပမ်းပေးနေပါသည်။

📱 လက်ရှိတွင်လည်း တောင်သူများအတွက်သာမက အထက်ပါနယ်ပယ်များတွင် ပါဝင်နေသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများအတွက် ရည်ရွယ်၍ ‘စိုက်မွေးနယ်ပယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ’ ဆိုသည့် အဖွဲ့ တစ်ဖွဲ့ကို Green Way app တွင် ဖန်တီးထားပြီး အလုပ်အကိုင်အခွင့်အလမ်းများကို မျှဝေပေးလျှက်ရှိပါသည်။

📱အဖွဲ့အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလိုသူများသာမက အလုပ်အကိုင်ခေါ်ယူလိုသူများလည်း ပါဝင်ထားခြင်းဖြင့် အပြန်အလှန်အကျိုးပြုမှုများ ရရှိနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ 

ထို့ကြောင့် မည်သူမဆို ယခုအဖွဲ့အတွင်းသို့ အခမဲ့ဝင်ရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရယူနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်