ပျပိုးများ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုက ကမ္ဘာ့သီးနှံထုတ်လုပ်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း ဩစတျေးလျ သုတေသီများသတိပေး

25/01/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သြစတြေးလျမှာရှိတဲ့ သုတေသီတွေဟာ ကမ္ဘာတစ်ဝန်းရှိ ပဲမျိုးစုံနဲ့ ပဲမျိုးရင်းဝင် စိုက်ခင်းတွေကနေ စုဆောင်းရယူထားတဲ့ ပျပိုး (Acyrthosiphon kondoi) တွေရဲ့ ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ကြပါတယ်။ 

Pest Management Science မှာ ဖော်ပြခဲ့တဲ့  အဆိုပါလေ့လာမှုဟာ ကမ္ဘာတစ်ဝန်းရှိ သီးနှံစိုက်ပျိုးသူတွေအတွက် သတိပေးချက်ဖြစ်သလို နေရာအနှံ့ ပျံ့နှံ့လျက်ရှိတဲ့ အဆိုပါအဖျက်ပိုးမွှားများကို စီမံခန့်ခွဲဖို့ရာ နည်းဗျူဟာအသစ်များ လိုအပ်ကြောင်းကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။ 

Cesar Australia မှ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင်နဲ့ သုတေသန ဆက်စပ်စာတမ်းရေးသားသူ Evatt Chirgwin က ပျပိုး (A. kondoi) တွေရဲ့ အကောင်ဦးရေကို ထိန်းချုပ်ရန်ဖို့ရာ အားနည်းပျက်ကွက်တဲ့ သမားရိုးကျပိုးသတ်ဆေးတွေရဲ့ အစီရင်ခံစာများကြောင့် ယခုသုတေသနကို ပြုလုပ်ရခြင်းဖြစ်တယ်လို့  ရှင်းပြခဲ့ပါတယ်။ 

"ဒီသုတေသနပြုလုပ်ဖို့ ကျွန်ုပ်တို့ရဲ့ အဓိကတွန်းအားကတော့ သြစတြေးလျ သီးနှံစိုက်ပျိုးသူများအား ထွက်ပေါ်လာမဲ့ ပိုးမွှားစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို နားလည်သဘောပေါက်လာအောင် ကူညီပေးဖို့ဖြစ်ပါတယ်" လို့ Chirgwin က ပြောကြားခဲ့ပါတယ်။ "သြစတြေးလျက သီးနှံစိုက်ပျိုးသူတွေဟာ ၎င်းတို့ရဲ့ ပဲပင်တွေကို ပျပိုး (A. kondoi) ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သမားရိုးကျ ပိုးသတ်ဆေး အမျိုးအစား ၂ ခုဖြစ်တဲ့ အော်ဂန်နိုဖော့စဖိတ် (organophosphate) နဲ့ ကာဘာမိတ် (carbamates) တို့ကို အားထားနေကြရတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း မကြာသေးမီနှစ်များအတွင်းမှာပဲ ဩစတြေးလျတောင်ပိုင်းရှိ သီးနှံစိုက်ပျိုးသူတွေအနေနဲ့ အဆိုပါပိုးသတ်ဆေးများ ဖျန်းခြင်းဟာ ပျပိုး (A. kondoi) တွေကို အချိန်ကြာကြာ မထိန်းချုပ်နိုင်တော့ကြောင်း အစီရင်ခံတင်ပြခဲ့ရာကနေ အဖျက်ပိုးမွှားတွေ ပိုးသတ်ဆေးယဉ်ပါးနေတာကို ပထမဆုံးအနေနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ပျပိုး (A. kondoi) တွေဟာ အမေရိကန်၊ တောင်အမေရိက၊ အာရှ၊ ဥရောပ၊ အာဖရိကနဲ့ ဩစတြေးလျတို့မှာ   စိုက်ပျိုးရေးဆိုင်ရာ သီးနှံအဖျက်ပိုးတွေ ဖြစ်ကြပါတယ်။   ပျပိုးတွေဟာ အပင်ရဲ့ အပေါ်ပိုင်းအရွက်များ၊ ပင်စည်နဲ့ အဖူးများပေါ်မှာ စားသောက်ခြင်းဖြင့် သီးနှံများကို ပျက်စီးစေကြောင်း Chirgwin ကနေ ရှင်းပြပါတယ်။ "ပျပိုး (A. kondoi) ဟာ သခွားမှာကျရောက်တဲ့ မိုစိတ်ဗိုင်းရပ်စ်နဲ့ ပဲပင်မှာကျရောက်တတ်တဲ့ အဝါရောင်မိုစိတ်ဗိုင်းရပ်စ် အပါအဝင် ဗိုင်းရပ်စ်ရောဂါတွေကို ကူးစက်ပျံ့နှံ့စေပြီး သွယ်ဝိုက်သောနည်းလမ်းနဲ့ အပင်တွေကို ထိခိုက်စေနိုင်ပါတယ်" လို့ ၎င်းက မှတ်ချက်ပြုပါတယ်။ 

မကြာသေးမီကပဲ Victoria၊ South Australia နဲ့ New South Wales ဒေသတွေရဲ့ ပဲနီလေးနဲ့ အယ်လ်ဖာဖာ စိုက်ခင်းများမှာ ပိုးသတ်ဆေးနဲ့ မထိန်းချုပ်နိုင်ခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့တဲ့ စိုက်ခင်းတွေကနေ ပျပိုး (A. kondoi) တွေကို သုတေသီအဖွဲ့က စုဆောင်းရယူခဲ့ပါတယ်။ အဆိပ်အတောက်ဖြစ်နိုင်ချေကို သိရှိဖို့ သက်ရှိများကိုအသုံးပြုတဲ့နည်းလမ်း (bioassays) နဲ့ မတူညီတဲ့ ပိုးသတ်ဆေးအမျိုးမျိုးကို ပျပိုးတွေမှာ စမ်းသပ်ခဲ့ပြီးနောက် ပိုးသတ်ဆေးအုပ်စု ၃ ခု ဖြစ်တဲ့ အော်ဂန်နိုဖော့စဖိတ် (organophosphates)၊ ကာဘာမိတ် (carbamates) နဲ့ ပိုင်ရီသရိုက်  (pyrethroids) စတဲ့ ပိုးသတ်ဆေးတွေကို ပျပိုးတွေအနေနဲ့ အလယ်အလတ် ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါအဆင့်မှာ သြစတြေးလျ သီးနှံစိုက်ပျိုးသူတွေအား ပိုးသတ်​ဆေးဒဏ် ခံနိုင်ရည်ရှိလာမှုရဲ့ အကျိုးသက်ရောက်မှုကို ရှင်းပြရာမှာ Chirgwin က "တကယ့်လက်တွေ့မှာ​တော့ သီးနှံစိုက်ပျိုးသူတွေဟာ ပြောင်းလဲလာနေတဲ့ ပျပိုး (A. kondoi) တွေကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ရာ အော်ဂန်နိုဖော့စဖိတ် (organophosphates) နဲ့ ကာဘာမိတ် (carbamates) (မှတ်ပုံတင်ထားသော) တို့ကို အားကိုးလို့ မရနိုင်ပါဘူး။ လေ့လာမှုကနေ တွေ့ရှိရတဲ့ ပျပိုး (A. kondoi) တွေရဲ့ ပိုးသတ်ဆေးခံနိုင်ရည်ရှိမှု နည်းပါးရာမှ အလယ်အလတ် အဆင့်အထိ (၂၀ - ၄၀ ဆ) ဟာ အခြားသော ပျပိုး (aphid) မျိုးစိတ်အချို့ (ဆိုလိုသည်မှာ အဆပေါင်း ၁၀၀ ကျော်) ထက် နည်းပါးနေတာ ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာ ပျပိုး (A. kondoi) တွေကို ထိန်းချုပ်ဖို့ရာအတွက် ပိုင်ရီသရိုက် (pyrethroids) အသုံးပြုခြင်းကို အတော်လေး ကန့်သတ်ထားတာဖြစ်ပြီး အင်းဆက်တွေဟာ အလုံအလောက် ဖိအားပေးထားတဲ့အောက်မှာ ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာလိမ့်မယ်လို့ သုတေသီတွေ မထင်မှတ်ခဲ့ကြတာကြောင့် ပိုင်ရီသရိုက် (pyrethroid) ကို ခံနိုင်ရည်ရှိတဲ့ ပျပိုး (A. kondoi) တွေကို ရှာဖွေတွေ့ရှိမှုဟာ မမျှော်လင့်ထားဘဲ တွေ့ရှိရတာ ဖြစ်ကြောင်း Chirgwin က မှတ်ချက်ပြုပါတယ်။

သုတေသီတွေအနေနဲ့ အခြားသော ပိုးသတ်ဆေးဖြစ်တဲ့ flupyradifurone ကို ခံနိုင်ရည်ရှိတာမျိုးကိုတော့ အထောက်အထား မတွေ့ရှိခဲ့ရပါဘူး။ အဆိုပါ ဓာတုပစ္စည်းကို ဩစတြေးလျဈေးကွက်မှာ ၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး ပျပိုး (A. kondoi) နှိမ်နင်းဖို့ နိုင်ငံအတွင်းမှာ မှတ်ပုံတင်ထားတာမျိုး မရှိတဲ့အတွက် အံ့သြစရာတော့ မဟုတ်ပါဘူး။ 

ထို့ကြောင့် flupyradifurone ဟာ သြစတြေးလျနိုင်ငံရှိ ပျပိုး (A. kondoi) ထိန်းချုပ်မှုအတွက် ဓာတုနည်းလမ်းအသစ်ကို ပေးစွမ်းနိုင်လိမ့်မယ်လို့ သုတေသီတွေက ကောက်ချက်ချထားပါတယ်။ ပိုးသတ်ဆေးယဉ်ပါးမှု ထပ်မံဖြစ်ပွားတာမျိုးကို ကန့်သတ်ဖို့ရာအတွက် "ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း" (IPM) နည်းဗျူဟာများရဲ့ အရေးပါမှုကို အလေးပေးဖော်ပြခဲ့တယ်လို့ Chirgwin ဆိုပါတယ်။

"အကယ်လို့ ဆေးကို မှတ်ပုံတင်ထားခဲ့မယ်ဆိုရင် flupyradifurone ဟာ သြစတြေးလျရှိ ပျပိုး (A. kondoi) စီမံခန့်ခွဲမှုနည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပံ့ပိုးပေးသင့်ပါတယ်။ ပိုးသတ်ဆေးတစ်မျိုး (သို့မဟုတ် အနည်းစု)အပေါ်မှာ အလွန်အကျွံမှီခိုခြင်းဟာ တသမတ်တည်းနဲ့ ပြင်းထန်သော ရွေးချယ်မှုဖိအားအောက်မှာ ပျပိုး (A. kondoi) တွေ ဆင့်ကဲတိုးတက်ဖို့အတွက် ခံနိုင်ရည်တိုးလာစေပါတယ်" 

"ပိုးသတ်ဆေးအမျိုးမျိုးကို အလှည့်ကျအသုံးပြုခြင်းဟာ  ပိုးမွှားဦးရေအပေါ် ထားရှိသောဖိအားကို လျော့နည်းစေနိုင်ပါတယ်။ ထို့ကြောင့် သီးနှံ​စိုက်ပျိုးသူတွေအနေနဲ့ ပျပိုး (A. kondoi) ထိန်းချုပ်မှုနဲ့ ဓာတုပစ္စည်းများကို သက်သာတဲ့နှုန်းထားဖြင့် ရရှိနိုင်မဲ့ကြားမှာ အလှည့်ကျအသုံးပြုနိုင်ဖို့ အမျိုးမျိုးသော ဓာတုနည်းလမ်းတွေ လိုအပ်ပါတယ်"

"ဓာတုမဟုတ်သော ထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများကို ပိုမိုထောက်ပံ့ပေးမှုဟာ ပျပိုး (A. kondoi) စီမံခန့်ခွဲရန် အခြားနည်းလမ်းများကိုပါ ပံ့ပိုးပေးနိုင်ပြီး  ပိုးသတ်ဆေး ခံနိုင်ရည်ရှိမှုကို လျှော့ချနိုင်ပါတယ်။ သဘာဝသားရဲအင်းဆက်များ (လိပ်ခုံးကျိုင်းနဲ့ ကပ်ပါးပြုနကျယ်) ဟာလည်း ပျပိုးများအတွက် ထိရောက်တဲ့ ဇီဝထိန်းချုပ်နည်းလမ်းများကို ပံ့ပိုးပေးနိုင်ပါတယ်။ တဖက်မှာလည်း သီးနှံစိုက်ပျိုးသူတွေအနေနဲ့ ပိုးမွှားများ စားသောက်ဖျက်ဆီးခြင်းကို အပင်ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ပေါင်းစပ်ကာ အချို့သောသီးနှံများ (ဥပမာ ဆေးဝါးများ) ကို အသုံးပြုနိုင်ပါတယ်။"

"ပိုမို ဆန်းသစ်သောနည်းလမ်းဖြစ်တဲ့ endosymbionts (တိရိစ္ဆာန်များစွာမှာ လက်ခံကျရောက်တဲ့ ဘက်တီးရီးယားတစ်မျိုး) ဟာ အချို့သောခြင်ရောဂါပိုးမွှားများအား စီမံခန့်ခွဲမှုကို ပြောင်းလဲစေခဲ့ပြီး အလားတူ endosymbiont အခြေပြုတဲ့ ဆောင်ရွက်ချက်များကို စိုက်ပျိုးရေးဆိုင်ရာ အဖျက်ပိုးမွှားများအား စီမံခန့်ခွဲဖို့ရာ နည်းလမ်းသစ်တစ်ခုအဖြစ် လက်ရှိမှာ သုတေသနပြုလျက်ရှိပါတယ်"

"ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိတဲ့ ပျပိုး (A. kondoi) တွေ ပြန့်နှံ့တဲ့နေရာကို မြေပုံရေးဆွဲဖို့ရာ ကျွန်ုပ်တို့ ကြိုးစားနေတာကြောင့် သီးနှံစိုက်ပျိုးသူတွေကို ဒေသအလိုက် တိကျတဲ့စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ပိုမိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဖျက်ပိုးတွေအတွက် သဘာဝအလျောက် ဇီဝထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများနဲ့ endosymbionts တွေဟာ သီးနှံများကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အဖျက်ပိုးမွှားများကို လျော့ပါးသွားစေနိုင်မဲ့ လမ်းကြောင်းအသစ်ကို ဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတာ စူးစမ်းရှာဖွေလျက်ရှိပါတယ်" လို့ Chirgwin က မှတ်ချက်ပြုပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်