ကမ္ဘာမှာ အနည်းလိုအာဟာရ သုံးစွဲနေတဲ့အခြေအနေ

08/03/2018 16:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၀၆ ခုနှစ် စာရင်းအရဆိုရင် ကမ္ဘာမှာ အနည်းလိုအာဟာရ သုံးစွဲတဲ့တန်ချိန်က ၇၀၀၀၀၀ ရှိခဲ့တယ်။ အာရှဈေးကွက် မှာ ၆၄% (၄၅၀၀၀၀ တန်) ဖြစ်တယ်။ ကျန်တဲ့ (၂၅၀၀၀၀ တန်) က အခြားဒေသတွေမှာ ဖြစ်တယ်။ ကီလိတ်ပုံစံနဲ့ ထုတ်လုပ်တဲ့တန်ချိန်က ၄၀၀၀၀ ဖြစ်ပြီး အများဆုံးသုံးတာက အမေရိကနဲ့ ဥရောပ နိုင်ငံတွေဖြစ်တယ်။ အိုင်ရင်း ကီလိတ်က စုစုပေါင်းကီလိတ်ရဲ့ ၅၀% ဖြစ်တယ်။ မဂ္ဂနိကီလိတ်က ၂၀% ရှိပြီး ဇင့်၊ ကောပါး၊ မက်ဂနီစီယံ နဲ့ ကယ်စီယံ(၄) မျိုးစုစုပေါင်းက ၃၀% ရှိတယ်။

အနည်းလိုအာဟာရမှာ ဈေးနှုန်းများတာတွေကို လူတိုင်းမသုံးနိုင်ပါ။ ဈေးကြီးတဲ့ ကီလိတ်ကို သုံးစွဲမှုဟာ အာရှမှာ စုစုပေါင်း သုံးစွဲတန်ချိန် ၄၅၀၀၀၀ ရဲ့ ၁% ပဲရှိတယ်။ တိုးတက်ဖွံ့ဖြိုးတဲ့ဒေသမှာ အနည်းလို အာဟာရသုံးစွဲမှု (၂၅၀၀၀၀ တန်) ရဲ့ ၁၅% ထိရှိပါတယ်။

ဇင့်ရဖို့ အများဆုံးသုံးတာကတော့ ဇင့်ဆာလ်ဖိတ်ပါ။ အာရှဒေသမှာ အများဆုံး သုံးပါတယ်။ နှစ်မကြာမီ ကတော့ ဥရောပနဲ့ အမေရိကနိုင်ငံတွေက ဇင့်အောက်ဆိုက်အခြေခံ ဇင့်မြေဩဇာတွေ ထုတ်လုပ်လာခဲ့ ကြပါတယ်။

ကမ္ဘာမှာ ဘိုရွန်ထုတ်လုပ်မှုရဲ့ ၂၅% ဟာ အမေရိက ကဖြစ်ပါတယ်။ သူတို့ထုတ်လုပ်တာရဲ့ ၅၀% ကို ပြည်ပပို့တယ်။ ဘိုရွန်ထုတ်လုပ်တဲ့ အခြားနိုင်ငံတွေကတော့ တရုတ်၊ ချီလီ၊ တူရကီ၊ အာဂျင်တီးနားနဲ့ ရုရှားနိုင်ငံတွေပါ။

၂၀၀၅ ခုနှစ်မှာ မဂ္ဂနိကီလိတ်(Mn EDTA) ရောင်းရမှု တန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ထိရှိပါတယ်။

အနည်းလိုအာဟာရဈေးကွက်၊ ရှေ့အလားလာ

တိုးတက်လာတဲ့ ကမ္ဘာ့လူဦးရေရိက္ခာဖူလုံဖို့အတွက် နှံစားသီးနှံထုတ်လုပ်မှုဟာ ၂၀၂၅ခုနှစ်မှာ ၁၉၉၅ ထွက်ရှိတာထက် ၅၉% ပိုလာဖို့လိုပါတယ်။ စပါးအဓိကစိုက်တဲ့ ဒေသတွေမှာ တော့ ၂၀၃၀ ပြည့်နှစ်မှာ စပါးကို ၃၈% ပိုထွက်ဖို့ လိုပါတယ်။ ထုတ်လုပ်မှုတိုးတက်ဖို့ အတွက် မြေဧရိယာတွေ တိုးချဲ့ရမဲ့အပြင် တစ်ဧက အထွက်နှုန်းပါ တက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်တယ်။ စပါးတစ်ဟက်တာရဲ့ အထွက်နှုန်းဟာ ၂၀၀၄ ခုနှစ်မှာ ၄တန်ထိ ရှိလာပါတယ်။ ၁၉၆၆ ခုနှစ်အထွက် တစ်ဟက်တာအထွက်နှုန်းရဲ့ ၂ဆ အထွက်နှုန်းတွေ တက်လာပါတယ်။ အထွက်ကောင်းမျိုးတွေ တိုးချဲ့ စိုက်ပျိုးလာတာကလည်း အထွက်နှုန်း တိုးစေတဲ့အချက်တစ်ရပ် ဖြစ်ပါတယ်။ မြေဧရိယာပဲ တိုးတိုး၊ တစ်ဧကထွက်ပဲ တိုးတိုး အာဟာရတွေကို သီးနှံတွေက စဉ်ဆက်မပြတ် ရယူနေကြတာဖြစ်တယ်။ အာဟာရချို့တဲ့ လာတာတွေလဲ တွေ့ရှိရပါတယ်။ မြေဧရိယာတိုးချဲ့ဖို့ မြေသစ်မြေရိုင်း ဖော်ထုတ်စိုက်တဲ့ နေရာဒေသတွေမှာ ဒေသအလိုက် အနည်းလို အာဟာရ ချို့တဲ့မှုတွေလဲ ဖြစ်လာပါတယ်။

မြေရိုင်းတိုးချဲ့ ဖော်ထုတ်လာတာကြောင့်  

(၁) ဘိုရွန်ချိုတဲ့မှုကို စူမာတြာ၊ မင်ဒနာအို၊ လာအို၊ ဟိုင်နန်နဲ့ ယူနန်ပြည်နယ်တွေမှာ တွေ့ခဲ့ရတယ်။

(၂) သံဓာတ်နည်းသွားတာကို စူမားတြား အနောက်ပိုင်းနဲ့ ထိုင်းနိုင်ငံ အလယ်မှာ တွေခဲ့ရတယ်။

(၃) ဇင့်ချို့တဲ့သွားတာကို တရုတ်ပြည်တောင်ပိုင်းဒေသနဲ့

(၄) ကော့ပါးချို့တဲ့ သွားတာကို အင်ဒိုနီးရှားမှာ တွေ့ခဲ့ရပြီးဖြစ်သည်။

လက်ရှိအခြေအနေအရ ရိက္ခာဖူလုံဖို့ မြေတိုးချဲ့စိုက်တာ အထွက်ကောင်းမျိုးတွေ စိုက်တာတွေဟာ ဆက်လက် ဆောင်ရွက်နေရဦးမှာဖြစ်ပြီး အဲလိုလုပ်တာနဲ့အမျှ ဒေသအသီးသီးရဲ့ မြေဆီလွှာမှာ အနည်းလိုအာဟာရ အပါအဝင် အာဟာရ မလုံလောက်တဲ့ပြဿနာက ရှိနေဦးမှာ ဖြစ်တယ်။ ပညာရှင်တွေကတော့ အနည်းလိုအာဟာရ ချို့တဲ့လာနိုင် မယ့် အခြေအနေကို လက်ရှိ အနည်းလိုအာဟာရ ချို့တဲ့မှုဖြစ်နေတဲ့နိုင်ငံ၊ သီးနှံတွေအပေါ်အခြေခံပြီး မှန်းဆမှုတွေ ပြုလာခဲ့ကြပါတယ်။

ဒီလိုချို့တဲ့နိုင်မယ့် အလားအလာအရ ချို့တဲ့မှုကို ဖြေရှင်းနိုင်ဖို့အတွက် အနည်းလိုအာဟာရတစ်ခုစီ လိုအပ်ချက်ကို တိုက်ရိုက်သုံးစွဲ ဖြည့်ဆည်းပေးတဲ့နည်းနဲ့ NPK ပါတဲ့ မြေဩဇာတွေမှာ ထပ်ထည့်တဲ့နည်း (enrichment or addition) ကို သုံးစွဲဖို့လိုလာမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အနည်းလိုအာဟာရတွေရဲ့ အရေးပါမှု၊ အနည်းလိုအာဟာရသုံးစွဲမှုကြောင့် ရရှိလာမယ့် အကျိုး ကျေးဇူး၊ ကုန်ကျစရိတ်နဲ့ စီးပွားရေးတွက်ချေကိုက်နိုင်မှုတို့ကို သုံးစွဲသူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဆွေးနွေးမှုတွေ ပိုပြီးပြုလုပ်ဖို့လိုလာပါတယ်။ မြေနဲ့သီးနှံတွေမှာ ချို့တဲ့မှုဖြစ်လာတာတွေကို စစ်ဆေးပြီးလိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ လုပ်ပေးရပါမယ်။

ဦးကျော်စိုး(Soil Scientist)

Ref: Micronutrients for Susatainable Food, Feed, Fibre and Bioenergy Production

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်