ငါး/ပုစွန်မွေးမြူရေးနှင့် ပတ်သက်သည့် နည်းပညာအကြံပေး အွန်လိုင်းဆွေးနွေးပွဲ

15/03/2024 13:37 PM တွင် ဗွေဆော်ဦး (Bwe Saw Oo) ဗွေဆော်ဦး (Bwe Saw Oo) မှ ရေးသား

ငါး၊ ပုစွန်တွေ ရှင်သန်ကြီးထွားနှုန်း ကောင်းမွန်စေဖို့ ဘယ်လိုနည်းလမ်းနဲ့ မွေးမြူရမလဲ..?

မွေးမြူကန်ထဲမှာကော ဘယ်လိုဓာတ်တွေရှိနေလဲ..?

သဘာဝကနေ အာဟာရကို လုံလုံလောက်လောက်မရခဲ့ရင် ငါး၊ ပုစွန်တွေက ဘယ်လိုတွေ ပြသနေတတ်လဲ..? ဆိုတဲ့ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးနိုင်မယ့် အခွင့်အရေးတစ်ခု ဗွေဆော်ဦးက ယူဆောင်လာပါပြီ။

အစီအစဉ်လေးကတော့ Zoom ဆော့ဝဲကနေ ကျင်းပမှာ ဖြစ်ပြီး ရေလုပ်ငန်းပညာရှင် ဆရာ ဦးသက်နိုင် (ငါး - ဦးစီး ငြိမ်း) နဲ့ ဆွေးနွေးခွင့် ရမှာပါ။

ဆွေးနွေးရဖို့အတွက် ဖော်ပြပါ Form  ကနေ စာရင်းပေးသွင်းလို့ရပါပြီရှင့်

https://us06web.zoom.us/meeting/register/tZIkdO2opz4vHtfugFHkR5hXQi_FvJeVsrSm


အချိန် - ည (၇) နာရီ

နေ့ရက် - ၂၂.၃.၂၀၂၃ (သောကြာနေ့)

နေရာ - Zoom Application 
(ဗွေဆော်ဦး  Fb Page ကနေလည်း တိုက်ရိုက် Live ထုတ်လွှတ်သွားပါမည်။)

ဘယ်သူတွေ လာရောက်ဆွေးနွေးကြမှာလဲဆိုတာ အစိမ်းရောင်လမ်းအဖွဲ့သားတွေသိရဖို့ Comment မှာ ပြောပြပေးသွားကြပါဦးနော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်