အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို (၃)

14/03/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၃)

စတီးဗီရားရွက်ချိုမှုန့်ပင်၏ အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်ဖ်မှိုကို အော်ဂဲနစ်မြေသြဇာ၊ အင်အော်ဂဲနစ်မြေသြဇာများဖြင့် တွဲသုံးပါ (အပိုင်း ၃)

ဒေသမျိုးအေအမ်အက်ဖ် ဇီဝနှိုးဆွမြေသြဇာဖြစ်စေ၊ ထိုးသွင်းအေအမ်အက်ဖ် ဇီဝနှိုးဆွမြေသြဇာဖြစ်စေ  အော်ဂဲနစ်၊ အင်အော်ဂဲနစ်မြေသြဇာများနှင့်တွဲသုံးပါက စတီးဗီရားရွက်ချိုမှုန့်ပင် အရွက်ထွက်အား ကောင်းစေသည်။

အေအမ်အက်ဖ်မှို၏ အပင်ကိုအကျိုးပြုသော အကြောင်းရင်းဖြစ်သည့် ဇီဝကမ္မဖြစ်စဥ်

အေအမ်အက်ဖ်မှိုကထုတ်သော ဟိုမုန်းဓာတ်သည် ပူးတွဲသုံးသော အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြုစွမ်းရည်ကို နှိုးဆော်သည်။ သို့ဖြစ်၍ အေအမ်အက်ဖ်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက် သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သဖြင့် အပင်ကို အကျိုးပြုအား ကောင်းစေသည်။

စတီးဗီရားရွက်ခြောက်တွင် ပါဝင်သော အာဟာရဓာတ်များ (မီလီဂရမ်/ဂရမ်)

စတီးဗီရားရွက်ခြောက်တွင်ပါဝင်သော အာဟာရဆိုင်ရာ မင်နရယ် (မီလီဂရမ်/ဂရမ်)

အေအမ်အက်ဖ်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းက ဘယ်လိုအကျိုးကျေးဇူးများရသလဲ..?

၁။ တစ်ပင်တွင်ပါဝင်သော အရွက်စို အလေးချိန်(ဂရမ်)အများဆုံးဖြစ်ခြင်း

၂။ အရွက်ထဲတွင်ပါသော ဖော့စပရပ် % တိုးလာခြင်း

၃။ အရွက်ထဲတွင်ပါသော မဂ္ဂနီဆီယမ် % တိုးလာခြင်း

အကျိုးကျေးဇူးအပေါ် ဆက်စပ်သုံးသပ်ချက်

ကိုးကား

Ahsan F. et al., Nutritional and Medicinal Properties of Stevia Rebaudiana. Curr Res Diabetes Obes J 13(4) July 16, 2020

Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်