ဇီဝမြေဩဇာများအသုံးချခြင်းဖြင့် ရွက်ချိုမှုန့်ပင် အချိုဓာတ်ပိုတိုးလာခြင်း

30/05/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၃)

အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံ အရည်အသွေးတိုးစေသည် (၅)

စတီးဗီးယားရွက်ချိုမှုန့်ပင်ဒြပ်ထုတိုးပြီး အချိုဓာတ်ပါဝင်မှု အရည်အသွေးမြင့်မားအောင် ဇီဝမြေသြဇာ အရောများ အသုံးချပါ။

ဇီဝမြေသြဇာအရောများ ဘာကြောင့်ကောင်းတာလဲ?

  • ၁။ အေအမ်အက်မှို (ဇီဝမြေသြဇာ)သည် ဂလိုမာလင်း (ဂလိုက်ကိုပရိုတင်း) နှင့် ဖိုက်တိုဟော်မုန်းဓာတ် ထုတ်သည်။
  • ၂။ ဂလိုမာလင်းသည် မြေဖွဲ့စည်းမှုကောင်းစေသည်။ အပင်မှဇီဝနှင့် အဇီဝဖိနှိပ်မှုဒဏ် (biotic and abiotic stress) တွန်းလှန်မှုတိုးစေသည်။ 
  • ၃။ အလားတူ အပင်ကြီးထွားစေသော ရိုက်ဇိုဘက်တီးရီးယား ဇီဝမြေသြဇာထဲမှ ဟော်မုန်းဓာတ်သည် ပူးတွဲသုံးသော အော်ဂဲနစ်နှင့်အင်အော်ဂဲနစ် မြေသြဇာများ၏ အပင်အကျိုးပြုစွမ်းရည်ကို နှိုးဆော်သည်။

ရွက်ချိုမှုန့်ပင်အရွက်များရှိ အချိုဓာတ်ပေးသော စတီးဗီရိုဆိုဒ်များ (stevioside) မြင့်လာစေသည့် အပင်ဇီဝနှိုးဆွသက်ရှိများ အေအမ်အက်ဖ်မှိုနှင့် အပင်ကြီးထွားမှုအားပေးသော ရိုက်ဇိုဘက်တီးရီးယားများ ပူးတွဲထိုးသွင်းခြင်း 

စတီးဗီးယား ရွက်ချိုမှုန့်ပင် Stevia rebaudiana ၏ အရည်အသွေးများ

စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် သဘာဝဇီဝနှိုးဆွပစ္စည်းများဖြစ်ကြသော အေအမ်မှိုနှင့် အပင်ကြီးထွားမှု အားပေးသော ရိုက်ဇိုဘက်တီးရီးယား၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ

စတီးဗီးယား ရွက်ချိုမှုန့်ပင်တွင် စုစုပေါင်း ကလိုရိုဖီးတိုးခြင်း     

ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

ဇီဝနှိုးဆွသက်ရှိများသည် စတီးဗီးယားရွက်ချိုမှုန့်ပင်၏ အရည်အသွေးများတိုးစေသည်ကို ကောင်းစွာ အသုံးချနိုင်ပါလျှင် ဆေးဖက်ဆိုင်ရာ အာနိသင်ပိုကောင်းစေပြီး ဆိုးကျိုးမရှိသောဂေဟမိတ်ဖက် ဇီဝနှိုးဆွဆေးဖြစ်လာပါမည်။ ဆေးဖက်ဝင်အခြားအပင်များတွင်လည်း သုံးနိုင်ကြောင်း ဖော်ပြထားကြသည်။

ကိုးကား

Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698

Vafadar F. et al.,  Effects of plant-growth-promoting rhizobacteria and arbuscular mycorrhizal fungus on plant growth, stevioside, NPK, and chlorophyll content of Stevia rebaudiana , Journal of Plant Interactions, 9:1, 128-136, (2014).

DOI: 10.1080/17429145.2013.779035

ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်