ဓာတ်မြေဩဇာတွေလိုမျိုးအစွမ်းထက်တဲ့ တီမြေဆွေး

06/06/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၄)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၆) 

အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု (၅ဝ%) လျှော့ချသုံးနိုင်ရန် ဇီဝနှိုးဆွတီမြေဆွေးနှင့် အခြားမြေဆွေးများ ဖြည့်စွက် အသုံးပြုပါ။

ဘာကြောင့် သုံးသင့်တာလဲ?

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) သုံးစွဲမှု လျှော့ချပြီး အပင်အတွက်လိုအပ်သော သတ်မှတ်နိုက်ထရိုဂျင် နှုန်းထားအတိုင်း(Recommended nitrogen dose, RND)   ပြန်လည်ရရှိရန် နိုက်ထရိုဂျင်ကြွယ်ဝသော မြေဆွေး (တီမြေဆွေး) ဖြင့် ဖြည့်စွက်သုံးခြင်းသည် မြေဆီသြဇာကောင်းခြင်း၊ စတီးဗီးယားပင်နှင့် အခြား အပင်များ ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကို တိုးစေသည်။ 

ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှုတိုး စေသော အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွ တီမြေဆွေးနှင့် အခြားမြေဆွေးများ ဖြည့်စွက်အသုံးပြုပါ။

တီမြေဆွေး၏ အပင်အကျိုးပြုဇီဝကမ္မဖြစ်စဥ်

အင်အော်ဂဲနစ်မြေသြဇာနှင့် တီမြေဆွေးမြေသြဇာ၏ စတီးဗီးယားအရွက်စိုအလေးချိန်ပေါ် အကျိုးပြုမှု

အင်အော်ဂဲနစ်မြေသြဇာနှင့် တီမြေဆွေးမြေသြဇာ၏ စတီးဗီးယားအရွက်ထွက်မှုပေါ် အကျိုးပြုမှု

တီမြေဆွေးမြေသြဇာ တစ်မျိုးတည်း၏ စတီးဗီးယားပင်ထွက်အပေါ် အကျိုးပြုမှု

အင်အော်ဂဲနစ်မြေသြဇာနှင့် တီမြေဆွေးမြေသြဇာ၏ မုန်လာဥအထွက်ပေါ်အကျိုးပြုမှု  

ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အက်ဆစ်မြေများတွင် အင်အော်ဂဲနစ် မြေသြဇာ ၅ဝ % လျှော့ချပြီး တီမြေဆွေးထည့်သုံးခြင်းသည် မြေထဲတွင် အော်ဂဲနစ်မက်တာနှင့် အာဟာရဓာတ်တိုးလာသည်။ သီးနှံအထွက်မကျစေဘဲ မြေကျန်းမာရေး ကောင်းလာစေသည့် နည်းလည်းဖြစ်သည်။

ကိုးကား

Kumar A  and  Gupta PK The effects of vermicompost on growth and yield parameters of vegetable crop radish (Raphanus sativus). Journal of Pharmacognosy and Phytochemistry 2018; 7(2): 589-592

Gayosso-Rodríguez S.Organic amendments in the growth of Stevia rebaudiana in Tabasco. Revista Mexicana Ciencias Agrícolas volume 14 number 3 April 01 - May 15, 2023

Shahrajabian, M.H.; Chaski, C.Polyzos, N.Petropoulos, S.A. Biostimulants Application: A Low Input Cropping Management Tool for Sustainable Farming of Vegetables. Biomolecules 2021, 11(5), 698; https://doi.org/10.3390/biom11050698

Zaman MM et al., Effects of combined application of chemical fertilizer and vermicompost on soil fertility, leaf yield and stevioside content of stevia. J Bangladesh Agril Univ 16(1): 73–81, 2018. DOI:10.3329/JBAU.V16I1.36484Corpus ID: 55199458

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်