ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ

09/04/2024 14:17 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမည့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၉၃)

စားမှိုစိုက်ပြီး ပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်စိုက်ခင်းများတွင် သုံးစွဲခြင်း (၁၄)

ခဲမြေအစားထိုး ကြီးထွားမီဒီယာအဖြစ် ကုန်ကျစရိတ်သက်သာသော စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး (သို့မဟုတ်) အုန်းခွံမှင်ဖတ် နှင့် ခဲမြေအရောကို ဒေသထွက် မိုက်ခရိုဂရင်း ကြီးထွားမီဒီယာအဖြစ် အသုံးပြုပါ။

အဘယ်ကြောင့်ဆိုသော် စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးသည် ကုန်ကျစရိတ် သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းတမျိုးဖြစ်သည်။ မြေဆွေးများကို သဘာဝအတိုင်း နေလှန်း၍ ပိုးသန့်ပြီး အသုံးပြုနိုင်သည်။ အော်ဂဲနစ်ပစ္စည်း ၂၅%နှင့် မြေပြုပြင်ရန် လိုအပ်သော အာဟာရများ ပါဝင်သည်။ ပွားစာမြေဆွေးကို မြေကြီးနှင့် ၅ဝး၅ဝ ရော၍ သုံးနိုင်သည်။ စားမှိုစိုက်ပြီး ပွားစာဟောင်း ၇၅% ကို ထည့်စိုက်ထားသော မြေစိုက်ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်ဟု သုတေသနပြုသူများက ဖော်ပြထားသည်။ မြေဆွေး၏အားနည်းချက် တစ်ခုမှာ ပျော်ဝင်လွယ်သော ဆားပါဝင်မှု မြင့်မားသည်၊

ခဲမြေသည် အာဟာရပါဝင်မှု မျှတသည်။ ခဲမြေတူးသည့်နေရာအတွက်  ကာဗွန် ထုတ်လုပ်မှုသည် မြင့်သည်။ ခဲမြေတူးသည့် နေရာသည် သတ်မှတ်ချက် များလာသဖြင့် ခဲမြေစျေးသည်လည်း တစတစ မြင့်တက်လာသည်။ မိုက်ခရိုဂရင်းများအတွက် အဏုဇီဝသက်ရှိ ညစ်ညမ်းမှုအရင်းအမြစ် ဖြစ်သည်။

စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးများတွင် ပျော်ဝင်လွယ်သောဆားပါဝင်မှု မြင့်မားခြင်းကို ထိန်းညှိပေးရန်  ခဲမြေကိုရော၍ အသုံးပြုသင့်သည်။ ခဲမြေလျှော့ချအသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုကို နည်းစေသည်။ ထိုကဲ့သို့ စားမှိုစိုက်ပြီး ပွားစာ မြေဆွေးကို ခဲမြေနှင့် ၅ဝ:၅ဝ အရောကို ခဲမြေ အစားထိုးမီဒီယာအဖြစ် အသုံးပြုခြင်းသည် မိုက်ခရိုဂရင်း စိုက်ပျိုးရေးအတွက် တပိုင်တနိုင်သာမက စီးပွားဖြစ်အတွက်ပါ အလားအလာ ကောင်းသည်။

စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးနှင့် ခဲမြေ အချိုးတူ အရောသည် ပဲနှင့် မုန်လာဥ မိုက်ခရိုဂရင်း အန်တီအောက်ဆီးဒန့် တိုးစေသည်။

စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးနှင့် ခဲမြေ အချိုးတူအရောသည် ဖီနော တိုးစေသည်။

စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး အချိုးအစားပိုသုံးလျှင် စပိုင်းနတ် မိုက်ခရိုဂရင်း အခါး သက်သာစေသည်။

ကြီးထွားမီဒီယာများဖြစ်သည့် ပတ်ချွိုင်၊ နံနံ မိုက်ခရိုဂရင်းတို့ရဲ့ ဓာတုပစ္စည်းပါဝင်မှုအပေါ်လွှမ်းမိုးမှု

ကြီးထွားမီဒီယာများ၏ မုံညင်း/ မုန်လာဥ မိုက်ခရိုဂရင်း ဓာတုပစ္စည်း ပါဝင်မှုအပေါ် လွှမ်းမိုးမှု

ကြီးထွားမီဒီယာများ၏ ပင်စိမ်း (အစိမ်း/အနီ) မိုက်ခရိုဂရင်း ဓါတုပစ္စည်းပါဝင်မှုအပေါ် လွှမ်းမိုးမှု

သုံးသပ်ချက်

စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးများသည် စက်ရုံထုတ်ကုန်များမှ ထွက်သော  ဘေးထွက်ပစ္စည်းများ ဖြစ်သည်။ ပြန်လည် အသုံးချနိုင်သော အော်ဂဲနစ်ပစ္စည်းများ ဖြစ်သည်။ စျေးသက်သာသည်။ ခဲမြေ အစားထိုးမီဒီယာများတွင် စက်ရုံထုတ် ဘေးထွက်ပစ္စည်းများ ရော၍ အသုံးပြုခြင်းသည် ပတ်ဝန်းကျင်အတွက် လုံခြုံ စိတ်ချရသည်။ ရေရှည်တည်တံ့သည်။ ဒေသအလိုက် အလွယ်တကူ ရသည်။ အကျိုးမပြု အန္တရာယ်ဖြစ်စေသော ဇီဝသက်ရှိများ ပွားများမှုကို ထိန်းသိမ်းနိုင်သည်၊ မိုက်ခရိုဂရင်းများ၏အရည်အသွေးကို ထိန်းသဖြင့်  အစားအစာ လုံခြုံစိတ်ချရ သည်။ မိုက်ခရိုဂရင်းများ၏အရည်အသွေးကို ထိန်းသိမ်းမှုဆိုင်ရာ ဘက်စုံလေ့လာမှုများ မြင့်မားလာသည်။ အားနည်းချက်တစ်ခုသည် သက်တမ်းတိုပြီး စိုက်ပျိုးရလွယ်သော မိုက်ခရိုဂရင်းများတွင် အပင်ရောဂါပြဿနာ ဖြစ်သည်။ ပတ်ဝန်းကျင် လုံခြုံစိတ်ချရသော ရိုးရှင်းသော ဖြေရှင်နည်းများကိုလည်း ရေးသားဖော်ပြကြရန် လိုအပ်သည်။ ၎င်းတို့ထဲမှ အခြေခံအကျဆုံး နည်းလမ်းမှာ အသုံးပြုသော ကြီးထွားမီဒီယာ အမျိုးအစား/အချိုးအစား ဖြစ်သည်။ အိမ်ခြံဝန်းများတွင်  တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ၊ ကျောင်းနေ ကလေးများအတွက် သင်ကြားရေး အထောက်အကူပြုသင်တန်း ဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများအနေဖြင့် မိမိစိတ်ဝင်စားသော လွယ်ကူ၍ကုန်ကျစရိတ်သက်သာသည့် မီဒီယာများကို သုံးစွဲကြရန် အကြံပြုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်