ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ

12/01/2024 17:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ငမြောင်တောင်ပိုးသည် လိပ်ပြာဖလံ အုပ်စုဝင်ပိုးဖြစ်ပါသည်။ ဘဝစက်ဝန်းအရ လောက်ကောင် (ဘောက်ဖတ်) အဆင့်တွင်သာ သီးနှံပင်များကို ဒုက္ခပေးသည်။ ဥ၊ ပိုးရုပ်ဖုံး၊ ဖလံ အကောင်ကြီး အဆင့်များသည် သီးနှံပင်အတွက် ဒုက္ခမရောက်နိုင်ပါ။

အပင်ကိုထိခိုက်သော လောက်ကောင် အဆင့်ဆင့်(instar) ကို အရောင်အနုအရင့်၊ အရွယ်အစား အကြီးအသေးပေါ်မူတည်ပြီး ခွဲခြားသည်။

လောက်ကောင် အရွယ်အစားကြီးပြီး အရောင်အရင့်များသည် ပိုးသတ်ဆေးဒဏ်ကို ပို၍ ခံနိုင်ရည် ရှိပါသည်။ 

  • ပုံအရ အစိမ်းရောင် (ကွင်းခတ်ထားသောအဆင့်) အရွယ်သေးသောအဆင့်များတွင် ပျော့သော ဆေးများကိုသာ သုံးပေးပါ။
  • အနီကွင်းခတ်ထားသည်ကို ဆေးအပြင်းများ သုံးရမည်။ ဆေးအပြင်းအပျော့ မခွဲတတ်ပါက အကြမ်းဖျင်းအားဖြင့်ဆေး ၂၅၀ စီစီ တစ်ဘူးလျှင် ၂၅၀၀၀ ကျပ်ကျော်သည်ဟုပြောလျှင် ပြင်းသည်ဟုသာ ယူဆလိုက်ပါ။

ဘယ် အေအိုင် အသေးစိတ်ဘာညာပြောရမည်ဆိုရင် မြန်မာပြည်အနေဖြင့် ဆေးအမျိုးအစားပေါင်းထောင်ချီရှိသဖြင့် ဖော်ပြရန်အဆင်မပြေ၍ ဖြစ်သည်။

ပိုးသတ်ဆေးများဖျန်းရာတွင် သူ၏ အာနိသင်ပိုထိရောက်ရန်အတွက် ကြိုက်သည့် ကော်ရည်တစ်ခုခု ထည့်ဖျန်းခြင်းဖြင့်  ဆေးအစွမ်းပိုထက်နိုင်ပါသည်။

ငမြှောင်တောင်အတွက် ဆေးဖျန်းချိန်ဆိုပါက ညနေ (၅) နာရီ နောက်ပိုင်းဖျန်းရမည်။ လ မပြည့်မီ ၁ - ၂ ရက်အလိုနှင့် လပြည့်နေ့၊ လပြည့်ကျော် ၁ -၂ ရက်နေ့များတွင် ဖလံများ မိတ်လိုက်တတ်သည့် သဘောရှိသည့်အတွက် ဥသေဆေး အာနိသင်ရှိ profenofos, indoxacarb, thiodicarb ပါသောဆေးတစ်မျိုးမျိုးကို တစ်ကြိမ် လောက်ဝင်ဖျန်းပြီးမှ အေအိုင်အပျော့များ လိုက်ရပါမည်။

ဆေးအပြင်းဖြစ်သည့် ဈေးကြီးသောအေအိုင်များ ဥပမာ Profenofos, Indoxacarb, Chlorantraniliprole, Cytranniliprole, Tetraniliprole, Flubendiamide) တို့ ကို အစောပိုင်းအဆင့် ပိုးကျနည်းသောအချိန်များတွင် ခဏခဏဖျန်းရန် အလွယ်မပေးစေလိုပါ။

ဆေးအပျော့ (Lamda, Emamectin, Cypermethrin သီးသန့်)များဖြင့်သာ ညှပ်သုံးပေးရမည်။

ထိုသို့လုပ်ခြင်းအားဖြင့် ကုန်ကျစားရိတ်သက်သာ၍ ဆေးယဉ်ပါးမှုကို လျှော့ချနိုင်စေပါသည်။ ကျွန်တော်တို့သည် အမြန်သေစေသည့် ဆေးအပြင်းများကို တစ်ခါတည်းအသုံးပြုလိုက်ပါက ပိုးမှာနောက်ရာသီများတွင် ဆေးကို ပိုမိုခံနိုင်ရည်ရှိလာမည် ဖြစ်ပါသည်။

ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ပိုးဒဏ်ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းပြုလျက် 

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်