အစိမ်းရောင်လမ်းရဲ့ အစိမ်းရောင်မှတ်တမ်း တရားဝင်မိတ်ဆက်ခြင်းအခမ်းအနား✨

21/11/2022 11:51 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

📱ဖုန်းလေးတစ်လုံးရှိရုံနဲ့ စိုက်ပျိုးမွေးမြူရေး နည်းပညာတွေကိုလေ့လာပြီး စိုက်မွေးပြဿနာတွေကို တိုင်ပင်လို့ရနေတဲ့ အစိမ်းရောင်လမ်း စိုက်မွေးဖုန်းဆော့ဝဲမှာ တောင်သူများအတွက် အမှန်တကယ် အကျိုးရှိစေမဲ့ အစိမ်းရောင်မှတ်တမ်းဆိုတဲ့ ကဏ္ဍလေးတစ်ခုလည်း ရှိပါတယ်။

ဒီအစိမ်းရောင်မှတ်တမ်းထဲမှာဆိုရင် 

 ✅ စိုက်ခင်း၏ သွင်းအားစုကုန်ကျစရိတ်များကို အလွယ်တကူမှတ်သားကာ 

 အကျိုးအမြတ် အတိအကျ သိရှိနိုင်ခြင်း

✅ ကန်ထရိုက်တာများနှင့် အဖွဲ့အစည်းများအတွက် ၎င်းတို့၏ တောင်သူများကို အမြဲစောင့်ကြည့် စစ်ဆေးနိုင်မည့် Dashboard  ပါဝင်ခြင်း

✅ မိမိ၏ စိုက်ခင်းဧရိယာကို လွယ်ကူရိုးရှင်းစွာ တိုင်းတာနိုင်ခြင်း

✅ စိုက်ခင်း၏ ထွက်ကုန်များတွင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်များကို ခြေရာခံနိုင်မည့် QR code ထုတ်နိုင်ခြင်း

စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ 

ဒီလိုလုပ်ဆောင်ချက်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို အစိမ်းရောင်လမ်းက နိုဝင်ဘာ ၂၂ ရက် (အင်္ဂါနေ့) မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်လို့ စိတ်ပါဝင်စားသော တောင်သူဦးကြီးများ၊ စိုက်မွေးနယ်ပယ်မှ ပညာရှင်များ၊ ကုမ္ပဏီများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကျောင်းသားကျောင်းသူများနဲ့ နယ်ပယ်ဒေသ အသီးသီးမှ စိတ်ပါဝင်စားသူများ တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါတယ်။

အခမ်းအနားအစီအစဉ်

နေ့ရက်။ ။ နိုဝင်ဘာ ၂၂၊ ၂၀၂၂ (အင်္ဂါနေ့)

အချိန်။ ။ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီ ၃၅ မိနစ် (မြန်မာစံတော်ချိန်)

နေရာ။ ။ Zoom / Facebook (live)

Zoom ဖြင့် အခမ်းအနားတက်ရောက်လိုပါက  အောက်ဖော်ပြပါ Link တွင် ကြိုတင်စာရင်းပေးပြီး Zoom Link ရယူနိုင်ပါတယ်။

https://us06web.zoom.us/.../reg.../WN_peKtl-AGSgag1w-gm6YSRg

အခမ်းအနားနှင့် ပတ်သက်၍ သိလိုသည်များနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်း ၀၉-၇၆၅၄၀၈၆၂၁ သို့မဟုတ် email: admin@greenwaymyanmar.org သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်



(English Version)

🍀 Greenovator has got its team named Green Way that works day in and day out to make sure every stakeholder in the agriculture sector gets the best out of the services to resolve their challenges. Each of the people reading this are cordially invited to the official virtual launch event of our brand new innovative features for Asein Yone Mat Tan i.e.

✅ Digital Farming Record

✅ Land Area Measurement (Geo-mapping)

✅ Dashboard access

✅ QR Codes on Green Way app on 22nd November 2022.

The event can only get better with your presence and attention. Do click the register link to witness for yourself and make it worthy!

⏰ Details of “Asein Yone Mat Tan Virtual Launch Event”

Date: November 22, 2022 (Tuesday)

Time : 10:00 A.M. to 12:35 P.M. (Myanmar Time) 

Place : Zoom

Agenda summary are as follows;

- Opening speech

- Introduction of Green Way application

- Official launch event of new features added to Asein Yone Mat Tan

- Sharing users’ experiences of using Asein Yone Mat Tan on Green Way application

- Closing speech

Please register in advance for the meeting confirmation and zoom meeting access link in the link below.👇

https://us06web.zoom.us/.../reg.../WN_peKtl-AGSgag1w-gm6YSRg

Kindly reach out to us via phone 09-765408621 or email: at admin@greenwaymyanmar.org if you have any questions or concerns about the event.


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်