ဩစတြေးလျနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များနှင့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများ အွန်လိုင်းဆွေးနွေးပွဲ

09/02/2026 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ပျိုးမွေးမြူရေးပညာရှင်များဟာ ... 🧑‍🎓🧑‍🎓

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ ကဏ္ဍကနေ တည်ရှိနေကြောင်းကို မီးမောင်းထိုးပြကာ ဆွေးနွေးသွားမည့် ဆရာကြီး ဒေါက်တာ Myo Kywe ၏ အွန်လိုင်းဆွေးနွေးပွဲ

စိုက်ပျိုးမွေးမြူရေးကို အခြေခံကာ နိုင်ငံ့စီးပွားရေးကို အဓိကလုပ်ဆောင်နေကြခြင်းတူနေသည့် 

🌱 ဩစတြေးလျနိုင်ငံ၏ စိုက်ပျိုးရေးမွေးမြူရေးအခြေအနေ 

🌱 လက်ရှိကျင့်သုံးနေသော ခေတ်မီစိုက်မွေးနည်းစနစ်များ

🌱 ဖွင့်လှစ်သင်ကြားပေးနေသာ စိုက်မွေးတက္ကသိုလ်များ

🌱 မြန်မာနိုင်ငံသားများရရှိနိုင်သည့် ပညာသင်ဆုအခွင့်အလမ်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို 

ယခုလက်ရှိ ဩစတြေးလျနိုင်ငံတွင် ခတ္တနေထိုင်နေသော ဆရာကြီး၏ အမြင်များအပြင် 

🧑‍🎓၁၉၈၇-၈၉ ခုနှစ် ကွင်းစလန်တက္ကသိုလ်၌ မဟာစိုက်ပျိုးရေးပညာဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့စဉ် ကြုံတွေခဲ့ရသော အတွေ့အကြုံ

👨‍🏫၂၀၂၆ ခုနှစ် လက်ရှိဆစ်ဒနီတက္ကသိုလ် စိုက်ပျိုးမွေးမြူရေးပညာဌာနများ လေ့လာရေး အတွေ့အကြုံများကိုပါ ဆွေးနွေးဖလှယ်တင်ပြသွားမယ့် အွန်လိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကျင်းပသွားမှာမို့လို့... 

✅ ဩစတြေးလျနိုင်ငံ လက်ရှိကျင့်သုံးနေတဲ့ စိုက်ပျိုးနည်းစနစ်များ 

✅  ပြောင်းလဲတိုးတက်နေသော နည်းပညာများနဲ့ ပို့ချသင်ကြားပေးနေသော ဘာသာရပ်များကို စိတ်ဝင်စားသူတိုင်း 

အောက်ပါ Link ကနေ Register လုပ်ဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်ရှင့်

https://us06web.zoom.us/meeting/register/8oLf_LSxQp2Ei-N7XBVNKQ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်