ဝက်ငယ်တွေသားခွဲဖို့သိထားသင့်တဲ့ အချက်များ

28/02/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဝက်ငယ်တွေရဲ့ အဟာရလိုအပ်ချက်က နို့ပေါ်မှာ မီခိုမနေတဲ့အတွက် အစာလုံလုံရရှိပါက သားခွဲပေးနိုင်ပါတယ်။ ဒါပေမဲ့ မိခင်နဲ့ သားသမီးရဲ့ သံယောဇဥ်ကြောင့် စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။ စောစောသားခွဲလေ ဝက်ငယ်လေးတွေ ပိုခံစားရလေဘဲဖြစ်ပါတယ်။ အာဟာရဖိစီးမှုက ရုတ်တရက် နို့ဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဝက်ငယ်အသက်ငယ်လေ နို့မှရတဲ့ အာဟာရက အရေးကြီးလေပါ။ ဒါဆို ဝက်ငယ်တွေသားခွဲစဥ် စိတ်ဖိစီးမှု နည်းစေရန် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။

(၁) ရာသီဥတုပူတဲ့ ပတ်ဝန်းကျင်မှာ (၇)ပတ်သား ရောက်မှ သားခွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံမှာ နည်းပညာမပြည့်စုံခြင်း၊ နို့မှုန့်ဈေးကြီးတဲ့ အတွက် ဝက်ငယ်စာထောက်ပံ့ဖို့ခဲယဥ်းခြင်းနဲ့ အစာတောင့် ပြုလုပ်ရန် မဖြစ်နိုင်အတွက်ကြောင့်ပါ။ ဒီပြဿနာတွေမရှိဘူးဆိုရင်တော့ ၅ပတ်သားအရွယ်ထဲကစပြီး ဂရုတစိုက်နဲ့ သားခွဲပေးနိုင်ပါတယ်။

(၂) သားခွဲရာမှာ ဝက်မကြီးကို လှောင်အိမ်ထဲကနေဖယ်ပေးလိုက်ခြင်းဖြင့် သားခွဲနိုင်ပါတယ်။ ဝက်ငယ်တွေကို ခြံထဲမှာ ၁ပတ်လောက်ထားပေးရမယ်။ ပထမဆုံး ၂ရက်ကတော့ အစာစားနှုန်း အတူတူဘဲဖြစ်တဲ့အတွက် ၃ရက်မြောက်နေ့မှာ ဝက်ငယ်စာနဲ့ ဝက်လတ်စာ ကိုရောကျွေးရပါမယ်။ နေ့စဥ် ဝက်လတ်စာကို တိုးကျွေးနေပြီးတော့ တစ်ပတ်အကြာမှာ ဝက်ငယ်တွေကို ဝက်လတ်ခြံထဲကို ပြောင်းထည့်ပေးရပါမယ်။

(၃) ဝက်လှောင်အိမ်ကို ဝက်ငယ်တွေမထည့်ခင် ၁၅ရက်ခန့်ဘားမှမထည့်ဘဲ သန့်ရှင်းရေးပြုလုပ် ထားရ  

ပါမယ်။

သမပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ အသက်(၃)ပတ်မှာ သားခွဲပေမယ့် အပူပိုင်းဒေသထဲမှာတော့ ထည့်သွင်းစဥ်းစားခြင်းမရှိပါ။ ၃ပတ်မှာ သားခွဲမယ်ဆိုရင် အမြင့်ဆုံးအရည်အသွေးရှိတဲ့ နို့အစားထိုးပစ္စည်းတွေလိုအပ်ပါတယ်။

နို့ပေးကာလကြာရှည်ခြင်းက နှစ်စဥ်ဝက်ငယ်သားခွဲ ကောင်ရေကို နည်းစေပါတယ်။ ဒီလိုဖြစ်ရခြင်းက နည်းပညာအသစ်များကို အသုံးချမှုနည်းခြင်းနဲ့လည်းဆက်စပ်မှု ရှိပါတယ်။

အပူပိုင်းဒေသမှာ အသက်ငယ်ငယ်နဲ့ သားခွဲပေးခြင်းက ကြီးထွားမှုကို နှေးစေပြီးသေနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းတို့ကိုပါ မြင့်မားစေပါတယ်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်