အစားထဲက ပိုးတွေ(၂).........နှမြောစာတွေမစားပါနဲ့

01/10/2019 14:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အရင်နေ့က အပိုင်း (၁) တင်ပေးတာ  စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ကို ဖတ်ကြည့်ကြရအောင်။

Bacillus cereus

   ဘယ်နေရာတွေမှာ တွေ့ရလဲဆိုရင်တော့ ဆန်တွေ၊ ထမင်းတွေမှာတောင် နေနိုင်ပါတယ်။ စွတ်ပြုတ်တွေ အချဉ်ရည်တွေ စတဲ့ အစားအစာတွေကို အခန်းအပူချိန်ထဲမှာ အချိန်တော်တော်ကြာကြာ ထားထားတယ်ဆိုရင် အဲ့ဘက်တီးရီးယားတွေ ရှိလာနိုင်ပါတယ်။ 

   ကူးစက်ပြီး တိုက်ခိုက်ခံရရင်  (၆)နာရီကနေ (၁၅)နာရီအတွင်း ဝမ်းသွားပါမယ်။ နာရီဝက်ကနေ (၆) နာရီအတွင်းမှာ ပျို့အန်တာတွေဖြစ်ပါမယ်။ ဗိုက်နာ ဗိုက်အောင့်ဖြစ်ပါမယ်။ အဲ့လို ဖြစ်ရင် ဘယ်လောက်ကြာမလဲ ဆိုတော့ (၂၄) နာရီကြာမှာပါ။ 

   ဘာလုပ်သင့်လဲ မေးလာရင်တော့ ဝမ်းသွားလို့ အော့အန်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်အောင် အရည်များများဝင်အောင်လုပ်ပါ။ ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင်တော့ အအေးစားရမဲ့အရာကို အအေးအတိုင်း၊ အပူစားရမဲ့အရာကို အပူအတိုင်းပဲ ထားပြီးတော့ စားသုံးဖို့ဖြစ်ပါတယ်။ နှမြောစာတွေ မစားပါနဲ့။

Botulism

   မွေးကင်းစကလေးတွေကို ကူးစက်တတ်ပါတယ်. ဆိုတော့ ကြောက်ဖို့ကောင်းပါတယ်။ ကလေးတွေကို ပျားရည်နဲ့ ပျားရည်ထုတ်ကုန်ပစ္စည်းတွေကနေတစ်ဆင့် ကူးစက်တာပါ။ ပျားရည်စိမ်ထားတဲ့ ချိုလိမ်တွေကနေ ကူးစက်ပါတယ်။ ကလေးခပ်ငယ်ငယ်တွေနဲ့ လူကြီးတွေဆိုရင် ပျားရည်ပါတဲ့ စည်သွပ်ပစ္စည်းတွေကို ကျွေးတဲ့အခါမျိုး၊ အချဉ်ပေါက် အသီးအရွက်တွေ၊ ငါးတွေ ကျွေးတဲ့အခါမျိုး၊ ခဲပတ် အာလူးဖုတ်တွေ၊ ချိစ့်၊ အသင့်စား စည်သွပ် ကြက်သွန်ဖြူတွေကနေ ကူးစက်ပါတယ်။

   မွေးခါကစကလေးတွေကို ကူးစက်ဖို့ (၃)ရက်ကနေ ရက် (၃၀)လောက် ကြာတာဖြစ်ပြီးတော့၊ ကလေးတွေနဲ့ လူကြီးတွေကို ကူးစက်ဖို့ ဆိုရင်တော့ ၁၂ နာရီကနေ ၇၂ နာရီ ကြာပါတယ်။ ကူးစက်ခံရပြီဆိုရင် ဖျားတာနာတာကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။

   တိုက်ခိုက်ခံရပြီဆိုရင်တော့ နို့စို့ကလေးတွေမှာ ခေါင်းမကောင်းတာ၊ နို့မစို့တာ အစားမစားတာ၊ ငိုသံမထွက်တာ၊ အရေပြားလေးတွေ လျော့တွဲကျနေတာမျိုးတွေ ဖြစ်မှာပါ။ ကလေးနဲ့ လူကြီးတွေမှာဆိုရင် အမြင်နှစ်ထပ်တွေဖြစ်မယ်။ ဝါးမယ်။ မျက်ခွံတွေလေးမယ်။ စကားပြောရင် မပီဘူး။ အစာတွေ မျိုချရတာခက်တယ်။ ပါးစပ် အာခေါင်တွေ ခြောက်ပြီးတော့ ကြွက်သားတွေ အားမရှိ ဖြစ်တတ်ပါတယ်။ 

   ကူးစက်တိုက်ခိုက်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကြိုတင်ကာကွယ်ဖို့ဆိုရင် အသက် (၁၂)လအောက် ကလေးတွေကို ပျားရည်နဲ့ အခြေခံပြုလုပ်ထားတဲ့ ချိုလိမ်တွေပေးမတပ်ပါနဲ့။ ကူးစက်တတ်တဲ့ အစားအသောက်တွေကို စားတဲ့အခါ၊ စည်သွပ်အစားအစာတွေကို စားတဲ့အခါမှာ သတိထားပြီးစားပေးပါ။

Salmonella

   အစားအသောက်တွေထဲမှာဆိုရင် ဟင်းသီးဟင်းရွက်တွေ၊ ကြက်သား၊ ဝက်သား၊ အသီးတွေ၊ အစေ့အဆန်တွေ၊ ကြက်ဥ၊ အမဲသား နဲ့ ဂေါ်ဖီလို အလုံးလေးတွေပါတဲ့ အပင်မျိုး (မြန်မာမှာတော့မရှိသေးပါဘူး) အဲ့ဒါတွေကနေ ကူးတတ်ပါတယ်။ တွားသွားတဲ့ သတ္တဝါတွေ - မြွေ၊ ရေလိပ်၊ ဖွတ်၊ ပဒက်၊ ဖား စတဲ့အကောင်တွေ၊ ပြီးတော့ ငှက်တွေ (ငှက်ပေါက်) နဲ့ အိမ်မွေး တိရိစ္ဆာန် အကောင်လေးတွေနဲ့ သူတို့ရဲ့အစာတွေကနေ ကူးနိုင်ပါတယ်တဲ့။ 

   ဘယ်လောက်ကြာမလဲ ဆိုတော့ (၁၂) နာရီကနေ (၇၂) နာရီ လောက်ကြာတတ်ပါတယ်။ အဲ့အချိန်ပြည့်ပြီးရင် ပြတဲ့ လက္ခဏာတွေထဲမှာ ဝမ်းသွားမယ်၊ ဖျားမယ်၊ ဗိုက်(အစာအိမ်) အောင့်မယ်၊ အော့အန်မယ်။ အဲ့လို ခံစားရမှာ (၄) ရက်ကနေ (၇)ရက်လောက် ကြာနိုင်ပါတယ်။ 

   လုပ်ရမှာကတော့ အရည်များများဝင်အောင် လုပ်ဖို့ပါပဲ။ ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ အန်တီဘိုင်အိုတစ်လေးတွေ သုံးနိုင်ပါတယ်။ ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာဖို့တော့ လိုပါတယ်။ 

   ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင်တော့ မကျက်တကျက် ကြက်ဥ၊ မကျက်တကျက် အမဲသား၊ မကျက်တကျက် ကြက်သားတွေကို မစားဖို့နဲ့ နွားနို့ဆိုရင် ကျိုချက်ပြီးမှ သောက်ဖို့ အကြံပေးပါတယ်။ အကောင်ပလောင်လေးတွေ ကိုင်ပြီးရင် လက်သေချာဆေးပါ၊ အစားမစားခင် အစားအစာတွေ ပြင်ဆင်တော့မယ်ဆိုရင် လက်ကို သေချာပြောင်စင်အောင် ဆေးပေးပါ။ 

ထွန်းဝင်းကျော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်