သီးထိုးယင်ထောင်ချောက်အတွင်း ထည့်ရသည့် မျှားစာရည်ပြုလုပ်နည်း

29/09/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်ခင်းများတွင် ကျရောက်သော အင်းဆက်ပိုးမွှားများကို ပိုးသတ်ဆေးများဖျန်း၍ နှိမ်နင်းကာကွယ်နိုင်သည်။ သို့ရာတွင် အချို့သော အင်းဆက်ပိုးများကို ဆေးဖျန်းကာကွယ်ရန်ခက်ပြီး မြင်တွေ့ဖို့ပင်မလွယ်ကူပါ။ ထို့ကြောင့် မျှားစာဖြင့် ထောင်ချောက်ဆင်၍ သုတ်သင်ရမည်ဖြစ်သည်။ ထို့ကြောင့် အသီးများမမှည့်မီ တစ်လခွဲ၊ ၂ လ အလိုမှစကာ သခွားမွှေးသီး စိုက်ခင်းများအတွင်းတွင် မျှားစာထောင်ချောက်များကို တပ်ဆင်အသုံးပြုပါ။ အရွယ်ရောက်အကောင်ကြီးများကို အနံ့ဖြင့် ဆွဲဆောင်နိုင်ရန်အတွက် ထောင်ချောက်များကို သခွားမွှေးသီး စိုက်ခင်း၏ လေတိုက်ရာဖက် လေတင်တွင် အနှံ့အပြားချိတ်ဆွဲထားရန်ဖြစ်သည်။ ထောင်ချောက်များမှ အနံ့များလေအောက်ဖက် သခွားမွှေးသီး စိုက်ခင်းအတွင်းမှ ပျံ့နှံ့သွားစေပြီး သခွားမွှေးသီး စိုက်ခင်းအတွင်းမှ သီးထိုးယင်များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

သီးထိုးယင်ထောင်ချောက်ပြုလုပ်နည်းကို အောက်ကလင့်ခ်မှာဖတ်နိုင်ပါတယ်။

https://greenwaymyanmar.com/posts/how_to_make_fruit_fly_trap

ထောင်ချောက်အတွင်းထည့်ရသည့် မျှားစာရည် ပြုလုပ်နည်းမှာ

နည်းလမ်း(၁) 

ဗင်နီလာအမွှေးရည် (၁.၅) လက်ဖက်ရည်ဇွန်း (၇ စီစီ)

ကျင်ငယ်ရည် (၀.၅) ခွက် (၁၀၀ စီစီ)

သကြား (၆) ကျပ် (၁၀၀ ဂရမ်)

ဆေးဂန္ဓမာပွင့် (၀.၅) ကျပ်သား (၁၀ ဂရမ်)

ရေ (၁) လီတာ

ဆေးဂန္ဓမာအပွင့်အခြေက် (၀.၅) ကျပ်သားကို အမှုန့်ထောင်းပြီး အသုံးပြုရန် ဖြစ်ပါသည်။ ကျင်ငယ်ရည် အနေဖြင့် နွားကျင်ငယ်ရည်ကို အသုံးပြုနိုင်သလို လူကျင်ငယ်ရည်ကိုလည်း အသုံးပြုနိုင်ပါသည်။ ဖော်ပြပါပစ္စည်းများကို ရေတစ်လီတာတွင် အချိုးကျရောစပ်ပေးရမည်ဖြစ်ပါသည်။ ဖျော်စပ်ရရှိသော အရည်ကို ထောင်ချောက်ဘူးများတွင် ၅၀ စီစီ သို့မဟုတ် ပရုတ်ဆီဘူး ၂ ဘူးစာခန့်ထည့်ပြီး အသုံးပြုပါ။

နည်းလမ်း (၂) 

လိမ္မော်သီး၊ သခွားမွှေးသီး အမှည့်အသား (၁) ခွက်စာ (၂၀၀) စီစီ

ကျင်ငယ်ရည် (၁၀၀) စီစီ

ရေ (၅၀၀) စီစီ

 လိမ္မော်သီး၊ သခွားမွှေးသီးအမှည့်တို့၏ အသားသက်သက်ကို လက်ဖက်ရည်ခွက် တစ်ခွက်စာ ချေမွပါ။ ရေ (၅၀၀) စီစီတွင် ကျင်ငယ်ရည် (၁၀၀) စီစီထည့်မွှေပြီး သစ်သီးသား အမှည့်အသားများကိုထည့်ကာ ရောမွှေသမပါ။ ၎င်းဖျော်ရည်ကို တစ်ညသိပ်ထားပြီးနောက် ရေ ၁၅ လီတာနှင့် ရောစပ်အသုံးပြုနိုင်ပါသည်။ ထောင်ချောက်တစ်ခုလျှင် ၁၅၀ စီစီခန့် ထည့်သွင်းအသုံးပြုပါ။

နည်းလမ်း (၃) 

သခွားသီး အမှည့် (၁) ခွက် (၂၀၀) စီစီ

ပျားရည် (၁) ခွက် (၂၀၀) စီစီ

ဗယ်နီလာ အမွှေးရည် (၁) ဇွန်း (လက်ဖက်ရည်ဇွန်း) ၅စီစီ

ဆေးဂန္ဓမာအပွင့် ၀.၂၅ ကျပ်သား (၅) ဂရမ်

ရေ (၁၀) လီတာ

ဆေးဂန္ဓမာအပွင့် အခြောက် (၀.၂၅) ကျပ်သားကို အမှုန့်ထောင်းပြီး ရေတစ်လီတာတွင် ရောမွှေသမပါ။ ဆေးဂန္ဓမာအပွင့်အမှုန့်များ သမသွားပြီဆိုမှ ကျန်အမယ်များကို အချိုးကျကျထည့်ကာ ရောမွှေသမပေးပါ။ ရေ ၁၀ လီတာကို နည်းနည်းချင်းထည့်၍ မွှေပေးခြင်းဖြင့် ကောင်းစွာသမစေပါသည်။ ထောင်ချောက်တစ်ခုလျှင် ၁၅၀ စီစီထည့်၍ အသုံးပြုပါ။

နည်းလမ်း (၄) 

ပင်စိမ်းရွက် (၁.၅) ကျပ်သား ၂၅ ဂရမ်

သံပရာရည် (၁၃) ဇွန်း (ထမင်းစားဇွန်း) ၂၀၀ စီစီ

ဆေးဂန္ဓမာအပွင့်/ ဆေးရွက်ကြီးမှုန့် (၁) ဇွန်း ထမင်းစားဇွန်း

ရေ (၂၀၀) စီစီ

ပင်စိမ်းရွက် (၁.၄) ကျပ်သားကို ထုထောင်းချေမွ၍ ရေ ၁၀၀ စီစီတွင် ဖျော်စပ်ထားပါ။ ဆေးဂန္ဓမာ အပွင့်မှုန့် သို့မဟုတ် ဆေးရွက်ကြီးမှုန့် တစ်ဇွန်း (ထမင်းစားဇွန်း) ကိုကျန်၍ ၁၀၀ စီစီတွင် သမအောင်မွှေပေးပါ။ ထို့နောက်ဖျော်ရည်နှစ်မျိုးကို ရောစပ်ပြီး သံပရာရည် ၁၃ ဇွန်းထပ်မံရောစပ်၍ အသုံးပြုပါ။

ဤမျှားစာဖျော်ရည်ကို အဝကျယ်ပလတ်စတစ်ခွက်၊ အုန်းမှုန့်ခွက်များတွင် ထည့်၍သခွားမွှေးသီးခင်း အနီးတွင် ဝါးတိုင်/ တုတ်တိုင်ထောင်ကာ ချိတ်ဆွဲထားပေးပါ။

တစ်ပတ်တစ်ကြိမ်စာ မျှားစာဖျော်ရည်ကို လဲလှယ်ပေးပါ။ သခွားမွှေးသီးပင် အရွယ်အစားလိုက်၍ တစ်ပင်လျှင် ၃ ခုမှ ၅ ခုအထိ ချိတ်ဆွဲထားပါ။

နည်းလမ်း (၅)

လက်ဖက်ရည်ကြမ်း (၁) ခွက် (၂၀၀ စီစီ)

ရှာလကာရည် (၁) ခွက် (၂၀၀ စီစီ)

ပျားရည် (၁) ဇွန်း (ထမင်းစားဇွန်း)

ရေ (၂) ခွက် (၄၀၀ စီစီ)

ပလတ်စတစ်ရေသန့်ဘူးတစ်ဘူးတွင် အောက်ခြေမှ ၃ လက်မ အကွာတွင် ၀.၂၅ လက်မအရွယ် အပေါက် ၄ ပေါက်ဖောက်ပါ။ အပေါက်များတွင် အချိုရည် ပိုက်အကြီးတစ်လက်မအရှည်ဖြတ်၍ ထည့်ပေးပါ။ အထက်ဖော်ပြပါ ပစ္စည်းများကို အချိုးကျဖျော်စပ်ပေးပြီး ပုလင်းအဝမှနေ၍ တစ်လက်မထုရရန် လောင်းထည့်ပေးပါ။ ထို့နောက် အဖုံးပိတ်၍ သခွားမွှေးသီးပင်အနီးတွင် ထောင်ထားသော ဝါးတိုင်တွင် ချိတ်ဆွဲပေးပါ။ တစ်ပတ်လျှင် ၃ ခုမှ ၅ ခုထိ ချိတ်ဆွဲထားပါ။

နည်းလမ်း (၆) 

သစ်သီးမှည့်ဖျော်ရည်တွင် သကြားအနည်းငယ်ဖြည့်စွက်ထားပြီး နည်းလမ်း ၅ တွင်ဖော်ပြထားသော ပလတ်စတစ်ရေသန့်ဘူး ထောင်ချောက်တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ဒေါက်တာကိုကို ရေးသားသော အရည်အသွေးကောင်း သခွားမွှေးသီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နည်း စာအုပ်မှ ဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်