အစိမ်းရောင်ရွှေ (သို့) ဝါးကို ဘယ်လိုမျိုးပွားမလဲ

09/10/2018 16:08 PM တွင် BIF BIF မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

ဝါးပင်အား မျိုးပွားခြင်းနည်း (၂) နည်းရှိပါသည်။ ၎င်းတို့မှာ-
 (က) ဝါးစေ့ကို အသုံးပြု၍မျိုးပွားခြင်း
 (ခ) ခန္ဓာပိုင်းများကိုအသုံးပြု၍မျိုးပွားခြင်းဟူ၍ဖြစ်သည်။
ဝါးစေ့သည် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာရရှိနိုင်သည့်အတွက် အချိန်တိုင်း (သို့) နှစ်စဉ်ဝါးစေ့မှ မျိုးပွားရယူနိုင်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ဝါးများကိုမျိုးပွားနည်းကိုအဓိကအသုံးချ မျိုးပွားနိုင်သည်။
၁။ ဝါးစေ့ကိုအသုံးပြု၍မျိုးပွားခြင်း (Reproductive Propagation)
ဝါးစေ့များပျိုးထောင်ရန် မျိုးဖောက်ဘောင်ပြုလုပ်ခြင်း (Germination bed preparation) ဝါးစေ့များကို မျိုးဖောက်ရန် အကျယ် (၄)ပေ၊ အလျား (၂၀)ပေ၊ နှင့် အမြင့် (၈)လက်မခန့့်ရှိ မျိုးဖောက်ဘောင်များကို နေရောင်ခြင်းကောင်းစွာရရှိပြီး၊ ရေမဝပ်သည့် မြေနေရာတွင်ပြုလုပ်ထားရပါမည်။ မျိုးဖောက်ပေါင်အတွင်း သဲ၊ ဖွဲပြာနှင့် မြေဆွေး တို့ကို (၅:၃:၂) အတိုင်းရောစပ်၍ မျိုးဖောက်ဘောင်အတွင်းတွင် ထည့်သွင်းပြီး မျက်နှာပြင် ညီညာစေရန်ညှိပေးရပါမည်။
၂။ ဝါးပင်ပိုင်း (ခန္ဓာပိုင်း) မျိုးပွားခြင်း (Vegetative propagation)
    အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် လွယ်ကူထိရောက်သော ဝါးခန္ဓာပိုင်းမျိုးပွားခြင်း နည်းစနစ် (၄)မျိုးရှိသည်။ ၎င်းတို့မှာ-
    ၁။ ဝါးအမြစ်ဆုံကို အသုံးပြုမျိုးပွားခြင်း (Bamboo Rhizome Cuttings)
    ၂။ ဝါးဘေးကိုင်းတက်များအားမြေထုတ်စည်းမျိုးပွားခြင်း (Bamboo layerings)
    ၃။ ဝါးအဆစ်ဖြတ်မျိုးပွားခြင်း (Bamboo culm cuttings)
    ၄။ ဝါးတစ်ပင်လုံးအား မြေကြီးတွင်လဲလျောင်းပျိုးထောင်းခြင်း (Bamboo Branch Cuttings)

Source - BIF


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်