ငှက်ပျောဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းများ

10/02/2022 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငှက်ပျောနှာတံရှည်ကျိုင်း၊ ပင်စည်ထိုးကျိုင်း

ဖျက်ပိုးအများအပြားကျရောက်ပါက မပြန့်ကားသေးသော အရွက်သည်သေကာ၊ ပိုးကျနေသော သားတက်ငယ်များသည် ညှိုးလာပြီး ဆက်လက်မဖွံ့ဖြိုးတော့ပါ။ ပိုးအများအပြားကျရောက်သော ငှက်ပျောခြံများသည် ထုတ်လုပ်မှုနည်းလာခြင်း၊ ငှက်ပျောခိုင်များ ပုံမှန်ထက်သေးငယ်ခြင်း စသည်တို့ဖြစ်ပေါ်ကြောင်း တွေ့ရသည်။

ကျိုင်းများသည် ငှက်ပျောပင်ကြီး၏ ပင်စည်ထဲတွင် ၉ လအထိ အသက်ရှင်နေထိုင်နိုင်သည်။ ထို့ကြောင့် ငှက်ပျောခြံများတွင် ကျိုင်းများ အသက်ရှင်နေထိုင်နိုင်သော အပင်အပျက်အစီး အပိုင်းအစများ မရှိစေရန် သန့်ရှင်းရေး ပြုလုပ်ခြင်းသည် အမှန်တကယ်လိုအပ်သော ကာကွယ်နှိမ်နင်းနည်းဖြစ်သည်။ ငှက်ပျောခိုင်များခုတ်သိမ်းပြီးနောက် ငှက်ပျော ပင်စည်များကို မြေကြီးနားကပ်၍ ဖြတ်ပေးသင့်သည်။ စိုက်စနစ်မကောင်းပါက နှာတံရှည်ကျိုင်းများ ဖျက်စီးရန်အတွက် အခြေအ‌နေကောင်းတစ်ခုဖြစ်စေပါသည်။ သားတက်များကို ပုံမှန်ဖြတ်ပေးခြင်း၊ ရေတက်များဖယ်ရှားပေးခြင်းနှင့် အင်းဆက်များခိုလှုံနိုင်သော အပင်၏ ဆွေးမြေ့ပျက်စီးနေသော အစိတ်အပိုင်းများ၊ အရွက်ခြောက်များကို အပင်ခြေ၌မရှိရန် ပြုလုပ်ခြင်းဖြင့် အင်းဆက်ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေပါသည်။ ငှက်ပျောပင်စည်ရင်းပတ်လည်တွင် ပေါင်းရှင်းနေရန်နှင့် သန့်စင်သော စိုက်ပျိုးရေးကိရိယာများကို သုံးစွဲရန်အရေးကြီးပါသည်။

ဇီဝကာကွယ်နည်းအဖြစ် အကျိုးပြုကျိုင်းတစ်မျိုးဖြစ်သော Histerid beetle ဖြင့် ဤဖျက်ပိုးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။ ၎င်းအင်းဆက်၏ အကောင်ကြီးနှင့် ပိုးလောက်နှစ်မျိုးလုံးသည် ဖျက်ပိုးများကို အဓိကကာကွယ်နိုင်သော အကျိုးပြုကျိုင်းကောင်များဖြစ်ပါသည်။

ဓါတုဆေးအသုံးပြုမည်ဆိုပါက (၁)ဆေးထောင်ခြောက်ဖြင့် ကာကွယ်နည်း၊(၂)အပင်သစ်များကို ဆေးရည်တွင် နှစ်၍ကာကွယ်နည်း၊(၃) ဖျက်ပိုးကျနေသော အပင်များကို စိုက်ခင်းတွင် ဆေးဖြန်း၍ နှိမ်နင်းနည်း စသည့်နည်း (၃) နည်းဖြင့် ကာကွယ်နိုင်ပါသည်။

ငှက်ပျောပင်စည်ထိုးကျိုင်း

ဤဖျက်ပိုးသည် အကောင်ကြီးအနေဖြင့် ပြန့်ကားနေသော အရွက်နုများ၊ငှက်ပျောပင်စည် များကို ကိုက်ဖျက်စားစသောက်သည်။ထို့ပြင် အသီးနုများ၏ အခွံကို စားသောက်ခြင်းဖြင့် အသီးခွံပေါ်တွင် အမာရွတ်ဖြစ်ကာ ရောင်းပန်းမလှဖြစ်စေသည်။

စိုက်ပျိုးပြုစုရာ၌ သန့်ရှင်းစေခြင်း၊ အထူးသဖြင့် ကျိုင်းကောင်အများအပြား ရှိတတ်သော မြက်ပင်များကို စိုက်ခင်းမှရှင်းလင်းပေးခြင်းဖြင့် ပိုးသတ်ဆေးဖျန်းရန်မလိုအပ်ပဲ ဖျက်ပိုးအရေအတွက်ကို ထိန်းပေးနိုင်ပါသည်။

ဖားများ၊ အိမ်မြှောင်များ၊ ပင့်ကူများသည် ကျိုင်းလောက်ကောင် အများအပြားကို စားသောက်ခြင်းဖြင့် ၎င်း၏ဖျက်ပိုး အရေအတွက်ကို ကျဆင်းစေပါသည်။ ကျိုင်းကောင်များ၏ ဖျက်ဆီးမှုသည် စီးပွားရေးကို များစွာ ထိခိုက်မှုမရှိပါက ပိုးသတ်ဆေးများကို အသုံးမပြုသင့်ပါ။

ငှက်ပျောသံချေးလှေးပိုး

လှေးပိုးများသည် ငှက်ပျောခိုင်အတွင်း ဝင်ရောက်ကာ ပွင့်ဖတ်များ ငှက်ပျောဖီးမှကွာသည်နှင့် အသီးနုများ၏ အခွံပျော့များပေါ်တက်ရောက်၍ စားသောက်ဖျက်စီးကြသည်။ လှေးပိုးများကြောင့် ပျက်စီးမှုသည် အသီး၏အရသာပေါ် သိသာစွာထိခိုက်မှုတော့ မရှိပေ။

ဖျက်ပိုးသည် ဖျက်စီးခံရသော သားတက်များမှပျံ့နှံ့သဖြင့် စိုက်ခင်းသစ်တွင် ပိုးမွှားကင်းသော သားတက်များကိုသာ စိုက်ပျိုးပါ။ ပိုးသတ်ဆေးကို ပြွန်တန်ရှည် တစ်ခုအတွင်း သို့မဟုတ် ပြွန်အတွင်းရှိ ဝါဂွမ်းစတွင် ထည့်ပေးကာ သားတက်ကိုနှစ်၍ စိုက်ပျိုးနိုင်ပါသည်။

Ref: စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေသော သီးနှံ့စိုက်ပျိုးနည်းစနစ်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်