မြေငလျင်အပါအဝင်သဘာဝဘေးအန္တရာယ်များ

21/04/2025 09:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

ကျွန်တော်တို့မြန်မာနိုင်ငံ ၂၀၂၅-ခုနှစ် မတ်လ ၂၈-ရက်နေ့က မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် ဒေသများတွင်လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပါအဝင် သဘာဝ ဘေးအန္တရယ်များကို ဆက်လက် ဆွေးနွေးကြည့်ရအောင်ပါ။ 

သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှာ -

(က) ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ (Geological Hazards)

(က-၁) မြေငလျင် (Earthquake) - တက်တိုးနစ်မြေသားကြီးများရွေ့လျားသွားခြင်း (Movements of Tectonic Plates) ကြောင့် မြေကြီး လှုပ်ခြင်း (Ground Shaking)၊ အဆောက်အဦးများပြိုလဲခြင်း (Building Collapse)၊ လူသတ္တဝါများ သေကြေပျက်စီး၊ ဒဏ်ရာရခြင်း (Loss of Life) တို့ဖြစ်ပေါ်လာနိုင်ပါသည်။

ပုံ - ၁ မြေငလျင်ကြောင့်ဖြစ်ပေါ်ဆုံးရှုံးရမှုများ

(က-၂) မီးတောင်ပေါက်ကွဲခြင်း (Volcanic Eruptions) - မြေဆီလွှာအောက်ရှိ ကျောက်ရည်ပူများ မြေပေါ်တက်လာသဖြင့်(Magma Rising)  ပြာပူများ ထွက်လာခြင်း (Ash Clodes) တို့ကြောင့် လေထုညစ်ငြမ်းမှုဖြစ်ခြင်း (Air Pollution)၊ ကျေးရွာများ၊ လူနေအိမ်များဖုံးလွှမ်းပျက်စီးသွားရခြင်း 

ပုံ - ၂ မီးတောင်ပေါက်ကွဲမှုများ

(က-၃) တောင်ပြိုမှု၊ မြေပြိုမှုများ (Landslides) - လျော့ရဲနေသော ကျောက်တောင်/ မြေပေါ်တောင်စောင်းများ (Lossened Rock/Soil) မြေဆွဲအား (Gravity)၊ သစ်တော ပြုန်းတီးမှု (Deforestration)၊ မိုးများမှု (Heavy Rain) တို့ကြောင့် ပြိုကြ (Burial of Structures)၊ လမ်းပိတ်မှု (Blocked Roads)၊ ပတ်ဝန်းကျင်ပျက်စီးမှု (Environmental Damages) တို့ဖြစ်ပေါ်လာခဲ့ပါသည်။

ပုံ - ၃ တောင်ပေါ်မြေပြိုမှုများ

(က-၄) ဆူနာမီဖြစ်ပေါ်မှု (Tsunamis) - ပင်လယ်၊ သမုဒ္ဒရာအောက် လှုပ်ခတ်မှု (Underwater Earthquake) ကြောင့် ပင်လယ်ကမ်းရိုးတန်း (Coastal Flooding) တစ်လျှောက် ပေ-၂၀ ခန့်အမြင့် လှိုင်းလုံးကြီးများ ဝင်ရောက်လာမှုဖြစ်ကာ အနီးအနား အဆောက်အဦ၊ လူနေအိမ်များ ပျက်စီးမှု ဖြစ်ပေါ်လာခဲ့ပါသည်။

ပုံ - ၄ ဆူနာမီကြောင့် ပင်လယ်ရေကြီးလာမှုများ

(ခ) မိုးလေဝသဆိုင်ရာ ဘေးအန္တရယ်များ (Meterological Hazards) 

(ခ-၁) မုန်တိုင်းများ (Storm) ပင်လယ်သမုဒ္ဒရာများ ပူနွေးလာမှုကြောင့် ဆိုင်ကလုန်း (Cyclone)၊ တိုင်ဖုန်း (Typhoon)၊ ဟာရီကိန်း (Hurricane) စသည့် မုန်တိုင်းများ ဖြစ်ပေါ်လာကာ ပြင်းထန်သောလေတိုက်ခြင်း (Heavy winds)၊ ရေလွမ်းမိုးခြင်း (Flood)၊ မုန်တိုင်း လာရာလမ်းတလျှောက် လေတိုက်နှုန်း အပေါ်မူတည်၍ မြေယာ၊ အဆောက်အဦ၊ ပစ္စည်းဥစ္စာများ (Property damage) ပျက်စီးခြင်း ဖြစ်ပေါ်နိုင်ပါသည်။

ပုံ - ၅ မုန်တိုင်းအမျိုးမျိုးဖျက်ဆီးပုံ

(ခ-၂) လေဆင်နှာမောင်းများ (Tornadoes) လေပူနှင့်လေအေးထိပ်တိုက်တွေ့ပြီး တိုက်ခတ်မှုဖြစ်ကာ လေပွေအကြီးစားများမှလေဆင်နှာမောင်းများဖြစ်၍ လေပြင်းတိုက်ခြင်း (Extreme winds)၊ အဆောက်အဦများပြိုပျက်ခြင်း (Destruction of Buildings)၊ လူထိခိုက်/သေကြေခြင်း (Injuries/Death) များ ဖြစ်ပေါ်နိုင်ပါသည်။

ပုံ - ၆ လေဆင်နှာမောင်းကျရောက်ဖျက်ဆီးပုံ

(ခ-၃) မိုးသက်မုန်တိုင်းများ (Thunderstorms) လေပူနှင့်အစိုဓာတ်ပါလေထုကြောင့် မိုးသီးထန်စွာရွာ၊ လေပြင်းတိုက်ကာ လျှပ်စီးလက် (Lightning)၊ မီးကြိုးများပြတ်ကျ (Power outrages) စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

ပုံ - ၇ မိုးကြိုးမုန်တိုင်းများ

(ခ-၄) နှင်းမုန်တိုင်းများ (snowstorms/Blizzards) ရာသီဥတုအေးသော သမပိုင်းဒေသများ (Cold and Temperate Regions) တွင် ဆောင်းတွင်း လေအေးနှင့် အစိုဓာတ်များထိတွေ့ပြီး လမ်းမများပေါ်တွင်နှင်းထုကြီးဖုံး (Heavy snows)၊ လမ်းပန်းအဆက်အသွယ်ပြတ်တောက်ကာ (Travel Disruptions) စီးပွားရေး ကိုထိခိုက်သည်အထိ ဖြစ်ပေါ်နိုင်ပါသည်။

ပုံ - ၈ နှင်းမုန်တိုင်းများ

(ဂ) ရေဘေးအန္တရာယ်များ (Hydrological Hazards)

(ဂ-၁) ရေကြီးခြင်း (Floods) မိုးပြင်းထန်စွာရွာသွန်းခြင်း (Heavy rains)၊ ဆည်ကျိုးခြင်း (Dam failure)၊ မြစ်ရေလျှံတက်လာခြင်း (River overflow) တို့ကြောင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများအပါအဝင် နေအိမ်များပါပျက်စီးခြင်းဖြစ်ပါသည်။

ပုံ - ၉ ရေကြီးမှုဖြစ်စဉ်များ

(ဂ-၂) မိုးခေါင်ခြင်း (Drought) ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် ဒေသအလိုက် ပုံမှန်မိုးမရွာသွန်းတော့၍ အပင်များ ရေငတ်၊ သုံးစွဲရန်ရေများပါ ပြတ်လပ်သွားခြင်း ဖြစ်ပါသည်။ 

ပုံ - ၁၀ မိုးခေါင်မှုဖြစ်စဉ်များ

(ဃ) ဇီဝဘေးအန္တရယ်များ (Biological Hazards)

(ဃ-၁) ကပ်ရောဂါများကျရောက်ခြင်း (Epidemics/Pandemics) လူသားများကို တိုက်ခိုက်သည့် ဗိုင်းရပ်စ် (Virus)၊ ဘက်တီးရီးယား (Bacteria) ရောဂါပိုးများကြောင့် နေရာဒေသအလိုက်၊ တစ်ကမ္ဘာလုံး ကပ်ရောဂါများ ကျရောက်ခြင်းဖြစ်ပါသည်၊ ဥပမာ - ကိုဗစ်-၁၉ (Covid-19)

ပုံ - ၁၁ ကိုဗစ်ကပ်ရောဂါ

(ဃ-၂) ကြွက်၊ အင်းဆက်စသည်တို့များစွာ ကျရောက်၍ဖျက်ဆီးခြင်း (Rodents and Insect damages) ရာသီဥတုဖောက်ပြန်မှုကြောင့် ပုလိပ်ရောဂါ (Plague) ဖြစ်ပေါ်ခြင်း၊ ကျိုင်းကောင်များ (Locusts) များပြားစွာကျရောက်၍ လယ်ယာခင်းတစ်ခင်းလုံး ပျက်စီး ဆုံးရှုံးခြင်းတို့ ဖြစ်ပါသည်။

ပုံ - ၁၂ ကြွက်နှင့်ကျိုင်းကောင်ကပ်ရောဂါ

(င) ရာသီဥတုကြောင့်ပတ်ဝန်းကျင်ဘေးအန္နရယ်များ (Environmental Hazards)

(င-၁) တောမီးလောင်ခြင်း (Wildfires) နေပူဒဏ်၊ ခြောက်သွေ့လွန်းဒဏ် (Prolonged Heat/ Drought)၊ မိုးကြိုးပစ် (Lighting strikes)၊ လူသားတို့ မဆင် မချင်ပြုမှု (Human activity) တို့ကြောင့် တောမီးလောင်ချင်း ဖြစ်တတ်ပါသည်။

ပုံ - ၁၃ တောမီးလောင်မှု 

(င-၂) အပူလှိုင်းဖြတ်ခြင်း (Heatwaves) ရာသီဥတုပြောင်းလဲမှုကြောင့် အပူဒဏ်လွန်ကဲ (Excessive heat) ကာ အပူလိုင်းဖြတ်မှု ဖြစ်စဉ်ဖြစ်တတ်ပါသည်။

ပုံ - ၁၄ အပူလိုင်းဖြတ်၍ ရေရှားမှု 

(င-၃) အအေးလှိုင်းဖြတ်ခြင်း (Cold waves) ပြင်းထန်လွန်းသော အအေးချိန်ကြောင့် စွမ်းအင်မလုံလောက်ခြင်း (Energy shortages)၊ သီးနှံအချို့ပျက်စီးခြင်း (Crop damage)၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍခက်ခဲသွားခြင်း (Difficult transportation) ဖြစ်စဉ်များ ဖြစ်တတ်ပါသည်။

ပုံ - ၁၅ အအေးလိုင်းဖြတ်၍ ခက်ခဲနေမှု 

(သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံပြီး နိုင်ငံများ၏ အောင်မြင်မှုအတွေ့အကြုံ အကြောင်း ဆက်ရေးပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

World Bank (2020) Learning from Experience: Insights from China’s Progress in Disaster Risk Management. 42p.

FAO (2023) The Impact of Disaster on Agriculture and Food Security. 168p.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်