ကျွန်တော်တို့မြန်မာနိုင်ငံ ၂၀၂၅-ခုနှစ် မတ်လ ၂၈-ရက်နေ့က မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် ဒေသများတွင်လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပါအဝင် သဘာဝ ဘေးအန္တရယ်များကို ဆက်လက် ဆွေးနွေးကြည့်ရအောင်ပါ။
သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှာ -
(က) ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ (Geological Hazards)
(က-၁) မြေငလျင် (Earthquake) - တက်တိုးနစ်မြေသားကြီးများရွေ့လျားသွားခြင်း (Movements of Tectonic Plates) ကြောင့် မြေကြီး လှုပ်ခြင်း (Ground Shaking)၊ အဆောက်အဦးများပြိုလဲခြင်း (Building Collapse)၊ လူသတ္တဝါများ သေကြေပျက်စီး၊ ဒဏ်ရာရခြင်း (Loss of Life) တို့ဖြစ်ပေါ်လာနိုင်ပါသည်။
ပုံ - ၁ မြေငလျင်ကြောင့်ဖြစ်ပေါ်ဆုံးရှုံးရမှုများ
(က-၂) မီးတောင်ပေါက်ကွဲခြင်း (Volcanic Eruptions) - မြေဆီလွှာအောက်ရှိ ကျောက်ရည်ပူများ မြေပေါ်တက်လာသဖြင့်(Magma Rising) ပြာပူများ ထွက်လာခြင်း (Ash Clodes) တို့ကြောင့် လေထုညစ်ငြမ်းမှုဖြစ်ခြင်း (Air Pollution)၊ ကျေးရွာများ၊ လူနေအိမ်များဖုံးလွှမ်းပျက်စီးသွားရခြင်း
ပုံ - ၂ မီးတောင်ပေါက်ကွဲမှုများ
(က-၃) တောင်ပြိုမှု၊ မြေပြိုမှုများ (Landslides) - လျော့ရဲနေသော ကျောက်တောင်/ မြေပေါ်တောင်စောင်းများ (Lossened Rock/Soil) မြေဆွဲအား (Gravity)၊ သစ်တော ပြုန်းတီးမှု (Deforestration)၊ မိုးများမှု (Heavy Rain) တို့ကြောင့် ပြိုကြ (Burial of Structures)၊ လမ်းပိတ်မှု (Blocked Roads)၊ ပတ်ဝန်းကျင်ပျက်စီးမှု (Environmental Damages) တို့ဖြစ်ပေါ်လာခဲ့ပါသည်။
ပုံ - ၃ တောင်ပေါ်မြေပြိုမှုများ
(က-၄) ဆူနာမီဖြစ်ပေါ်မှု (Tsunamis) - ပင်လယ်၊ သမုဒ္ဒရာအောက် လှုပ်ခတ်မှု (Underwater Earthquake) ကြောင့် ပင်လယ်ကမ်းရိုးတန်း (Coastal Flooding) တစ်လျှောက် ပေ-၂၀ ခန့်အမြင့် လှိုင်းလုံးကြီးများ ဝင်ရောက်လာမှုဖြစ်ကာ အနီးအနား အဆောက်အဦ၊ လူနေအိမ်များ ပျက်စီးမှု ဖြစ်ပေါ်လာခဲ့ပါသည်။
ပုံ - ၄ ဆူနာမီကြောင့် ပင်လယ်ရေကြီးလာမှုများ
(ခ) မိုးလေဝသဆိုင်ရာ ဘေးအန္တရယ်များ (Meterological Hazards)
(ခ-၁) မုန်တိုင်းများ (Storm) ပင်လယ်သမုဒ္ဒရာများ ပူနွေးလာမှုကြောင့် ဆိုင်ကလုန်း (Cyclone)၊ တိုင်ဖုန်း (Typhoon)၊ ဟာရီကိန်း (Hurricane) စသည့် မုန်တိုင်းများ ဖြစ်ပေါ်လာကာ ပြင်းထန်သောလေတိုက်ခြင်း (Heavy winds)၊ ရေလွမ်းမိုးခြင်း (Flood)၊ မုန်တိုင်း လာရာလမ်းတလျှောက် လေတိုက်နှုန်း အပေါ်မူတည်၍ မြေယာ၊ အဆောက်အဦ၊ ပစ္စည်းဥစ္စာများ (Property damage) ပျက်စီးခြင်း ဖြစ်ပေါ်နိုင်ပါသည်။
ပုံ - ၅ မုန်တိုင်းအမျိုးမျိုးဖျက်ဆီးပုံ
(ခ-၂) လေဆင်နှာမောင်းများ (Tornadoes) လေပူနှင့်လေအေးထိပ်တိုက်တွေ့ပြီး တိုက်ခတ်မှုဖြစ်ကာ လေပွေအကြီးစားများမှလေဆင်နှာမောင်းများဖြစ်၍ လေပြင်းတိုက်ခြင်း (Extreme winds)၊ အဆောက်အဦများပြိုပျက်ခြင်း (Destruction of Buildings)၊ လူထိခိုက်/သေကြေခြင်း (Injuries/Death) များ ဖြစ်ပေါ်နိုင်ပါသည်။
ပုံ - ၆ လေဆင်နှာမောင်းကျရောက်ဖျက်ဆီးပုံ
(ခ-၃) မိုးသက်မုန်တိုင်းများ (Thunderstorms) လေပူနှင့်အစိုဓာတ်ပါလေထုကြောင့် မိုးသီးထန်စွာရွာ၊ လေပြင်းတိုက်ကာ လျှပ်စီးလက် (Lightning)၊ မီးကြိုးများပြတ်ကျ (Power outrages) စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
ပုံ - ၇ မိုးကြိုးမုန်တိုင်းများ
(ခ-၄) နှင်းမုန်တိုင်းများ (snowstorms/Blizzards) ရာသီဥတုအေးသော သမပိုင်းဒေသများ (Cold and Temperate Regions) တွင် ဆောင်းတွင်း လေအေးနှင့် အစိုဓာတ်များထိတွေ့ပြီး လမ်းမများပေါ်တွင်နှင်းထုကြီးဖုံး (Heavy snows)၊ လမ်းပန်းအဆက်အသွယ်ပြတ်တောက်ကာ (Travel Disruptions) စီးပွားရေး ကိုထိခိုက်သည်အထိ ဖြစ်ပေါ်နိုင်ပါသည်။
ပုံ - ၈ နှင်းမုန်တိုင်းများ
(ဂ) ရေဘေးအန္တရာယ်များ (Hydrological Hazards)
(ဂ-၁) ရေကြီးခြင်း (Floods) မိုးပြင်းထန်စွာရွာသွန်းခြင်း (Heavy rains)၊ ဆည်ကျိုးခြင်း (Dam failure)၊ မြစ်ရေလျှံတက်လာခြင်း (River overflow) တို့ကြောင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများအပါအဝင် နေအိမ်များပါပျက်စီးခြင်းဖြစ်ပါသည်။
ပုံ - ၉ ရေကြီးမှုဖြစ်စဉ်များ
(ဂ-၂) မိုးခေါင်ခြင်း (Drought) ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် ဒေသအလိုက် ပုံမှန်မိုးမရွာသွန်းတော့၍ အပင်များ ရေငတ်၊ သုံးစွဲရန်ရေများပါ ပြတ်လပ်သွားခြင်း ဖြစ်ပါသည်။
ပုံ - ၁၀ မိုးခေါင်မှုဖြစ်စဉ်များ
(ဃ) ဇီဝဘေးအန္တရယ်များ (Biological Hazards)
(ဃ-၁) ကပ်ရောဂါများကျရောက်ခြင်း (Epidemics/Pandemics) လူသားများကို တိုက်ခိုက်သည့် ဗိုင်းရပ်စ် (Virus)၊ ဘက်တီးရီးယား (Bacteria) ရောဂါပိုးများကြောင့် နေရာဒေသအလိုက်၊ တစ်ကမ္ဘာလုံး ကပ်ရောဂါများ ကျရောက်ခြင်းဖြစ်ပါသည်၊ ဥပမာ - ကိုဗစ်-၁၉ (Covid-19)
ပုံ - ၁၁ ကိုဗစ်ကပ်ရောဂါ
(ဃ-၂) ကြွက်၊ အင်းဆက်စသည်တို့များစွာ ကျရောက်၍ဖျက်ဆီးခြင်း (Rodents and Insect damages) ရာသီဥတုဖောက်ပြန်မှုကြောင့် ပုလိပ်ရောဂါ (Plague) ဖြစ်ပေါ်ခြင်း၊ ကျိုင်းကောင်များ (Locusts) များပြားစွာကျရောက်၍ လယ်ယာခင်းတစ်ခင်းလုံး ပျက်စီး ဆုံးရှုံးခြင်းတို့ ဖြစ်ပါသည်။
ပုံ - ၁၂ ကြွက်နှင့်ကျိုင်းကောင်ကပ်ရောဂါ
(င) ရာသီဥတုကြောင့်ပတ်ဝန်းကျင်ဘေးအန္နရယ်များ (Environmental Hazards)
(င-၁) တောမီးလောင်ခြင်း (Wildfires) နေပူဒဏ်၊ ခြောက်သွေ့လွန်းဒဏ် (Prolonged Heat/ Drought)၊ မိုးကြိုးပစ် (Lighting strikes)၊ လူသားတို့ မဆင် မချင်ပြုမှု (Human activity) တို့ကြောင့် တောမီးလောင်ချင်း ဖြစ်တတ်ပါသည်။
ပုံ - ၁၃ တောမီးလောင်မှု
(င-၂) အပူလှိုင်းဖြတ်ခြင်း (Heatwaves) ရာသီဥတုပြောင်းလဲမှုကြောင့် အပူဒဏ်လွန်ကဲ (Excessive heat) ကာ အပူလိုင်းဖြတ်မှု ဖြစ်စဉ်ဖြစ်တတ်ပါသည်။
ပုံ - ၁၄ အပူလိုင်းဖြတ်၍ ရေရှားမှု
(င-၃) အအေးလှိုင်းဖြတ်ခြင်း (Cold waves) ပြင်းထန်လွန်းသော အအေးချိန်ကြောင့် စွမ်းအင်မလုံလောက်ခြင်း (Energy shortages)၊ သီးနှံအချို့ပျက်စီးခြင်း (Crop damage)၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍခက်ခဲသွားခြင်း (Difficult transportation) ဖြစ်စဉ်များ ဖြစ်တတ်ပါသည်။
ပုံ - ၁၅ အအေးလိုင်းဖြတ်၍ ခက်ခဲနေမှု
(သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံပြီး နိုင်ငံများ၏ အောင်မြင်မှုအတွေ့အကြုံ အကြောင်း ဆက်ရေးပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
World Bank (2020) Learning from Experience: Insights from China’s Progress in Disaster Risk Management. 42p.
FAO (2023) The Impact of Disaster on Agriculture and Food Security. 168p.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
