ကျွန်တော်တို့မြန်မာနိုင်ငံ ၂၀၂၅-ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် ဒေသများတွင်လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပါအဝင် သဘာဝ ဘေးအန္တရာယ်များ၏ဒဏ်ကို ဆက်လက်ဆွေးနွေးကြည့်ရအောင်ပါ။
၂၀၂၃-ခုနှစ် တွင်ကျရောက်ခဲ့သော ကမ္ဘာ့သဘာဝဘေးဒဏ်များကို အမျိုးအစားခွဲကြည့်ရာ
သဘာဝဘေးဒဏ်ခံရမှုကို ပထမ အချက်အလက် နှင့်ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်၊
(က) ဘေးအန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာခြင်း (Risk Identification)
ဖွံ့ဖြိုးဆဲနိုင်ငံများသည် သဘာဝဘေးအန္တရာယ်ကြောင့် နှစ်စဉ်ဘီလီယံချီကုန်ကျနေပါသည်။ အထူးသဖြင့် အားနည်းသောအခြေခံအဆောက်အဦး(Weak Infrastructure)၊ ဝင်ငွေနည်းမှု (Low Income)၊ အုပ်ချုပ်ပုံအဆင်မပြေဆင်းရဲမှု (Poor Governance) တို့ကြောင့် နလံပြန်ထလာရမှုနှေးကွေးပါသည်။ စီးပွားရေးဆုံးရှုံးမှုများသည် မှတ်တမ်းစနစ်တကျမရှိမှု (Unrecorded secondary impact)၊ ဥပမာ - အလုပ်အကိုင်ဆုံးရှုံးမှု (Job Loss)၊ ထုတ်လုပ်မှု အရှိန်ပြတ်တောက်သွားမှု (Production disruption)၊ အသေးစားစီးပွားရေးလုပ်ငန်းများ မတည်ငြိမ်မှု (Macroeconomic instability) များတို့ကြောင့် တိကျစွာခန့်မှန်းနိုင်မှု (Underestimated) အားနည်းနိုင်ပါသည်။
(ခ) ဘေးအန္တရာယ်လျှော့ချနိုင်မှု (Risk Reduction)
နိုင်ငံ၏စီးပွားရေးနှင့်အတူ အခြေခံအဆောက်အဦး (Good Infrastructure) ကောင်းမွန်စွာ စနစ်တကျဆောက်လုပ်နိုင်မှု၊ သဘာဝဘေးအန္တရယ်ကျရောက်ရာနယ်ပယ် (Hazard-prone areas) နှင့် အမျိုးသမီးနှင့်ကလေးများ လုပ်ပိုင်ခွင့်အားပေးမှု (Empowering Women and Childrens) တို့ကို ဦးစားပေး ဆောင်ရွက်သင့်ပါသည်။
(ဂ) ဘေးအန္တရာယ်လွဲပြောင်းနိုင်မှုနှင့် ငွေကြေးကဏ္ဍ (Risk Tansfer and Finance)
အာမခံထားရသောကဏ္ဍများ/ဈေးကွက်များ (Promoting Insurance Markets) ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးရပါမည်။ ပြန်လည်ထူထောင်မှု ရံပုံငွေနည်းပါး သက်သာစေရန် (Fund mitigation) အစိုးရ-ပုဂ္ဂလိကပူးတွဲလုပ်ဆောင်မှုကို အားပေး (Encouraging Private-Public Partnerships) ရပါမည်။
ကမ္ဘာ့ဘဏ်ကလည်း ၁၉၈၀-ခုနှစ်ကတည်းက သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ပြန်လည်တည်ထောင်မှု (Post-disaster recovery) ကို ဆန်းစစ်လေ့လာထားပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် လွန်ခဲသောနှစ် ၃၀-ခန့်အတွင်း သီးနှံနှင့်မွေးမြူရေး တိရစ္ဆာန်များ သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှု မှာ အမေရိကန်ဒေါ်လာ ၃.၈ တြီလီယန် (USD 3.8 trillion) လောက်ရှိရာ ပျှမ်းမျှတစ်နှစ် ၁၂၃-ဘီလီယမ် (123 $ Billion) လောက် ရှိနေပါသည်။
(၁) စီးပွားရေးနှင့် အာဟာရဓာတ်တန်ဖိုးလျော့ကျမှု (Economic and Nutritional Losses)
စိုက်ပျိုးမွေးမြူရေးက နှစ်စဉ် စုစုပေါင်းထုတ်ကုန်တန်ဖိုး (Global Agricultural GDP) ၅-ရာခိုင်နှုန်းအထိ လျော့ကျကြပါသည်။ အထူးသဖြင့်ဝင်ငွေနည်းသောနိုင်ငံများတွင် ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါသည်။ အစားအစာထုတ်လုပ်မှု လျှော့ကျမှုက လူတစ်ဦးလျှင် တစ်ရက် ၁၄၇-ကီလိုကယ်လိုရီနှုန်း (147 kcal person-1 year-1) ရှိပါသည်၊
(၂) သီးနှံနှင့်မွေးမြူရေးတိရိစ္ဆာန်များအပေါ်အကျိုးသက်ရောက်မှုများ (Crop and Livestock Impacts)
နှံစားသီးနှံများ (Cereal Crops) က တစ်နှစ်လျှင် ၆၉-တန်သန်းခန့်နှင့် ဆုံးရှုံးမှု အများဆုံးဖြစ်ပြီးပြီးမှ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်သကြားထွက်သီးနှံ၊ အသားနှင့် နို့ထွက်တိရစ္ဆာန်များ ဆုံးရှုံးမှုအစဉ်အလိုက်ဖြစ်လာပါသည်။ အာရှတိုက်တွင် အများဆုံး ဆုံးရှုံးမှုဖြစ်ပွားပြီး အာဖရိကတိုက်နှင့် ကျွန်းငယ်နိုင်ငံများက အစဉ်အလိုက် ဆုံးရှုံးမှုရှိပါသည်။
(၁) သဘာဝအန္တရယ်မဖြစ်ခင် ကြိုတင်ပြင်ဆင်သင့်သည်များ (Preparedness and Risk Reduction Remedies - Before a Disaster)
(၁-က) ကြိုတင်သတိပေးမှုစနစ်များ (Early warning system) ရာသီဥတု ကြိုတင်ခန့်မှန်းခြင်းဖြင့် မုန်တိုင်း၊ ဆူနာမီ စသည်တို့ကို တိမ်းရှောင်နိုင်ခဲ့သော သာဓကများ ရှိပါသည်။ မြေငလျင်ကိုတော့ ကြိုတင်ခန့်မှန်းနိုင်သောနည်းပညာ မပေါ်သေးပါ။
(၁-ခ) အန္တရာယ်မဖြစ်စေရန် ပညာပေးမှုများ (Disaster Risk Education) အရေး ပေါ်အခြေအနေတုံ့ပြန်မှု (Emergency Response) ကို ကျောင်းများ၊ စုဝေးနေရာ များတွင် သင်တန်းပေးရပါမည်။ လူထုစုဝေးမှုဖြင့် အန္တရာယ်ကျရောက်ပါက မည်သို့ ခုခံ၊ တွန်းလှန်ရမည်ကို ပညာပေးရပါမည်။
(၁-ဂ) မြေအသုံးချမှုစီမံခန့်ခွဲမှုနှင့် ဇုံအလိုက်ခွဲထားမှု (Land-use planning and Zoning) စိုက်ပျိုးမွေးမြူရေးအတွက် ရွေးချယ်ရမည့် မြေနေရာ/ဇုံများသည် မြေနိမ့်/ရေဝပ်လွင်ပြင် (Floodplains)၊ ပင်လယ်နားနီးနေရာများ (Coastal belts)၊ မြေငလျင်ကြောနေရာများ (Seizmic Zones) မှတတ်နိုင်သလောက်ဝေးကွာစေရန် ရွေးချယ် ရပါမည်။
(၁-ဃ) ဒဏ်ခံနိုင်သော အခြေခံဆောက်လုပ်မှုများ ဆောက်လုပ်မှု (Infrastructure Resilience) ရေကြီးလာပါက ချက်ချင်းရေထုတ်နိုင်သည့်စနစ် (Flood control systems)၊ ငလျင်ဒါဏ်ခံ (Earthquake-proof) လေပြင်းတိုက်ဒဏ်ခံ (Wind-resistant structures) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လယ်ယာအဆောက်အဦများ ဆောက်လုပ်သင့်ပါသည်။
(၁-င) အာမခံစနစ်/အစီအစဉ်များ ထားရှိမှု (Insurance Scheme) သီးနှံအာမခံ (Crop insurance)၊ အဆောက်အဦ/ပစ္စည်းအာမခံ (Property insurance)၊ အသေး စားငွေကြေးဆိုင်ရာအာမခံ (Microinsurance for Vulnerable groups) စနစ်များကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးတွဲ၍ စီစဉ်၊ ပြုလုပ်သင့်ပါသည်။
(၂) အန္တရာယ်ဖြစ်စဉ်ချက်ခြင်းကာကွယ်စောင့်ရှောက်မှု(Emergency Response during Disaster)
(၂-က) အရေးပေါ်ဌာနနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ (Emergency services and relief operations) ကူညီကယ်ဆယ်ရေးအဖွဲ့များ (Deployment of search and rescue teams) အမြန်လွှတ်ပေးခြင်း၊ ဆေးကုသရေးဆိုင်ရာ အရေးပေါ်အဖွဲ့ (Medical emergency response units) ရောက်ရှိစေခြင်း၊ အရေးပေါ်ယာယီတဲ၊ ရေ၊ အစားအစာ၊ သန့်ရှင်းရေးသုံးပစ္စည်းများ (Temperoray shelters, water, food and sanitation services) အမြန်ဆုံးရရှိအောင်ဆောင်ရွက်ရပါမည်။
(၂-ခ) အမြန်ကူညီရေးအဖွဲ့ (Rapid Response Teams) အိန္ဒိယနိုင်ငံကဲ့သို့ လျှင်မြန်စွာ/ချက်ခြင်းကူညီရေး အဖွဲ့ (NDRF – National Disaster Response Forces in India) မျိုးဖွဲ့ထားသင့်ပါသည်။ နိုင်ငံတိုင်းလို လိုအပ်လျှင် ကာကွယ်ရေး၊ လုံခြုံရေးအဖွဲ့များ (Military Involvement) မှ အကူအညီပေးရန်နည်းလမ်းများကို လည်း ကြိုတင်စီစဉ်ထားသင့်ပါသည်။
(၂-ဂ) ညှိနိုင်းဆောင်ရွက်ခြင်းဖြစ်စဉ် (Corodination mechanisms) အရေးပေါ် ဆောင်ရွက်မှုဌာန (Emergency Operation Centres) ကို ဗဟို (သို့) တိုင်းဒေသကြီးအဖွဲ့ အစိုးရ မှ ဖွဲ့စည်းထားပြီး ကမ္ဘာ့ကုလသမဂ္ဂ ကဲ့သို့အဖွဲ့အစည်းများမှ နိုင်ငံတကာ အကူအညီများ (UN Humanitarium cluster system) ချက်ခြင်း/လျှင်မြန်စွာ ရောက်ရှိနိုင်အောင်ဆောင်ရွက်ရပါမည်။
(၃) အန္တရာယ်ဖြစ်ပေါ်ပြီး ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများ (Recovery and Reconstruction after a Disaster)
(၃-က) ပျက်စီးမှုဆန်းစစ်ချက်နှင့်ပြန်လည်ထူထောင်ရေးစီမံချက် (Damage Assessment and Recovery Planning) ချက်ခြင်း အကောင်အထည်ဖော်ဆောင်ရွက် ပြီး ပျက်စီးသွားသောသော အဆောက်အဦများ၊ လူနေမှုဘဝများကို ချက်ခြင်းဖြည့် စည်းနိုင်အောင် လေ့ကျင့်ပေးထားရပါမည်။ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများ (Rebuilding homes, Hospitals, Schools) ပြန်ဆောက်ရန်မှာ ဦးစားပေးဖြစ်ပါသည်။
(၃-ခ) မူလလူနေမှုဘဝပြန်လည်တည်ထောင်ပေးမှု (Livelihood Restoration) စီးပွားရေးပြန်လည်နလံထူနိုင်မည့် စိုက်ကွင်းများ (Farms)၊ ဈေး (Markets)၊ အသေးစားလုပ်ငန်းများ (Small Business) ကိုလည်း တပြိုင်နက်ပြုပြင်ပေးပြီး ထောက်ပံ့ငွေ (Grants)၊ ချေးငွေ (Loans)၊ မျိုးစေ့ (Seeds)၊ လယ်ယာသုံးကရိယာများ (Farm Impliments) စသည်တို့ရရှိအောင်စီစဉ်ပေးရပါမည်။
(၃-ဂ) လူမှုစိတ်ခွန်အားပေးမှု (Psychosocial support) အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များကို အားပေးမှု/ဆွေးနွေးလမ်းညွန်မှုများ (Conseling services for survivors) ပြုလုပ်ပေးရပါမည်။
(၃-ဃ) မူဝါဒဆိုင်ရာပြုပြင်ပြောင်းလည်းမှု (Policy reforms) သဘာဝဘေးအန္တရာယ် ဖြစ်ပြီးသည်နှင့် အဆောက်အဦများပြန်လည်နေထိုင်နိုင်မှုသင့်မသင့်၊ အဆောက်အဦ ဆောက်လုပ်ရမည့်နည်းဥပဒေများ/ကျင့်ဝတ်စည်းကမ်းများ (Building Codes)၊ အနာဂတ်လမ်း ညွန်ချက်များ (Planning Guidelines)၊ ရရှိသောရန်ပုံငွေများကို ပေးဝေရာတွင်လိုက်နာရမည့်နည်းစနစ်၊ နည်းလမ်းများ (Disaster Funding Mechanisms) စ သည်တို့ဆောင်ရွက်ပေးရပါဦးမည်။
နောက်ဆုံးတစ်ခုက တက္ကသိုလ်၊ ကောလိပ်သိပ္ပံများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်မှု၊ ဖြစ်ပြီးပါက ချက်ခြင်းပြန်လည်နလန်ထူ၊ နဂိုလ်မူလအတိုင်းပြန်လည်ရောက် ရှိနိုင်ရန် အသိပညာပေး၊ သင်ကြား၊ သုတေသနပြုလုပ်နေသည့် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များ (World-Class Universities) မှ အထူးပြုဘာသာရပ်များမှ မြန်မာပြည်နှင့်ကိုက်ညီမည့် အထူးပြုဘာသာရပ်အား တက္ကသိုလ်တစ်ခုခုတွင် စတင်ပို့ချပေးနိုင်ရန် အကြံပြုအပ်ပါသည်။
ကမ္ဘာ့သဘာဝဘေးအန္တရာယ်ကို အရေးပေါ်စီမံခန့်ခွဲမှု ပညာရပ်ဘွဲ့၊ ဒီဂရီများ (Global University Programs in Disaster and Emergency Management)
(က) အမေရိကန်နိုင်ငံ (US)
(က-၁) ဖလော်ရီဒါအလယ်ပိုင်းတက္ကသိုလ် (UCF – University of Central Florida) အရေးပေါ်စီမံခန့်ခွဲမှု တက္ကသိုလ် ပထမဘွဲ့နှင့်မဟာဘွဲ့ (B.Sc./M.Sc. in Emergency Management) ဘွဲ့ပေးအပ်နေပြီး သဘာဝဘေးစီမံခန့်ခွဲမှု (Crisis Management)၊ သဘာဝ ဘေးဖြစ်ပေါ်ပြီးကတုံ့ပြန်ဆောင်ရွက်မှု (Disaster Response)၊ ပြန်လည် ထူထောင်မှု မဟာဗျူဟာများ (Recovery Strategies) အဓိကထား သင်ကြား၊ သု တေသနပြုနေပါသည်၊
(က-၂) တူလိန်းတက္ကသိုလ် (Tulane University) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု မဟာသိပ္ပံ (Master of Science in Disaster Management) ဘွဲ့ က ပြန်သူ့ ကျန်းမာ ရေးပြန်လည်ကောင်းမွန်လာရေး (Public Health Preparedness) အဓိကထား သင်ကြား၊ သုတေသနပြုနေပါသည်၊
(က-၃) ဟားဗတ်တက္ကသိုလ် (Harverd University) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ကို တကမ္ဘာလုံးက အဝေးမှတက်နိုင်သောအခမဲ့သင်တန်း (Free online Courses on Disaster Management) သင်ကြားပေးနေပါသည်။
(ခ) ဩစတေလျနိုင်ငံ (Australia)
(ခ-၁) ချားလ်စ်ဒါဝင်တက္ကသိုလ် (Charles Darwin University) အရေးပေါ်နှင့် သဘာ ဝ ဘေးအန္နရယ်စီမံခန့်ခွဲမှု မဟာသိပ္ပံ (Master of Science in Disaster Management) ဘွဲ့ ပေးနေပြီး ဤဘာသာရပ်များမှာ အရေးပေါ်ဖြစ်ပေါ်လာပါက စနစ်တကျ အကောင်ထည်ဖေါ်ဆောင်ရွက်ရေး ကျွမ်းကျင်ပညာရှင်များမွေးထုတ် ပေးနိုင်ရန် (Professional aiming to their skills) အဓိကထား သင်ကြား၊ သုတေ သနပြုနေပါသည်၊
(ခ-၂) ကွင်းစလန်တက္ကသိုလ် (The University of Queensland) အရေးပေါ်နှင့် သဘာဝ ဘေးအန္နရယ်စီမံခန့်ခွဲမှု ဘွဲ့လွန်လက်မှတ်ရ (Graduate Certificate in Disaster Management) အဆင့်မြင့်လက်မှတ် ပေးနေပြီး ဤဘာသာရပ်များမှာ အရေးပေါ်ဖြစ်ပေါ်လာပါက ပြင်ဆင်မှု (Prepardness)၊ တုန့်ပြန်မှု (Response)၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု (Recovery) ဘာသာရပ်များ အဓိကထား သင်ကြားပေးနေပါသည်၊
(ဂ) ယူကေနိုင်ငံ (The United Kingdom)
(ဂ-၁) ကွန်ဗန်ထရီတက္ကသိုလ် (Conventry University) အရေးပေါ်နှင့် သဘာဝ ဘေးအန္နရယ်စီမံခန့်ခွဲမှု နှင့် ဒဏ်ခံနိုင်မှု မဟာသိပ္ပံ (MSc in Disaster Management and Resilience) ဘွဲ့ ပေးနေပြီး ဤဘာသာရပ်များမှာ အဖွဲ့အစည်းအလိုက် ဒဏ်ခံနိုင်မှု တိုးတက် ကြံ့ကြံ့ခံနိုင်ရေး (Enhance Community Resilience) အဓိကထား သင်ကြား၊ သုတေသနပြုနေပါသည်၊
(ဂ-၂) အောက်စဖို့စ်ဘရုတက္ကသိုလ် (Oxford Brookes University) ဆေးဘက်အကူဘွဲ့ (BSc in Paramedic Science) ဘွဲ့ပေးနေပြီး ဤဘာသာရပ် များမှာ အရေးပေါ်အခြေအနေဖြစ်လာပါက ထိခိုက်၊ ဒဏ်ရာရလူနာများကို ရှေးဦးစွာပြုစုနည်း (Emergency Paramedical Training) ကိုအဓိကထား သင်ကြား၊ သုတေသနပြုနေပါသည်။
ပုံ - ၁ နိုင်ငံတက္ကသိုလ်များရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်း၊ ဘွဲ့၊ ဒီဂရီများ
(ဃ) အိန္ဒိယနိုင်ငံ (India)
(ဃ-၁) ဂူဂျရတ်အရေးပေါ်စီမံခန့်ခွဲမှုသိပ္ပံဌာန (Gujarat Institute of Disaster Management) သဘာဝဘေးအန္တရာယ်မှလွတ်မြောက်စေရန်စွန့်စားမှု၊ စီမံခန့်ခွဲမှု အခြေခံဘာသာရပ်များ (Basic Courses) သင်ကြားပေးနေပါသည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
World Bank (2020) Learning from Experience: Insights from China’s Progress in Disaster Risk Management. 42p.
FAO (2023) The Impact of Disaster on Agriculture and Food Security. 168p.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
