ဤနည်းပညာသည် ၁၉၄၀-၅၀ နှစ်ပိုင်းများလောက်တွင်မှ စတင်ပေါ်ပေါက်ခဲ့သော ပညာဖြစ်ပါသည်။ လူသားများက ၂၀ ရာစုအစပိုင်းလောက်ကတည်းက မိရိုးဖလာနည်းဖြင့် သီးနှံသိုလှောင်ရုံများ (Grain silos)၊ နေပူလှမ်း၊ ကျပ်တိုက်ခြင်းစနစ်များ (Sun drying)၊ ကင်ချီစသည့် အချဉ်ဖောက်/ကဇော်ဖောက်ခြင်းစနစ်များ (Fermentation) ကို နှစ်ထောင်ပေါင်း ကြာမြင့်စွာ အသုံးပြုလာခဲ့သည်။
နောက်ပိုင်း ရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒ (Postharvest Physiology) ဖြစ်စဉ်များဖြစ်သော အသီးအနှံများ၏ ရင့်မှည့်မှု (Ripening)၊ အီသလင်းထုတ်လုပ်မှု (Ethylene) စသည်တို့ကို လေ့လာရှာဖွေ တွေ့ရှိခဲ့ပါသည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်း၌ ဤဘာသာရပ်ကို တက္ကသိုလ်များတွင် သင်ကြားသုတေသန ပြုလုပ်လာခဲ့ပါသည်။ အမေရိကန်နိုင်ငံ၊ ယူစီဒေးဗစ် (UC Davis – University of California, US) တက္ကသိုလ်က ၁၉၇၀ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် ရိတ်သိမ်းချိန်လွန်သိပ္ပံပညာဌာန (Department of Postharvest Science) စတင်ဖွင့်လှစ် သင်ကြား၊ သုတေသနပြုခဲ့ပါသည်။ ယနေ့တွင် စိုက်ပျိုးမွေးမြူရေးနှင့်သဘာဝအရင်းအမြစ်များ ကောလိပ် (College of Agriculture and Natural Resources)၊ အပင်သိပ္ပံများဌာန (Department of Plant Sciences) အောက်တွင် ရိတ်သိမ်းချိန်လွန်သုတေသနနှင့်တောင်သူပညာပေးဌာန (Postharvest Research and Extension Center) အဖြစ်ပြောင်းလဲ ဖွဲ့စည်းထားပါ သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း အာဆီယံနိုင်ငံတက္ကသိုလ်များအပါအဝင် ကမ္ဘာ့တက္ကသိုလ်များစွာ ဤဘာသာရပ်ကို အထူးပြုဘာသာ အဖြစ်သင်ကြား၊ သုတေသနပြု ဘွဲ့များစွာ ပေးအပ်လာခဲ့ပါသည်။
ပုံ - ၁ ရိတ်သိမ်းချိန်လွန်နည်းပညာ ဘာသာခွဲများ
အဓိပ္ပာယ်ဖော်ပြချက် (Definition)
ရိတ်သိမ်းချိန်လွန်နည်းပညာ (Postharvest Technology) ဆိုသည်မှာ စိုက်ပျိုးပြီးနောက် အထွက်နှုန်း ထိန်းသိမ်းခြင်း၊ အရည်အသွေး မပျက်စီးစေရန် ကာကွယ်ခြင်း၊ ကြာရှည်စွာသိုလှောင်ထားနိုင်ရန်ဆောင်ရွက်ခြင်း၊ သဘာဝကြောင့်ပျက်စီးမှုလျော့နည်းသွားစေရန် ထိန်းသိမ်းပြုပြင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဈေးကွက်ထိရောက်မှု မြှင့်တင်ရန်အသုံးပြုခြင်း၊ အထူးသဖြင့် သီးနှံပင်များ ရိတ်သိမ်းပြီးနောက်ပိုင်း သိပ္ပံနည်းကျ ဆောင်ရွက်ပြုပြင်ခြင်းစသည့် နည်းပညာများကို ဆိုလိုပါသည်။
Postharvest Technology of Crops refers to the scientific methods and processes applied to agricultural products (crops) after they have been harvested, with the primary goal of maintaining their quality, extending their shelf life, ensuring their safety, and reducing losses, all the way until they reach the final consumer.
ဤဘာသာရပ်က စိုက်ကွင်းမှသည် ထမင်းစားစာပွဲပေါ်ရောက်သည့် အစားအစာများ အတွက် အလွန်အရေးကြီးသည်။ အသီးအနှံများကို ပြုပြင်ပေးခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့အထိ အရေးပါပါသည်။
It's a crucial bridge between the farm and the fork, encompassing all operations from harvesting to processing, packaging, storage, transportation, and marketing.
ရိတ်သိမ်းချိန်လွန်နည်းပညာသည် ဘာသာရပ်ပေါင်းစုံလေ့လာရမည့်ဘာသာရပ် (Multi-disciplinary Subjects/Approaches) အတွက်လိုအပ်နေသော အခြားဘာသာရပ်များမှာ
(က) အပင်ဇီဝကမ္မဗေဒနှင့်ဇီဝဓာတုဗေဒ (Plant Physiology and Biochemistry)
ဇီဝဖြစ်စဉ်နှင့်ဇီဝဓာတုပစ္စည်းများ ပြုပြင်ပြောင်းလဲမှု တို့ကို သီးနှံပင်များ ရိတ် သိမ်းပြီး နောက်ပိုင်း ဥပမာ - သီးနှံများဓာတ်ငွေ့လဲလှယ်မှု (Respiration)၊ ရင့်မှည့်မှု (Ripening)၊ ကြာရှည်ရင့်ကျက်ပျက်စီးလာမှု (Senescence)၊ ရေဓာတ်ဆုံးရှုံးမှု (Water loss)၊ အင်ဇိုင်း လှုပ်ရှားမှု (Enzyme activity) စသည်တို့ကို လေ့လာသော ပညာရပ်များဖြစ်သည်။ (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် သီးသန့်ဌာန - Separate Departments ဟူ၍မရှိသေးပါ)
(ခ) အစားအစာသိပ္ပံနှင့်နည်းပညာ (Food Science and Technology) ရေဆင်း၌ ဤဘာသာရပ်နှင့်ဌာနအသစ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အစား အစာများကြာရှည်စွာထားနိုင်ရန်ပြုပြင်ခြင်း (Food Preservation)၊ နည်းစနစ်အသစ်များဖြင့် ပြင်ဆင်မွန်းမံဆောင်ရွက်ခြင်း (Food Processing)၊ အစားအစာ ဘေးကင်းလုံခြုံမှု (Food Safety) နှင့် အရည်အသွေးထိန်းချုပ်မှု (Quality Control) တို့က ဤဘာသာရပ်နှင့် ဆက်စပ်နေပါသည်။
(ဂ) စိုက်ပျိုးရေးအင်ဂျင်နီယာ (Agricultural Engineering) ဤဘာသာရပ်ဌာနက ရှိပြီးဖြစ်သော်လည်း ပညာရှင်အင်အားနည်း၊ ဌာနငယ်ကလေး ဖြစ်နေပြီး ကြီးထွားဖွံ့ဖြိုးလာမှု မရှိသေးပါ။ ဤပညာရပ်ရှိ စက်ကရိယာများဖြင့် ရိတ်သိမ်း (Machine Harvest)၊ အခြောက်ခံ (Drying)၊ သိုလှောင်ခြင်း (Storage)၊ သီးနှံများပြုပြင်မွန်းမံခြင်း (Crop Processing) စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
(ဃ) လယ်ယာသီးနှံ/ဥယျာဉ်ခြံသီးနှံ (Agronomy/Horticulture)
ဤဘာသာရပ်များ၏ သီးနှံအားလုံး ရိတ်သိမ်း ပြီးနောက်ပိုင်းဆောင်ရွက်ရမည့် လုပ်ငန်း များ တွင် အသင့်တော်ဆုံးရိတ်သိမ်းချိန် (Optimal Harvesting Time)၊ မရင့် မှည့်ခင် ဇီဝကမ္မဖြစ်စဉ်များ (Pre-harvest Physiological factors) ကိုနားလည်မှ ရိတ် သိမ်းပြီး သီးနှံများ အရည်အသွေး ကောင်းရရှိရန်၊ ဈေးကောင်းရရန်တို့မှာ အရေးပါ သောအချက် (Crucial factors) ဖြစ်ပါသည်၊ (YAU တွင် ဤဘာသာရပ်ဌာနများက တော့၊ ဌာနကြီးအနေနှင့်ရှိပါသည်)
(င) အပင်အနုဇီဝဗေဒနှင့်အပင်ရောဂါ (Plant Microbiology and Pathology) အသီးအနှံများအား ရိတ်သိမ်း၊ ဆွတ်ခူးပြီး နောက်ပိုင်း အနုဇီဝပိုးများ အထူးသဖြင့် ဘက်တီးရီးယား (Bacteria)၊ မှို (Fungus) တို့၏၏ဖျက်ဆီးမှု (Spoilage) သဘော တရားကိုနားလည်ရပါမည်၊ (ဤဘာသာရပ်ဌာနများလည်းရှိပါသည်)
(စ) ကိမိလဗေဒ (Entomology)
ရိတ်သိမ်းပြီးနောက်ပိုင်း အသီး၊ အနှံများသိုလှောင်ချိန်တွင် ဖျက်ဆီး နိုင်သော ပိုးမွှား (Stored-product insect pests) အကြောင်းကိုလည်း လေ့လာ ရန်လိုပါသည်၊ (ဤဘာသာရပ်ဌာနလည်းရှိပါသည်)
(ဆ) ထုတ်ပိုးပစ္စည်းသိပ္ပံပညာ (Packaging Science)
ဤဘာသာရပ်ဌာနကတော့ အသစ်ဖြစ်ပြီး မြန်မာနိုင်ငံ တက္ကသိုလ်အားလုံးတွင်လည်း သင်ကြား၊ သုတေသန မပြုနိုင်သေးသော ပညာရပ်ဖြစ်ပါသည်။
ပုံ - ၂ ထုတ်ပိုးခြင်းသိပ္ပံပညာ
(ဇ) စီးပွားရေးနှင့်ဈေးကွက်ပညာ (Economics and Marketing)
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် အရေးပါသော ပညာရပ်ဖြစ်ပါသည်။ ဈေးကွက် ကောင်းကောင်းရရန် (Understanding market demand)၊ တန်ဖိုးမြင့်ခြင်းပညာ (Value addition)၊ အမြင်လှ၍ ဝယ်ယူချင်လာဖို့ ဆွဲဆောင်နိုင်ရန် (Good attraction)၊ ဝယ်ယူသူ (Customers) နှင့်တိုက်ရိုက် ချိတ်ဆက်နိုင်ရန် ဤပညာရပ်က အရေးကြီးပါသည်။ (ဤဘာသာရပ်ဌာနလည်းရှိပါသည်)
(ဈ) ဇီဝနည်းပညာ (Biotechnology)
ဤဘာသာရပ် ဌာနကလည်း ၂၀၁၈ ခုနှစ်မှ ပေါ်ထွက်လာသော ဘာသာရပ်၊ ဌာနအသစ် ဖြစ်ပြီး ဗီဇပြောင်းလဲမှု (Genetic Modification)၊ မော်လီကျူး ဇီဝဗေဒပညာ (Molecular Biology) များဖြင့် ရိတ်သိမ်းချိန်လွန်ပျက်စီးမှုဒဏ်ခံနိုင်အောင် နိုင်ငံတကာတွင် ဆောင်ရွက်နေပါသည်။
(ည) ထောက်ပံ့ပို့ဆောင်ရေးနှင့် ကွင်းဆက်စီမံခန့်ခွဲမှု (Logistics and Supply Chain Management)
အကျိုးရှိ၊ ထိရောက်သောသယ်ယူပို့ဆောင်ရေး (Efficient Transportation)၊ အောက်ခြေ ဈေးကွက်အထိဖြန့်ဖြူး ပေးခြင်း (Distribution)၊ အအေးခန်းဖြင့် သို လှောင်ဖြန့်ဖြူးခြင်း (Cold Chain Management) စသည့်ပညာရပ်များသည် ရိတ်သိမ်းပြီးနောက်ပိုင်း အသီး၊ အနှံများအတွက် အလွန်အရေးပါသော ပညာရပ်များဖြစ်သည်၊
(ဋ) အာရုံခံမှုနှင့်ပတ်သက်သော သိပ္ပံပညာ (Sensory Science)
အရည်အသွေးကောင်းထုတ်လုပ်သော အသီး၊ အနှံ (အစားအစာ) များအတွက် အရသာ (Taste)၊ ထိတွေ့ခံစားမှု (Texture)၊ အနံ့ (Aroma)၊ ပုံပန်းသဏ္ဍာန် (Appearance) စသည်တို့သည် ဈေးကောင်းရရန်ဆွဲဆောင်မှုရှိသည့် အချက်အလက် များဖြစ်၍ စနစ်တကျ ဘာသာရပ်တစ်ခုအနေနှင့် လေ့လာသင့်ပါသည်။
ပုံ - ၃ အစားအစာ အာရုံခံခြင်းသိပ္ပံပညာ
ရိတ်သိမ်းချိန်လွန်နည်းပညာ အကြောင်းလေ့လာခြင်း၏ အဓိက ရည်ရွယ်ချက်များ
- အစားအစာပျက်စီးမှုလျှော့ချခြင်း
- သက်တမ်းတိုးကာ သိမ်းဆည်းနိုင်စွမ်းတိုးတက်ခြင်း
- ဈေးကွက်ရောက်နိုင်မှုမြှင့်တင်ခြင်း
- တန်ဖိုးဖြည့်ထုတ်ကုန် (Value-added products) ဖန်တီးခြင်း
ဇယား - ၁ ရိတ်သိမ်းချိန်လွန်နည်းပညာ လေ့လာသင်ကြားရမည့် ဘာသာခွဲများ (မြန်မာ/အင်္ဂလိပ်)
ဘာသာခွဲ (မြန်မာ) Subject (English)
ရိတ်သိမ်းချိန်လွန်နည်းပညာအကြောင်းအရာမိတ်ဆက် Introduction to Postharvest Technology
အသီးအနှံ သိုလှောင်သိမ်းဆည်းနည်းများ Crop Storage Techniques
လတ်ဆတ်သောသီးအနှံများကိုင်တွယ်၊ သယ်ယူပို့ဆောင်နည်း Handling and Transportation of Fresh Produce
အအေးစနစ်ဖြင့်သိုလှောင် သိမ်းဆည်းနည်း (Cold Chain Systems) Cold Storage and Refrigeration Systems
ထုတ်ကုန်တန်ဖိုးဖြည့် ဆောင်ရွက်နည်း (Processing) Value-Added Product Development
ပိုးမွှား၊ ဖျက်စီးမှု ကာကွယ်နည်း Postharvest Pest & Disease Management
သဘာဝနည်းဖြင့် ခြောက်သွေ့မှုနည်းလမ်းများ (Drying) Natural and Mechanical Drying Techniques
ထုပ်ပိုးနည်းပညာ Packaging Technology
အရည်အသွေးသတ်မှတ်ခြင်းနည်းပညာ Quality Evaluation and Standards
စက်မှုနည်းပညာ (သယ်ယူစက်၊ ခြောက်စက်) Postharvest Machinery and Equipment
စျေးကွက်ဆိုင်ရာ ရောင်းဝယ်ခြင်းနည်း Postharvest Economics and Marketing
ရိတ်သိမ်းလွန်ဆိုင်ရာ သုတေသနနည်းဗျူဟာများ Research Methodologies in Postharvest
ဆက်ပါဦးမည်....
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Byeong-Sam, Kim (2003) Postharvest Technology of Fresh Produce for ASEAN Countries. Republic of Korea. 548p.
Kanlayanarat, S. and Aeedo, A.C. (1997) Postharvest Handling System of Agricultural products: A Training Manual. KMUTT, Thailand 150p.
(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ စာရေးသူအားစိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင်ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊အားပေး ခဲ့ပါသော စာရေးသူ၏ မူလတန်းဆရာ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် စာရေးသူ ၏ မိသားစုအား ကျေးဇူးတင်ရှိပါသည်၊ အကြောင်းအရာ အချက်အလက်များကို ပေးပို့ ကူညီပေးပါသော ဒေါက်တာမြတ်လင်း၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်အား လည်း ကျေးဇူးတင်ရှိပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
