တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆) နှင့်တိရစ္ဆာန်စာ ပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင် ရေးသားဆွေး နွေးခဲ့ပြီး ဖြစ်ပါသည်၊ စားကျက်မြက်သီးနှံများ စိုက်ပျိုးပြုစုခြင်းအကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။
(၂-၅) ဆစ်ဂနယ် (သို့) ဆူရီနန်မြက် (Signal or Surinam Grass – Brachiaria decumbens)
နှစ်ရှည်မြက်မျိုး (Perennial) ဖြစ်ပြီး ပန်းပွင့်သောပင်စည်က ၂-၃-ပေခန့်အထိမြင့်နိုင်ပါသည်။ တွားသွားသောမျိုးဖြစ်ပြီး ပန်းပွင့်ငယ်များက အမွေးထူ (Spikelet hairy) ပါသည်။ ဤမြက်သည် လွှတ်ကျောင်းမှုဒဏ်ခံနိုင် (Grazing tolerant) သော မြက်မျိုး ဖြစ်ပါသည်။ တစ်ကီလိုဂရမ်မှာ မျိုးစေ့ပေါင်း (၂၂၀,၀၀၀ - ၂၂၅,၀၀၀) ခန့်ရှိပါသည်။
မြက်အခြောက်အထွက်က တဟက်တာ ၃၆ တန် (36 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 8-11 %) ၈-၁၁ ရာခိုင်နှုန်းအထိသာ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၅ ဆူရီနန်မြက်
(၂-၆) ပါရာမြက် (Para Grass – Brachiaria mutica)
နှစ်ရှည်မြက်မျိုး ဖြစ်ပြီး ပန်းပွင့်သောပင်စည် (Perennials with flowering stem) က ၆ ပေခန့် အထိမြင့်နိုင်ပါသည်။ တစ်ပင် အနှံ (Panicle) က ၁၀-၂၀ ခန့်ရှိနိုင်ပြီး သီးသန့် (သို့) အတွဲလိုက် (Single or sometimes paired) မြင်နိုင်ပါသည်။ အပူပိုင်းဒေသမြက်မျိုးများမှ စီးပွားဖြစ်ကွင်း အကျယ်ကြီးတွင်စိုက်ပျိုးနိုင်သော မြက်တစ်မျိုးဖြစ်ပါသည်။
မျိုးပွားပုံမှာမျိုးစေ့မှကိုင်းဖြတ်များ (Cuttings or pieces of creeping shoots) ဖြင့်လည်း မျိုးပွားနိုင်ပါသည်။ ကြီးထွားမှုမြန်သောကြောင့် စိုက်ပြီးပထမနှစ် မြေဧရိယာ၏ ၂၇-၃၅ ရာ ခိုင်နှုန်း၊ ဒုတိယနှစ် ၉၁-၉၃ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ရာနှုန်းပြည့် ဖုံးလွမ်းသွားနိုင်ပါသည်။ ဆင်ထရိုပဲ (Centrosema pubescens)နှင့်အောင်မြင်စွာတွဲဖက်စိုက်ပျိုးနိုင်သော မြက်လည်းဖြစ်ပါသည်။ မြက်ဖြတ်ရာတွင် မြေပြင် မှ ၁-၇ စင်တီ (၄-လက္ခခန့်) ဖြတ်ခြင်းက ၁၅-၂၀ စင်တီ (၆-၈ လက္ခခန့်) ဖြတ်ခြင်းထက် အထွက် ၂၀-ရာခိုင်နှုန်းပိုပါသည်။
ဤမြက်၏ အစိုထွက် (Fresh Herbage Yield) က တဟက်တာ ၉-၁၃၅ တန် မြက်အခြောက်အထွက် က တဟက်တာ ၃-၃၉ တန် (3-39 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 2.8-16.1 %) ၂.၈-၁၆.၁ ရာခိုင်နှုန်း အထိ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၆ ပါရာမြက်
(၂-၇) ရူဇီမြက် (Ruzi Grass – Brachiaria ruziziensis)
အုပ်စုဖွဲ့အရွက်များသော (Dense and leafy cover) မြက်မျိုးဖြစ်သည်။ ရွက်ပြားတွင် အမွေး (Hairy Leaf Blade) ပါသည်။ စတိုင်လိုပဲ (Stylosynthes guianensis) နှင့် ရောနှောစိုက်ပျိုး၍ရနိုင်သော မြက်မျိုးဖြစ်သည်၊ ဤမြက်၏ အစိုထွက် (Fresh Herbage Yield) က တဟက်တာ ၁၃၃-၁၄၅ တန် မြက် အခြောက်အထွက်က တဟက်တာ ၂-၂.၅ တန် (2-2.5 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 9.9-3.9 %) ၉.၉-၁၃.၉ ရာခိုင်နှုန်း အထိရရှိမြက်ဖြစ်ပါသည်။

ပုံ - ၇ ရူဇီမြက်
ထိုအထဲမှ မျိုးစပ်ပြီး (Brachiaria ruziziensis x B.brizantha x B.decumbens) မူလာတို-၂ (Mulato-2) မြက်ရရှိလာပါသည်၊

ပုံ - ၈ မူလာတို-၂ မြက်
(၈) ဘတ်ဖယ်မြက် (Buffel Grass) Cenchrus ciliaris L.
ဤမြက်၏အနှံမှာ မြေခွေးအမြီး (Foxtail) ပုံစံဖြစ်ပြီး ပင်စည်အခြေမှာ ရိုင်ဇုံး (Rhizomes) ရှိပါသည်၊ အနှံပါပင်စည်မှာ ၁၄၀-စင်တီမီတာ (၅-ပေခန့်) အထိ ရှည်နိုင်ပါသည်။
မြက် အခြောက်အထွက်က အများကြီး မထွက်သော်လည်း လွတ်ကျောင်းဒါဏ်ခံနိုင်ရည် ရှိသော (Grazing Tolerance) မြက်မျိုးဖြစ်ပါသည်၊ တဟက်တာ ၂-၈ တန် (2-8 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 3-16 %) ၃-၁၆ ရာခိုင်နှုန်း အထိ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၉ ဘတ်ဖယ်မြက်
(၉) ရုတ်မြက် (Rhodes Grass) Chloris gayana Kunth.
ဤမြက်က စတိုလုံးတွားသွားပုံပင်စည် (Stoloniferous perennial stem) ဖြစ်သည်၊ အရွက်ကတိုပြီး အနှံများစုထွက်ပါသည်၊ အပူဒါဏ်ကို ၃၅-ဒီဂရီဆဲလ်စီးရပ် (35*C) အထိခံနိုင်ရည်ရှိပြီး ထိုထက်အပူ ချိန်မြင့်လျှင်လည်း အပင်မသေပါ၊
မြက်အခြောက်ထွက် တဟက်တာ ၁.၅-၂၅ တန် (1.5-25 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 4-13 %) ၄-၁၃ ရာခိုင်နှုန်း အထိ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၁၀ ရုတ်မြက်
(၁၀) မြေဇာမြက် (Bermuda Grass) Cynodon dactylon L.
ဤမြက်က မြန်မာနိုင်ငံတွင် ပေါင်းမြက်အနေနှင့် သိရှိကြပါသည်၊ ပင်စည်က သေးသွယ်ပြီး (Slender) စတိုလုံးနှင့်ရိုင်ဇုံ နှစ်ရှည်ပင် (Stoloniferous and Rhizomatous perennial) ဖြစ်သည်၊ ရည်စင်း ပန်းခိုင် (Racemes_Spikes) ဖြစ်ပြီး ၈-စင်တီမီတာ (၃-၄ လက္ခနီးပါး) ရှိပါသည်၊
မြက်အခြောက်ထွက် တဟက်တာ ၁-၁၀ တန် (1-10 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 7-18 %) ၇-၁၈ ရာခိုင်နှုန်း အထိ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၁၁ မြေဇာမြက်
(၁၁) ပင်ဂိုလာမြက် (Pangola Grass) Digitaria decumbans
ပေ ၂၀ လောက်အထိ တွားသွားနိုင်သော နှစ်ရှည်မြက်မျိုးဖြစ်သည်၊ မျိုးကိုင်းများဖြင့် ပွားများ လေ့ရှိ ပါသည်၊ လွယ်ကူစွာစိုက်ပျိုးတည်ထောင် နိုင်မှု (East of establishment)၊ မြေဆီလွှာအမျိုးမျိုး၊ ရာသီ ဥတုအမျိုးမျိုး (Ability to grow under a variety of climatic and soil conditions) မှာစိုက်ပျိုးနိုင် ခြင်း၊ စားကျက်ထွက်ကောင်းခြင်း (Good herbage production)၊ တိရိစ္ဆာန်များအတွက် အဟာရဓာတ် နှင့်အရသာရှိခြင်း (High nutritive value and palatability) က ဤမြက်နံမည်ကြီးရခြင်း အချက်များ ဖြစ်ပါသည်၊
မြက်အခြောက်ထွက် တဟက်တာ ၁၁-၂၂ တန် (11-22 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 3-24 %) ၃-၂၄ ရာခိုင်နှုန်း အထိ ရရှိသော မြက်ဖြစ်ပါသည်။

ပုံ - ၁၂ ပင်ဂိုလာမြက်
(၁၂) ပတ်စပဲလန်မြက် (Paspalum/Dallis Grass) Paspalum dilatatum
အရွက်များ (Leafy grass) စွာရရှိသော နှစ်ရှည်မြက်ပင်ဖြစ်ပါသည်၊ အခြားအပူပိုင်းမြက်များနှင့်လည်း သဟဇာတဖြစ်ပါသည်၊
ဤမြက်အစို တဟက်တာ ၃၉-၆၅ တန်အထိထွက်ရှိကာ အခြောက်ထွက် တဟက်တာ ၁.၇-၂၆ တန် (1.7-26 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 13.4-18.5 %) ၁၃.၄-၁၈.၅ ရာခိုင်နှုန်း အထိ ရရှိနိုင်သော အဟာရကြွယ်ဝသောမြက်ဖြစ်ပါသည်။

ပုံ - ၁၃ ပတ်စပဲလန်မြက်
(၁၃) နေပီယာမြက် (Napier/Elephant Grass) Pennisetum purpureum
မြန်မာနိုင်ငံတွင်များစွာစိုက်ပျိုးနေသော မြက်မျိုးဖြစ်ပါသည်၊ နိုင်ငံတကာ သုတေသနမှတ်တမ်းများ အရတိရိစ္ဆာန်များအတွက် အကောင်းဆုံးမြက်မျိုးတော့မဟုတ်ပါ၊ ပင်စည်ကထောင်မတ် (Erect stem) ပြီး အဆစ် ၂၀-ခန့်အထိကိုင်းဖြာတတ်ပါသည်၊ အပင်အမြင့် ၂-၆ မီတာ (၁၈-ပေခန့်အထိ) အပင်ရှည် တတ်ပြီး ရက်ကြာလာသည်နှင့်အမျှ တိရိစ္ဆာန်များက အရသာရှိမှု (Palatability) မဖြစ်တော့ပါ၊ ဤ မြက်၏ ကောင်းသော အချက်က ကိုင်းဖြတ် (Cuttings) များစွာခုတ်ပြီး မျိုးပွားလွယ်ခြင်း၊ တစ်နေရာ မှတစ်နေရာ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ခြင်း၊ အပင်ဖြတ်ပိုင်းများ ရက် ၂၀-ခန့်အထိ ထားနိုင်ခြင်း အားသာချက်များ တော့ရှိပါသည်၊
ပြူတိုရီကို (Puerto Rico) နိုင်ငံတွင် ရက် ၆၀ (သို့) ရက် ၉၀ ခြားရိတ်ဖြတ်ခြင်းက တနှစ်လျှင် တစ် ဟက်တာ မြက်စို ၆၂-၇၂ တန် အထိ၇ရှိနိုင်သည့်မှတ်တမ်းများ ရရှိခဲ့ပါသည်၊ ပရိုတိန်းကြမ်း (CP – Crude Protein 6.9-10.9 %) ကတော့ ၆.၉-၁၀.၉ ရာခိုင်နှုန်း အထိသာ ရှိပါသည်။ 
ပုံ - ၁၅ နေပီယာမြက်
(၁၄) ဆီတေးရီးယားမြက် (Setaria Grass) Setaria anceps
ထောင်မတ်စွာပေါက်ရောက်နိုင်သောနှစ်ရှည်အပူပိုင်းဒေသမြက်မျိုးဖြစ်ပါသည်၊ မျိုးစေ့မှရော ကိုင်းဖြတ်ပါ ၂-မျိုးစလုံးပွားများနိုင်ပါသည်၊
စားကျက်ပဲနှင့်ရောပါက မြက်ခြောက်ထွက် တဟက်တာ ၁၃-၂၀ တန် (13-20 DM t ha-1) အထိထွက် နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein 5-19 %) ၅-၁၉ ရာခိုင်နှုန်း အထိ ရရှိနိုင်သော အဟာရ ကြွယ်ဝသောမြက်ဖြစ်ပါသည်။

ပုံ - ၁၆ ဆီတေးရီးယားမြက်
(စားကျက်ပဲများအကြောင်း ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants.
Bor, N.L. (1960) The Grasses of Burma, Ceylon, India and Pakistan. Pergamon Press. 767p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p.
Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.
စောလယ်ဝါး (၂၀၁၈) မြန်မာနိုင်ငံရှိအဓိကပေါင်းပင်များ၊ စာပေလောက ၂၆၀-မျက်နှာ
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်