မြေယာရှုခင်းဆိုင်ရာ ဥယျာဥ်ခြံသီးနှံပညာ (အဆက်)

24/03/2026 17:23 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

မြေယာရှုခင်းဆိုင်ရာ ဥယျာဥ်ခြံသီးနှံပညာ (Landscape Horticulture) သည် ဥယျာဉ်ခြံ စိုက်ပျိုးရေးပညာ (Horticulture) ၏အထူးပြုဘာသာခွဲတစ်ခုဖြစ်ပြီး ဥယျာဉ်ခြံသီးနှံသည် လည်း  စိုက်ပျိုးရေးပညာကြီး (Agriculture) ၏ အရေးပါ သောဘာသာခွဲ တစ်ခု ဖြစ်ပါ သည်။ 

(ဘာသာရပ်ဆိုင်ပညာရှင်တစ်ယောက် မဟုတ်သော်လည်း စိုက်ပျိုးရေးစာရေးသူ တစ်ဦး အနေနှင့် တတ်သလောက် ပုံဖေါ်ပါသည်)

ဤဘာသာရပ်နှင့် အလှအပဖေါ်ဆောင်ရာတွင် အောက်ပါအချက်များ အရေးကြီးပါသည်၊

(က) အခြေခံသဘောတရားများ (Basic Principles)

(က-၁) အရောင် (Color) 

အရောင်သဘောတရားအရ အုပ်စု ၄-ခုထပ်ခွဲပါသည်။

  • အဓိကအရောင် (Primary Colors) အနီ (Red)၊ အဝါ (Yellow)၊ အပြာ (Blue)

  • ဒုတိယအရောင် (Secondary Colors) အစိမ်း (Green)၊ ခရမ်း (Violet/Purple)၊ လိမ္မော် (Orange)

  • တတိယအရောင် (Tertiary Colors) ပထမနှင့်ဒုတိယအရော၊ အရောင် (Misture of Primary and Secordary) 

  • သဘာဝအရောင် (Neutral Colors) အဖြူ (White)၊ မီးခိုး/ထုံထိုင်း (Grey)၊ ငွေရောင် (Silver) များဖြစ်ပါသည်၊

 

 

ပုံ - ၁ အ‌ရောင်စုံရောစပ်ထားသော ပန်းခင်း

စိုက်ပျိုးရေးတွင် ပန်းချီအနုပညာ (Art of Painting) ရောစပ်ပြီး အပန်းဖြေလာသူ စိတ်ကြည်နူး စေရန်ဖြစ်ပါသည်။

(က-၂) ပုံစံ (Forms)

အပင်များစွာကို ပုံစံများစွာ ပုံဖေါ်နိုင်ပါသည်၊ အမြင့်ပုံ (Upright)၊ ဘဲဥပုံ (Oval)၊ တိုင်ပုံ (Columanar)၊ ပြန့်နှံ့မှု (Spreading)၊ အကိုင်းအခက် ညွတ်နေပုံ (Weeping) အမျိုးမျိုး ဖြစ်ပါသည်၊

ပုံ - ၂ ပုံစံအမျိုးမျိုးသရုပ်ဖော်ထားပုံ

(က-၃) မျက်စိပသာဒဖြစ်မှု (Line of Sight)

အပင်များနှင့် အဆောက်အဦ၊ လမ်း၊ ထိုင်ခုံ၊ နောက်ခံ သဟဇာတဖြစ်မှု တွဲဖက်ကာ အမြင်လှအောင်ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။

ပုံ - ၃ မျက်စိအလှဖြစ်ရန်သရုပ်ဖေါ်ထားပုံ

(က-၄) ချိန်ခွင်လျှာညှိပေးခြင်း (Scale and Balance)

နေရာအရွယ်အစား မြေအနိမ့်အမြင့်ကို လိုက်၍ ပန်းချီအနုပညာသဘောအရ ချိန်ခွင်လျှာ သဘောမျိုး ညှိပေးခြင်းကိုလည်း ဆောင်ရွက်ပေးရပါဦးမည်၊

ပုံ - ၄ ချိန်ခွင်လျှာ ညှိပေးမှုသရုပ်ဖော်ထားပုံ

စာရေးသူ၏အတွေး

အဆင့်မြင့် ပညာသင်ကြားရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ (Higher Education Institution) ဆိုသည်မှာ ပညာရပ်ဆိုင်ရာ လွတ်လပ်စွာတွေးခေါ်ခံစားသရုပ်ဖော်နိုင်မှု (Academic Freedom) ရှိပြီး မိမိအတွေး အခေါ်၊ သုတေသနများမှ (Creativity and Innovative Research) နေ၍ တောင်သူ၊ လယ်ယာသမားကြီးများ အပါအဝင် ပြည်သူ၊ ပြည်သားအားလုံး အစားအစာဖူလုံစေရုံသာမက ကျန်းမာပျော်ရွင်ရသော ဘဝကို ပိုင်ဆိုင် နိုင်ဘို့ကိုလည်း အလေးထားရပါမည်၊

 

ဤပညာရပ်သည် သာမာန် ဥယျာဉ်ခြံသီးနှံ၊ ပန်းမာန်စိုက်ပျိုးရေး သာမက မြို့ပြနေ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ အပါအဝင် လူကြီး၊ လူငယ်အားလုံး စိတ်အပန်းဖြေ ဘို့ရန် ရည်ရွယ်ချက်များ ပါဝင်ပါသည်။ ထို့ကြောင့် ပန်းမာန်စိုက်ပျိုးရေး (Floriculture)၊ အလှအပမြက်ခင်းပြင်များစိုက်ပျိုးရေး (Lawn or Turf Grass Growing)၊ သစ်တောပညာ (Forestry)၊ ပတ်ဝန်းကျင်သိပ္ပံ (Environmental Science)၊ ဗိသုကာပညာ (Architecture)၊ ပန်းချီပညာ (Painting)၊ ပန်းပုပညာ (Sculpture) နောက်ဆုံး စိတ်ပညာ (Psychology)၊ ပညာရေး (Education) တို့ကအစ ဘာသာရပ်ပေါင်းစုံ စုပေါင်း လုပ်ဆောင်ရသောပညာ (Multidisciplinary Subject) ဖြစ်သဖြင့် နောင်တစ်ချိန် ဘာသာရပ်စုံသင်ကြား တက္ကသိုလ်များ (Comprehensive Universities) အတွက် စဉ်းစားဆောင်ရွက်နိုင်ပါရန် ရေးသားဆွေးနွေးလိုက်ရခြင်း ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်