ကမ္ဘာ့စိုက်ပျိုးရေးတက္ကသိုလ်များ၏ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်ရေးပြဌာန်းစာအုပ်ကို လေ့လာခြင်း (၂)

01/07/2026 16:54 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

အပိုင်း(၁) မှအဆက်ဖြစ်သည်။ 

(က-၁-၆) အခန်း-၆ မြေဩဇာ၊ သစ်စိမ်းမြေဩဇာ၊ သီးလှည့်စိုက်ပျိုးရေးနှင့်သီးနှံပုံစံများ

ဤအခန်းတွင် သီးနှံစိုက်ပျိုးရေးနှင့်အတူတူ တွဲပါလာသည်က မြေဆီလွှာအဟာရဓာတ် ဖြည့်စည်းရေး၊ မြေဆီဩဇာ (ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ) ထည့်သွင်းရေး၊ သီးနှံ အလှည့်ကျ စိုက်ပျိုးနည်းစနစ်၊ သီးနှံပုံစံ စသည်တို့ဖြစ်ပါသည်။ နိုင်ငံအလိုက် ဓာတ်မြေဩဇာ အသုံးပြုမှု နှစ်အလိုက်ပြောင်းလဲလာသည်နှင့်အတူ အပင်ကြီးထွားမှုအတွက် လို အပ်သော အဟာရဓာတ်များ အကြောင်း (Effect of Nutrient Elements on Plant Growth) ကိုဆွေးနွေးထားပါသည်။ မြေဆီလွှာနှင့် အပင်အများလို အဟာရဓာတ် ၃ မျိုး နိုက်ထရိုဂျင် (Nitrogen_N)၊ ဖော့စဖောရပ် (Phosphorus_P)၊ ပိုတက်ဆီယမ် (Potassium -K) ဆက်စပ်မှုကို လေ့လာထားပါသည်၊ 

နောက် စီးပွားဖြစ်ထုတ်လုပ်သောဓာတ်မြေဩဇာများအကြောင်း (Commercial Fertilizers)၊ ဓာတ်မြေဩဇာထည့်သွင်းနည်းများ (Fertilizer Application Methods)၊ မြေဆီလွှာပြုပြင်ရန် ထုံးထည့်နည်းများ (Lime as a Soil Amendment)၊ နွားချေး၊ တိရိ စ္ဆာန်ချေး မြေဩဇာ (Animal Manure)၊ သစ်စိမ်းမြေဩဇာ (Green Manure)၊ မြေဖုံးသီး နှံ (Cover Crops)၊ သီးလှည့်စိုက်ပျိုးနည်း (Crop Rotation) များအကြောင်း၊ ပဲပင်များ (Role of legumes) ထည့်သွင်းရခြင်းအကြောင်း၊ ဩဂဲနစ်စိုက်ပျိုးနည်းစနစ်များ (Organic Farming)၊ သီးနှံမျိုးစုံစိုက်ပျိုးနည်း (Multiple Cropping) စသည်တို့ အ ကြောင်း ဆွေးနွေး ရေးသားထားပါသည်။

(က-၁-၇) အခန်း-၇ မျိုးစေ့နှင့်စိုက်ပျိုးနည်းများ (Chapter 7 Seeds and Seeding)

ဤအခန်းတွင် မျိုးကောင်း၊ မျိုးသန့် အရေးကြီးမှုများ (Importance of Good Seeds)၊ မျိုးစေ့အတွင်း ဓာတုပစ္စည်းပါဝင်မှု (Chemical Composition of Seeds)၊ မျိုးစေ့ အ ညောက်ပေါက်ပုံ (Seed Germination)၊ မျိုးစေ့အညောက်ပေါက်ရန် ပတ်ဝန်းကျင် လို အပ်ချက်များ (Environmental Requirements for Germination)၊ အပင်ပေါက်ကောင်း ရန်မျိုးစေ့အရည်အသွေး (Seed Qualities)၊ မျိုးစေ့ငုတ်ခြင်း (Seed Dormancy)၊ မျိုးစေ့ သက်တန်း (Longevity of Seeds)၊ မျိုးစေ့သန့်ပြန့်မှု (Seed purity)၊ မျိုးစေ့ဥပဒေ (Seed Law)၊ စိုက်ကွင်းအတွင်း မျိုးစေ့ချနည်းစနစ်များ (Methods of Seeding)၊ စိုက်ပျိုးချိန် (Time of Seeding/Sowing)၊ မျိုးစေ့နှုန်း (Seed Rate)၊ မျိုးစေ့မြေတွင်းအတိမ်အနက် (Depth of Seeding) စသည်တို့ပါဝင်ပါသည်။

(က-၁-၈) အခန်း-၈ လယ်ယာသီးနှံများရိတ်သိမ်းနည်းများ (Chapter 8 Harvest of Field Crops)

ဤအခန်းတွင် နှံစား နှင့်အခြားသီးနှံများ ဇီဝကမ္မအရရင့်မှဲ့ချိန် (Physiological Maturity)၊ မရင့်မှဲ့ဘဲရိတ်သိမ်းမှု အကျိုးဆက်များ (Effects of Premature Harvest)၊ ရင့်မှဲ့ချိန်ပြီးမှ နောက်ကျရိတ်သိမ်းမှုအကျိုးဆက်များ (Effects of Delayed Harvest)၊ ရိတ်သိမ်းနည်း စနစ်အမျိုးမျိုး (Methods of Harvesting)၊ အနောက်နိုင်ငံများတွင်တော့ နှံစားသီးနှံ ကောက်ရိုးမှ နွားစာမြက်ခြောက် (Hay) ပြုလုပ်နည်းများ၊ မြက်ချဉ်ဖတ် (Silage) ပြုလုပ် နည်းများ စသည်တို့ပါဝင်ပါသည်။

(က-၁-၉) အခန်း-၉ နှံစားသီးနှံများ၊ မြက်ခြောက်များ၊ အခြားမျိုးစေ့များ ကိုင်တွယ်ပုံနှင့်ဈေးကွက်များ 

(Chapter 9 Handling and Marketing Grain, Seeds and Hay)

ဤအခန်းတွင် သီးနှံများရောင်းဝယ်ဖေါက်ကားပုံ၊ သီးနှံများ အမျိုးအစားခွဲခြားပုံ (Seed and Grain Grading)၊ နမူနာကောက်ယူနည်း (Sampling)၊ မျိုးစေ့များအခြောက်ခံနည်း (Seed Drying)၊ သန့်စင်ခြင်း (Cleaning)၊ သီးနှံများသိုလှောင်နည်း (Storage)၊ ဈေးနှုန်း သတ်မှတ်ခြင်း (Judging) စသည့် ပညာများပါဝင်ပါသည်။ 

(က-၁-၁၀) အခန်း-၁၀ စားကျက်မြေနှင့်လွတ်ကျောင်းမြေများ 

(Chapter 10 Pastureland and Rangeland)

နိုင်ငံတကာတွင်တော့ စားကျက်မြေ၊ တိရိစ္ဆာန်စာလွတ်ကျောင်းမြေများက ရှေးယခင် ခေတ်များကတဲက စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက် သင်ကြား၊ သုတေသနပြုနေသဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် စားကျက်စိုက်ပျိုးနည်းများ အကြောင်းက ပါဝင်ပြီးသားဖြစ်ပါသည်။ ဤအခန်းတွင် စားကျက်နှင့်သဘာဝလွတ်ကျောင်း အခင်းများ ၏အကျိုးကျေးဇူးများ (Importance of Pasture and Range)၊ စားကျက်အမျိုးမျိုး (Kinds of Pastures)၊ အမြဲတန်းစားကျက်ခင်းများ (Permanent Pastures)၊ စားကျက် မျိုးများ (Adapted Pasture Species)၊ စားကျက်ပင်များ၏လက္ခဏာများ (Characteristics of Pasture Plants)၊ မြက်၊ ပဲရောနှောစိုက်ခင်းများ၏သဘောသဘာဝ (Pasture Mistures)၊ ဒေသအလိုက်သင့်တော်သောစားကျက်ပင်များ (Suitable Plants for Different Regions)၊ လွတ်ကျောင်းစနစ်အမျိုးမျိုး (Grazing Systems)၊ ပေါင်းနှိမ်နှင်း ခြင်း (Weed Control in Pasture Fields)၊ အဆိပ်ရှိသောအပင်များ (Poisonous Plants)၊ ယာယီ (သို့) တနှစ်ခံစားကျက်ပင်များ (Temporary or Annual Pasture Species) စသည်တို့ပါဝင်ပါသည်။ 

(က-၁-၁၁) အခန်း-၁၁ ပေါင်းပင်များနှင့်ပေါင်းနှိမ်နှင်းနည်းများ (Chapter 11 Weeds and Their Control)

ဤအခန်းတွင်တော့  စီးပွားရေးအရေးပါမှု (Economic Importance)၊ ပေါင်းအမျိုးမျိုး (Types of Crop Weeds)၊ ပေါင်းပင်များကြောင့် ဆုံးရှုံးမှုများ (Losses caused by Weeds)၊ ပေါင်းပင်များစိုက်ခင်းတွင်စွဲမြဲနေမှု (Persistence of Weeds)၊ ပေါင်းပင်များ စိုက်ခင်းများအတွင်းပြန့်နှံ့စေခြင်း (Dissemination of Weeds)၊ ပေါင်းနှိမ်နှင်းနည်း အမျိူးမျိုးများ (Methods of Weed Control)၊ ပေါင်းသတ်ဆေးအမျိုးမျိုး (Group of Herbicides)၊ ဆိုးဝါးလှသော နှစ်ရှည်ပေါင်းပင်များ (Serious Perennial Weeds)၊ ဆိုးဝါးလှသော တနှစ်ခံပေါင်းပင်များ (Serious Annual Weeds)၊ ကပ်ပါးပင်များ (Parasitic Plants) စသည်တို့ပါဝင်ပါသည်။

အပိုင်း -၂ မြက်မျိုးရင်းဝင်သီးနှံများ (Part-2 Crops of the Grass Family)

အပိုင်း - ၂ တွင်တော့ အမေရိကန်နိုင်ငံတွင် အရေးပါသော၊ တစ်နည်းအားဖြင့် အဓိက အစားအစာ (Staple Food) ရရှိသော သီးနှံပင်များ စိုက်ပျိုးနည်းအကြောင်း ကို အခန်းလိုက် ခွဲခြားရေး ထားပါသည်။

(က-၂-၁၂) ပြောင်းဖူး (Corn or Maize)

(က-၂-၁၃) နှံစားပြောင်း (Sorghum)

(က-၂-၁၄) ကြံ (Sugarcane)

(က-၂-၁၅) ဂျုံ (Wheat)

(က-၂-၁၆) ရိုင်းနှင့်တရစ်တီကေးလ် (Rye and Triticale)

(က-၂-၁၇) ဘာလီ (Barley)

(က-၂-၁၈) အုတ် (Oat)

(က-၂-၁၉) စပါး (Rice)

(က-၂-၂၀) လူး၊ ဆတ် (Millets)

(က-၂-၂၁) နှစ်ရှည်နွားစားမြက်များ (Perennial Forage Grasses) တို့ပါဝင်ပါသည်။

 

အပိုင်း -၃ ပဲမျိုးရင်းဝင်သီးနှံများ (Part-3 Crops of the Legume Family)

အပိုင်း - ၃ တွင်တော့ အမေရိကန်နိုင်ငံတွင် စိုက်ပျိုးနေသော ပဲမျိုးရင်းဝင် သီးနှံပင်များ စိုက်ပျိုးနည်းအကြောင်း ကို အခန်းလိုက် ခွဲခြားရေး ထားပါသည်။

(က-၃-၂၂) အယ်လဖာဖာ (Alfalfa)

(က-၃-၂၃) ကလိုဗာအချို (Sweet clover)

(က-၃-၂၄) ကလိုဗာအစစ် (The True Clovers)

(က-၃-၂၅) လက်ပက်ဒီဇာ (Lespedeza)

(က-၃-၂၆) ပဲပုတ် (Soybean)

(က-၃-၂၇) ပဲလွန်း (Cowpea)

(က-၃-၂၈) ဘိုစားပဲ (Field Beans)

(က-၃-၂၉) မြေပဲ (Peanut)

(က-၃-၃၀) အခြားပဲမျိုးများ (Miscellaneous Legumes) တို့ဖြစ်ပါသည်။

အပိုင်း -၄ အခြားမျိုးရင်းဝင်သီးနှံများ (Part-4 Crops of other plant Families)

အပိုင်း - ၄ တွင်တော့ အမေရိကန်နိုင်ငံတွင် စိုက်ပျိုးနေသော အခြားမျိုးရင်းဝင် သီးနှံပင်များ စိုက်ပျိုးနည်းအကြောင်း ကို အခန်းလိုက် ခွဲခြားရေး ထားပါသည်။

(က-၃-၃၁) ဘတ်ဂျုံ (Buckwheat)

(က-၃-၃၂) လင်းဆိပင် (Flax)

(က-၃-၃၃) ဝါ (Cotton)

(က-၃-၃၄) ဆေးရွက်ကြီးပင် (Tobaco)

(က-၃-၃၅) သကြားမုံလာ (Sugarbeet)

(က-၃-၃၆) အာလူး (Potato)

(က-၃-၃၇) ကန်ဇွန်းဥနှင့်ဝဥ (Sweet Potato and Yam)

(က-၃-၃၈) ကနိုလာဆီမုံညင်း (Rapeseed/Canola)

(က-၃-၃၉) အခြားစက်မှုကုန်ကြမ်းသီးနှံများ (Miscellaneous Industrial Crops)

(က-၃-၄၀) အခြားအစားအစာနှင့်တိရိစ္ဆာန်အစာသီးနှံများ (Miscellaneous Food and Forage Crops) စသည်တို့ဖြစ်ပြီး အပိုင်း ၄-ပိုင်း၊ အခန်း ၄၀၊ စာမျက်နှာ ၉၅၄-မျက်နှာ ရှိသောစာအုပ်ကြီးဖြစ်ပါသည်။ 

မြန်မာနိုင်ငံအတွက် ၁၉၆၉-ခုနှစ်တွင်ထုတ်ဝေခဲ့သော ဆရာကြီးဒေါက်တာဆလိုင်း ထွန်းသန်း၏ ‘အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ’ စာအုပ်တွင်

ပထမပိုင်း

အခန်း (၁) စိုက်ပျိုးအကြောင်းစုပေါင်းသိစရာ

အခန်း (၂) စိုက်ပျိုးရေးသမိုင်း

အခန်း (၃) စိုက်ပျိုးရေးမိုးလေဝသပညာ

အခန်း (၄) စိုက်ပျိုးကိရိယာများခွဲခြားခြင်း

အခန်း (၅) မြေပြုပြင်ခြင်း

အခန်း (၆) စိုက်ပျိုးနည်းများ

အခန်း (၇) စိုက်ပျိုးပုံနည်းစနစ်များ

အခန်း (၈) ပေါင်းနှင့်၎င်းတို့ကိုနှိမ်နှင်းခြင်း

ဒုတိယပိုင်း

အခန်း (၉) မြေဆီလွှာဖြစ်ပေါ်လာခြင်းအကြောင်း

အခန်း (၁၀) မြေတွင်ပါဝင်သောအစိတ်အပိုင်းများ

အခန်း (၁၁) မြေ၏ရူပဂုဏ်သတ္တိများ

အခန်း (၁၂) မြေ၏ဓာတုဂုဏ်သတ္တိများ

အခန်း (၁၃) မြေထဲမှသက်ရှိသတ္တဝါများ

အခန်း (၁၄) အပင်ကြီးထွားခြင်းနှင့်အဟာရဓာတ်များ

အခန်း (၁၅) မြေဩဇာများနှင့်၎င်းတို့ကိုအပင်အားကျွေးမွေးခြင်း

အခန်း (၁၆) မြေကိုစမ်းသတ်ဓာတ်ခွဲရန်နမူနာယူခြင်း

အခန်း (၁၇) မြေတိုက်စားခြင်းနှင့်ကာကွယ်ခြင်း

အခန်း (၁၈) ဆည်မြောင်းနှင့်ရေသွင်းရေထုတ်နည်းပညာ စသည်တို့ပါဝင်ပါသည်။

မြန်မာနိုင်ငံအတွက် ၂၀၀၄-ခုနှစ်တွင်ထုတ်ဝေခဲ့သော ဆရာကြီးဒေါက်တာ ထွန်းဆိုင်၏ ဒုတိယစာအုပ် ‘အခြေခံစိုက်ပျိုးရေးပညာ’ စာအုပ်တွင်

အခန်း (၁) မြန်မာနိုင်ငံ၏တည်နေရာနှင့်ရာသီဥတုဖြစ်ပေါ်လာပုံ

အခန်း (၂) မြေဆီလွှာဖြစ်ပေါ်လာပုံ

အခန်း (၃) မြေဆီလွှာဆုံးရှုံးမှုများ

အခန်း (၄) မြေဆီလွှာထိန်းသိမ်းနည်းများ

အခန်း (၅) ရေအရင်းအမြစ်များ

အခန်း (၆) မြေတွင်းအစိုဓာတ်ထိန်းသိမ်းနည်းများ

အခန်း (၇) အပင်အဟာရဓာတ်များ

အခန်း (၈) သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ

အခန်း (၉) လယ်ယာမြေပြုပြင်သောကိရိယာများ

အခန်း (၁၀) သီးနှံစိုက်ပျိုးရန်မြေပြုပြင်နည်းများ

အခန်း (၁၁) သီးနှံစိုက်ပျိုးနည်းစနစ်အမျိုးမျိုးနှင့်သီးနှံပုံစံများ

အခန်း (၁၂) ရေနက်ကွင်းစိုက်ပျိုးရေး

အခန်း (၁၃) ကိုင်းကျွန်းမြေသီးနှံစိုက်ပျိုးရေး

အခန်း (၁၄) လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ကူးပြောင်းရေး

အခန်း (၁၅) ကောက်ပဲသီးနှံစိုက်ပျိုးရေး

အခန်း (၁၆) ဆီထွက်သီးနှံများစိုက်ပျိုးရေး

အခန်း (၁၇) ပဲမျိုးစုံစိုက်ပျိုးရေး

အခန်း (၁၈) အခြားသီးနှံများစိုက်ပျိုးရေး စသည်တို့ပါဝင်ပါသည်။

စာရေးသူ၏အတွေး

နိုင်ငံတကာတွင် ဤကဲ့ ဘာသာရပ်ပေါင်းစုံမိတ်ဆက်အဖြစ်ပါဝင်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ အတွက် အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ စာအုပ်ရေးသား သည်ဆိုပါက အခန်း (Chapter) အလိုက် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ရေး သား ဖော်ပြလေ့ရှိပါသည်၊

ဆရာကြီး ၂-ဦးရေးသားခဲ့သော စာအုပ်များမှာလည်း ၄၇-နှစ်နှင့် ၂၂-နှစ် ကြာမြင့်သွား ပါပြီ။

ဆရာကြီးဒေါက်တာဆလိုင်းထွန်းသန်းမှာ အသက် ၉၆-နှစ် အရွယ်ဖြင့် အမေရိကန်နိုင်ငံ တွင် နေထိုင်လျက်ရှိပြီး ဆရာကြီး ဒေါက်တာထွန်းဆိုင်မှာ ကွယ်လွန်သွားပါပြီ။ စာရေးသူတို့အပါအဝင် လူကြီး၊ လူငယ်စိုက်ပျိုးရေးပညာရှင်များက ပုခုံးပြောင်း တာဝန်ယူရတော့မည်မဟုတ်ပါလား?

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Martin, J.H.; Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. 4th Ed. Pearson_prentice Hall, New Jersey.  954p.

 

Prately, J. (2003) Principles of Field Crop Production. 4th Ed. Oxford University Press. 550p.

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်