သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းပညာ

27/02/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (64)  Agro-Forestry (Part – 2)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၄)  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (အမှတ်စဉ် -၂)   

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ပညာပေးဆောင်းပါး (အမှတ်စဉ် - ၁) ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၃) တွင် စတင်ရေးခဲ့ပါသည်။ 

ကျွန်တော်တို့နိုင်ငံမှလွဲ၍ အရှေ့တောင်အာရှနှင့်အာရှနိုင်ငံအများစုမှာ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ဘာသာရပ်ကို လက်မှတ်ရသင်တန်း (Certificate Level Course)၊ ဒီပလိုမာ (Diploma)၊ ဘွဲ့ဒီဂရီ (Bachelor Degree)၊ မဟာသိပ္ပံ (Master of Science - Agroforestry)၊ နောက်ဆုံး ပါရဂူဘွဲ့သင်တန်း (PhD Degree Program)  အထိ သင်ကြားလေ့လာ သုတေသန ပြုလုပ်နေကြတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ အရှေ့တောင်အာရှနိုင်ငံများတွင် လုပ်ကွက်ငယ်လယ်သမား အများစုနေထိုင်ကြပြီး စိုက်ပျိုးမြေ စုစုပေါင်း၏ ၇၇.၈%  သည် သီးနှံသစ်တောရောနှောစိုက်ခင်းများ ဖြစ်ကြပါသည်။ 

အဓိပ္ပာယ်ကို ပြန်ပြောရလျှင် 

မြေတစ်နေရာထဲ သီးနှံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းတို့ကို သစ်တော၊ သစ်ပင်၊ နှစ်ရှည်သီးနှံပင်များနှင့် ရောနှောစိုက်ပျိုးကာ မြေကိုစနစ်တကျ ကောင်းစွာအသုံးချနည်း ဖြစ်သည်။  (သို့မဟုတ်)

• စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောကို မြေအသုံးချမှုတစ်ခုတည်းတွင် အတူတကွ ပေါင်းစပ်လုပ်ကိုင်ခြင်းတို့ ဖြစ်ပါသည်။

 

ပုံ ၁ - သီနှံသစ်တောရောနှောစိုက်ခြင်း

ဤသို့ သစ်တော (Forest) နှင့် သီးနှံ (Crop) ရောနှောစိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ - 

မြေဆီလွှာ မျောပါဆုံးရှုံးခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးပါသည်။ ထို့အပြင် ရေ၊ မြေဆီလွှာတွင်ပါဝင်ပစ္စည်းများ၊ ဩဂဲနစ်ဓာတ်ပစ္စည်းများနှင့် အာဟာရဓာတ်များ ဆုံးရှူံးမှုကိုလည်း လျော့နည်းစေနိုင်ပါသည်။ 

• မြေဆီလွာအတွင်း ဩဂဲနစ်ပစ္စည်းများနှင့် ဇီဝလုပ်ငန်းစဉ်ကို ထိန်းပေးပါသည်။ သို့ရာတွင် အဆိုပါထိန်းထားနိုင်မှုသည် စိုက်ပျိုးမှုစနစ်ရှိ သစ်ပင်အမျိုးအစားပေါ်တွင် မူတည်ပါသည်။ ပုံမှန်အားဖြင့် ဧရိယာတစ်ခု၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းသည် သစ်ပင်ထိပ်ပိုင်းရွက်အုပ်များဖြင့် ဖုံးလွှမ်းနေခြင်းဖြင့် အော်ဂဲနစ်ပစ္စည်းများကို ထိန်းသိမ်းထားရပါမည်။

• သီးနှံပင်များတွင်ကျရောက်သော ပိုးမွှားရောဂါများ လျော့ပါးစေနိုင်ပါသည်။

• ရာသီဥတုဆိုးဝါးလာမှုကို ထိန်းသိမ်းပေးနိုင်ပါသည်။

• ထုတ်ကုန်မျိုးစုံထုတ်လုပ်ပေး၍ ဝင်ငွေပိုရပါသည်။ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုလာနိုင်ပါသည်။ 

(သတိပြုရန် - နှစ်ရှည်သီးနှံစိုက်ပျိုးရာတွင် တောင်စောင်း (ဆင်ခြေလျှော) ၁၅-ရာခိုင်နှုန်း ထက်မပိုသင့်ပါ)။

ဤစနစ်၏ ဂုဏ်သတ္တိများမှာ 

• ရေရှည်တည်တံ့စေမှု (Sustainability)

• ထုတ်လုပ်နိုင်စွမ်းအား  (Productivity)

• လက်ခံကျင့်သုံးနိုင်ခြင်း (Practice) တို့ဖြစ်ပါသည်။

အရှေ့တောင်အာရှ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းပညာ သင်ကြားရေးကွန်ယက်  (The Southeast Asian Network for Agroforestry Education - SEANAFE) ကို ၁၉၉၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနှင့် ဗီယက်နန်နိုင်ငံတို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံပေါင်း ၈၅ ကျောင်းတို့က တက်ကြွစွာပါဝင် လှုပ်ရှားနေလျက်ရှိပါသည်။ 

သင်ကြားပေးသောဘာသာရပ်များမှာ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပညာ စသည့် ဘာသာရပ်ပေါင်းစုံ စုပေါင်းပါဝင်သော သင်ရိုးညွန်းတန်းများ ဖြစ်ပါသည်။

ဥပမာ - အိန္ဒိယနိုင်ငံရှိ ဒူနီယာတက္ကသိုလ် (The University of Dunia, India) တွင်   သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းပညာဘွဲ့သင်တန်း (BSc - Agroforestry) အတွက် ပို့ချပေးနေသော ဘာသာရပ်များမှာ -

  • (၁) အခြေခံ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းပညာ မိတ်ဆက် (Introduction to Agroforestry  )
  • (၂) မြေဆီလွှာသိပ္ပံပညာ (Soil Science)
  • (၃) အပင်ဇီဝကမ္မဗေဒ (Plant Physiology)
  • (၄) သစ်ပင်ဇီဝဗေဒနှင့် သစ်တောဂေဟဗေဒ (Tree Biology and Forest Ecology)
  • (၅) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်နှင့် လက်တွေ့ကျင့်သုံးမှုများ (Agroforestry Systems and Practices)
  • (၆) အပင်မျိုးမွေးမြူရေးနှင့်ဗီဇဗေဒ (Plant Breeding and Genetics)
  • (၇) စိုက်ပျိုးပညာပေးရေးနှင့် ဆက်သွယ်ရေးပညာ (Agricultural Extension and Communication)
  • (၈) ရေဝေရေလဲ စီမံခန့်ခွဲခြင်း (Watershed Management)
  • (၉) သဘာဝအရင်းအမြစ်ဆိုင်ရာ စီးပွားရေးပညာ (Natural Resources Economics) စသည်တို့ဖြစ်ပါသည်။ 

အမေရိကန်နိုင်ငံ ဆာဗားနားသုတေသနသိပ္ပံ (Savanna Institute, USA) တွင်လည်း သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း လက်မှတ်ရ သင်တန်းများ သင်ကြားလျက်ရှိရာ တောင်တန်းဒေသစိုက်ကွင်းများ (Agroforestry in Mountain Farms) တွင် စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း တည်ထောင်ခြင်း (Agroforestry Foundation)၊ လူမှုရေးနှင့်တရားမျှတမှု (Social Justice in Agroforestry)၊ နှစ်ရှည်သီးနှံပင်များနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း (Perennial Crops Practice in Agroforestry)၊  သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနှင့်ဈေးကွက်အခြေအနေ (Marketing in Agroforestry) စသည်တို့ဖြစ်ပါသည်။ 

ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်၍ အခြေခံအဆင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း အဝေးမှသင်ယူခြင်း လက်မှတ်ရသင်တန်း (Basic Agroforestry Online Certificate Course – Batch Number - 1 ) အမှတ်စဉ်  (၁) ကို စတင်ဖွင့်လှစ် သင်တန်းပေးခဲ့ပါသည်။ သင်တန်းဆရာများမှာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာစန်းဝင်း၊ ဒေါက်တာသင်းနွယ်ထွေးနှင့် ကျွန်တော်တို့ဖြစ်ပါသည်။

သင်ကြားခဲ့သော သင်ခန်းစာအချို့မှာ 

  • (က) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အဓိပ္ပာယ် (Agroforestry Definitions)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စနစ်အမျိုးမျိုး (Agroforestry Systems)
  • (ခ) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းတွင် အသုံးပြုသောသစ်တောသစ်ပင်များ (Choice of Trees)၊ နှစ်ရှည်သီးနှံပင်များ (Perennial Crops)၊ တစ်နှစ်ခံ လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံပင်များ (Annual Agronomic and Horticultural Crops)
  • (ဂ) တောင်စောင်းမြေစိုက်ပျိုးခြင်းနည်းပညာ (SALT – Sloping Land Agriculture Technology)
  • (ဃ) မြေဆီလွှာ သိပ္ပံ (Soil Science)၊ အပင်မှလိုအပ်သော အာဟာရဓာတ်အမျိုးမျိုး (Plant Nutrients)
  • (င) သီးနှံစိုက်ပျိုးနည်းစနစ်အမျိုးမျိုး (Cropping Systems)၊ ကြားသီးနှံ (Inter-Cropping)၊ သီးထပ်စိုက်ပျိုးခြင်း (Multiple Cropping)၊ စုပေါင်းစိုက်ပျိုးမွေးမြူခြင်း (Integrated Farming) 
  • (ဃ) အိမ်တွင်းဥယျာဉ်ခြံ (Home Garden) ပြုစုပျိုးထောင်ခြင်း
  • (င) ပျိုးခင်းများပြုလုပ်ရာတွင် စီမံခန့်ခွဲခြင်း (Nursery Management) စသည်တို့ဖြစ်ပါသည်။

အခြေခံအဆင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အဝေးမှသင်ယူခြင်း လက်မှတ်ရသင်တန်း (Basic Agroforestry Online Certificate Course – Batch Number - 2 ) အမှတ်စဉ်  (၂) ကို  ဆက်လက် ဖွင့်လှစ်ပါဦးမည်။

ပုံ ၂ - တောင်စောင်းစိုက်ပျိုးခြင်း

ကျွန်တော်တို့အဖွဲ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နှင့် အပင်များကာကွယ်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF – World Wildlife Fund) စီမံကိန်းဖြင့် ထားဝယ်ဒေသ တောင်သူလယ်ယာ စိုက်ခင်းများအတွင်း သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စနစ်ပုံစံ (New Agroforestry Farm Model in Dawei Region) အသစ်ဖော်ဆောင်နိုင်ရေးအတွက် အကြံပြုဆွေးနွေးသင်တန်းများပေးရာတွင် သူတို့ဒေသ၌ စိုက်ပျိုးသော တောင်ယာစပါး (Upland Rice)၊ ကွမ်းသီး (Betel Nut)၊ ဝဥပင် (Elephant Foot Yam) စသည်တို့ အထွက်တိုး ဝင်ငွေပိုမိုရရှိအောင် စနစ်တကျ စိုက်ပျိုးပြုစုနည်းကို သင်ကြားပေးရပါသည်။ 

(ထိုသီးနှံများစိုက်ပျိုးခြင်းကိုဆက်လက်ရေးသားပါမည်။)

(မှီငြမ်းကိုးကား - အစိန်းရောင်အလင်းတန်းများ  KCWG  (၂၀၁၉) ကချင်ပြည်နယ် တောင်ပေါ်မြေပြန့်ဒေသရှိ လုပ်ကွက်ငယ်လယ်သမားများအတွက် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် အကြံပြုချက်များ)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်