ဝက်မဒန်းရွေးချယ်ရာတွင် သတိထားသင့်သည်များ

03/10/2021 20:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    မြန်မာနိုင်ငံရဲ့မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ဝက်မွေးမြူရေးကိုလည်း ပိုမိုကျယ်ပြန့်စွာ မွေးမြူလာကြပါသည်။ ထိုသို့မွေးမြူကြရာတွင် ဝက်သားပေါက်ဝယ်၍မွေးမြူသူများ၊ သားဖောက်ရောင်းသူများနှင့် ကိုယ်တိုင်သားပေါက်‌ဖောက်၍ မွေးမြူသူများလည်းရှိကြသည်။ ကိုယ်တိုင်သားဖောက်သူများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ကျန်းမာသော ဝက်သားပေါက်ငယ်များရရှိရန်မှာ အရေးကြီးပါသည်။ ကျန်းမာသန်စွမ်းသော ဝက်သားပေါက်များရရှိရန်အတွက် ဝက်မဒန်းရွေးချယ်မှန်ကန်မှုရှိရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။ ဝက်မဒန်းများကိုရွေးချယ်ရာတွင် အရေးကြီးသောအချက်များစွာရှိပါသည်။

    ဝက်မဒန်းများကိုရွေးချယ်ရာတွင် နို့သီးတိုင် အနည်းဆုံး (၁၄ )ခု ရှိရပါမည်။ ပါဝင်သောနို့သီးတိုင်များသည် ညီညာရပါမည်။ နို့ကန်းမှုများ မရှိရပါ။ မျိုးရိုးဗီဇကောင်းမွန်ရပါမည်။ သို့မှသာ သားထိန်းစောင့်ရှောက်မှုကောင်းမွန်ပြီး မိခင်မှ ဖိမိခြင်း၊ ကိုက်ခြင်း၊ တက်နင်းမိခြင်း စသော ဆိုးကျိုးများကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါသည်။ အကယ်၍ မှန်ကန်စွာမရွေးချယ်မိပါက သားအောင်နှုန်းမကောင်းခြင်း၊ သားထိန်းညံ့ခြင်း၊ နို့ထွက်နှုန်းမကောင်းခြင်း စသည့်ပြဿနာများစွာကို ကြုံတွေ့ရပြီး ဝက်ကလေးသေဆုံးနှုန်းများကာ စီးပွားရေးထိခိုက်မှု ရှိလာနိုင်ပါသည်။

    ဝက်မွေးမြူရေးသမားများအနေဖြင့် မိမိရွေးချယ်လိုက်သော ဝက်မများသည် ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါများ (ဥပမာ- ဘရူဆဲလ်လား သားလျောရောဂါ) လည်း ကင်းရှင်းရပါမည်။ 

    ဝက်မဒန်းမများရွေးချယ်ရာတွင် ခန္ဓာကိုယ်အချိုးအစားရွေးချယ်မှုမှာလည်း အရေးကြီးလှပါသည်။ ရွေးချယ်လိုက်သော ဝက်မဒန်းမများသည် ခန္ဓာကိုယ်အချိုးစားကောင်းမွန်၍ ‌ခြေထောက်လက်ထောက် တောင့်တင်းသန်မာရပါမည်။ သင့်တော်သော မအင်္ဂါ(တန်ဆာ) ရှိရပါမည်။ သို့မှသာ မွေးဖွားရာတွင် လွယ်ကူနိုင်မှာဖြစ်ပါသည်။

    ပထမဦးစွာ ဝက်မဒန်းများကို သားတင်ရန် အကောင်းဆုံးအချိန်မှာ ၁၃၅ကီလို (ပိဿာ ၈၀)ခန့် နှင့် အသက်အားဖြင့် (၈) လ (သို့) ရက်ပေါင်း (၂၄၀)ခန့် ရှိရပါမည်။ ဝိတ်တန်းငယ်၍ အသက်ငယ်သော ဝက်မဒန်းများကို သားစပ်မိပါက သားပေါက်နှုန်းနည်းခြင်း၊ သားပေါက်ကြိမ်ရေနည်းခြင်း စသောဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ ဝက်မဒန်းများကိုသားတင်ရာတွင် ပထမမြိုင်ကိုကျော်၍ ဒုတိယ သို့မဟုတ် တတိယမြိုင်မှသာ သားတင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပထမမြိုင်တွင်သားဥကြွေနှုန်း (12.2 )ခန့်၊ ဒုတိယမြိုင်တွင် (14.4) ခန့်နှင့် တတိယမြိုင်တွင် (15-16) ခန့်ရှိသောကြောင့် တတိယမြိုင်မှသားတင်လိုက်လျှင် သားပေါက်ကောင်ရေ ပိုမိုရရှိနိုင်ပြီး မျိုးပွားအင်္ဂါများလည်း ကောင်းစွာဖွံ့ဖြိုးနေပြီဖြစ်သောကြောင့် သားဆက်များများအသုံးပြုနိုင်မည်ဖြစ်ပါသည်။

    မျိုးဝက်မများရွေးချယ်၍သားစပ်ရာတွင် ဝက်မ​၏ခန္ဓာကိုယ်အနေအထားကို မူတည်၍ အဆင့် အဆင့် (၁) မှ (၅) အထိ သတ်မှတ်ထားပါသည်။ အဆင့်( ၁ ) မှာအရမ်းပိန်လွန်ပြီး အဆင့် ( ၅ ) မှာ အရမ်းဝလွန်းခြင်းဟု သတ်မှတ်ထားပါသည်။

    အဆင့် (၁) - အရမ်းပိန်နေပါက သားအောင်မှုနည်းခြင်း၊ သားမွေးရခက်ခြင်း၊ မွေးချိန်ကြာခြင်း စသောဆိုးကျိုးများကို ဖြစ်စေပါသည်။ မွေးချိန်ကြာသောကြောင့် ဝက်ကလေးသေဆုံးနှုန်းမြင့်မားခြင်း၊ နို့ဦးရည်ကောင်းစွာမရရှိနိုင်ခြင်း စသည့်ပြဿနာများကြုံတွေ့လာနိုင်ပါသည်။

    အဆင့် ( ၅ ) - အရမ်းဝနေပါက အဆီများ၍ မွေးရခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ မိမိခန္ဓာကိုယ်မနိုင်ခြင်း စသောဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

    ထို့ကြောင့် သားစပ်ရန် ခန္ဓာကိုယ်အရွယ်အစား‌ရွေးချယ်ရာတွင် အဆင့်မပိန်လွန်း မဝလွန်းသော အဆင့် (၂) နှင့် (၃) မှာ အကောင်းဆုံးဖြစ်၍ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရှိနေပြီဖြစ်တဲ့အတွက် ဗိုက်ထွက်ကာ ဝဖြိုးနေသောအနေအထားဖြစ်သည့် အဆင့် (၄) ဖြစ်နေရပါမည်။ ဝက်မတစ်ကောင်ရဲ့  ကိုယ်ဝန်ဆောင်ကာလမှာ ၁၁၄ +/- ၃ရက်ရှိပါသည်။


PROBIO ကြော်ငြာ
ကြက်/ဝက် မွေးမြူရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) များအစား၊ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) များကို ဘာကြောင့်အစားထိုး အသုံးပြုသင့်တာလဲ။ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ လူ၊ တိရစ္ဆာန်တွေမှာကပ်တွယ်ပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ အဏုဇီဝပိုးမွှားတွေကို ကြီးထွားပြန့်ပွားမှု့လျော့ကျအောင် ရှင်းလင်းသုတ်သင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မွေးမြူရေးကဏ္ဍမှာ ၇၀-၈၀% အထိ အသုံးပြုလျက်ရှိကြပါတယ်။ ကြက်မွေးမြူရေးကဏ္ဍမှာဆိုရင် အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေဟာ ကြက်တွေမှာဖြစ်ပွားတတ်တဲ့ အသက်ရှုလမ်းကြောင်းရောဂါ၊ အူလမ်းကြောင်းရောဂါ၊ အခြားသောဘက်တီးရီးယားများကြောင့်ဖြစ်တဲ့ ရောဂါတွေကိုကုသရာမှာ အလွန်ထိရောက်ပါတယ်။ သို့သော်ငြားလည်း ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေကိုအသုံးပြုတဲ့အခါ ဆေးမတိုးတော့တဲ့ အန္တရာယ်ရှိ အဏုဇီဝပိုးမွှားဗီဇပေါ်ထွက်လာနိုင်ပြီး ထိုမှတဆင့် အရေအတွက်အများအပြားအဖြစ်သို့ ပြန်လည်ပွားများလာကာ ပဋိဇီဝဆေးဆေးယဉ်ပါးမှု (𝐀𝐌𝐑) ကိုဦးတည်နိုင်စေပါတယ်။ ဒီနေရာမှာ အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေအစား အစားထိုးအသုံးပြုသင့်တဲ့ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) အကြောင်းကို ထပ်မံအကြံပြုဝေမျှပေးပါရစေ။ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ မွေးမြူရေးတိရစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ အကျိုးပြု အဏုဇီဝပိုးမွှားများဖြင့် ထုတ်လုပ်ထားတဲ့ဆေး (တနည်းအားဖြင့်) အစာ လို့လည်းဆိုနိုင်ပါတယ်။ ၂၀၀၂ ခုနစ်မှာ 𝐖𝐇𝐎 နဲ့ 𝐅𝐀𝐎 ကနေပြီးတော့မှ ပရိုဘိုင်အိုတစ်ဆိုတာ သက်ရှိအဏုဇီပိုးတွေပါဝင်သောဆေးဖြစ်ပြီး လုံလောက်တဲ့ ပမာဏ အထိ တိုက်ကျွေးမယ်ဆိုရင် ပဋိဇီဝဆေးတိုက်ကျွေးစရာမလိုပဲ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အကြံပြုထားတာတွေရှိပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ အဆိုပါ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို ပဋိဇီဝဆေးဝါးများအစား၊ အစားထိုးအသုံးပြုခြင်းက အန္တရာယ်ရှိအဏုဇီဝပိုးမွှားတွေရဲ့ ဆေးယဉ်ပါးမှု (𝐀𝐌𝐑) ဖြစ်ပွားနိုင်ချေ ရာခိုင်နှုန်းကိုလျော့ချနိုင်ပြီး မွေးမြူရေးတိရစ္ဆာန်တွေရဲ့ဇီဝကမ္မဖြစ်စဉ်များကို အနှောက်အယှက်ပြုခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ "စာရေးသားသူဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု) " Myanmar Innovative Life Sciences Co., Ltd မှ ထုတ်လုပ်ဖြန့်ချိပြီး မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နဲ့အညီ ပြည်တွင်း၌ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို အဆင်သင့်ကူညီပေးမယ့် အရည်အသွေးမြင့် အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO က အသင့်ရှိနေပါတယ်။ အခုပဲဒီလင့်မှာ ပြည့်စုံစွာဖောင်ဖြည့်ပြီးဆက်သွယ်လိုက်ပါ- https://tinyurl.com/MILS-PROBIO 𝐏𝐑𝐎𝐁𝐈𝐎 မှ မွေးမြူရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေကနေ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီပေးမှာဖြစ်ပါတယ်။ 𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ- အမှတ် (၁၆၅)၊ အောင်ဇေယျလမ်းသွယ် (၁) ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ Hotline: 09 263 709 553, 09 267 287 608, Email: enquiries@milsciences.com #MILS #PROBIO
Read more မွေးမြူရေး အကူအညီရယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်