🫘 စပါးအပြီး လက်ကျန်မြေတွင်းအစိုဓာတ်နဲ့ ပဲစိုက်ပျိုးကြမယ့် ဦးကြီးတို့အတွက်
စံချိန်မီတဲ့ ပို့ကုန်ဖြစ်ဖို့အတွက်နဲ့ အထွက်နှုန်းတွေတိုးကြစေဖို့
ခုတ်ဖုံးစိုက်ချိန်ကစလို့ ခူးဆွတ်ပြီး သိုလှောင်ချိန်ထိ
_ အထွက်နှုန်းကောင်းတဲ့ မျိုးရွေးချယ်နည်း
_ အသုံးပြုရမယ့် မြေဩဇာ
_ အချိုးအစားမှန်မှန်နဲ့ ရောဂါနဲ့ ပိုး တည့်တွေ့ဆေးမယ့် လမ်းညွှန်ချက်များအပြင်
_ပိုးသတ်ဆေးဓာတ်ကြွင်းများလို့ ပြန်ပို့ခံရတာမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ရအောင် သတိပြုရမယ့် အချက်များကိုပါ ၅ရက်ကြာ သင်ကြားပေးသွားမယ့်
အစိမ်းရောင်လမ်းရဲ့ မတ်ပဲ၊ ပဲတီစိမ်း သင်တန်းဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။
သင်ကြားပေးမယ့် ပညာရှင်တွေကတော့
🧑🏫 မေးသမျှကို စိတ်ရှည်ရှည်နဲ့ အမြဲသင်ကြားဖြေကြားပေးလေ့ရှိတဲ့ ဆရာဒို့ဦးလေးနဲ့
🧑🏫 အစားအစာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ GAP guideline များကို သင်တန်းကျောင်းတွေကစလို့ စိုက်ခင်းတွေအထိ လိုက်လံပို့ချသင်ကြားပေးနေသည်သာမက စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကို အွန်လိုင်းပလက်ဖောင်းများမှ တဆင့် မျှဝေပေးနေတဲ့ ဒေါက်တာဝဏ္ဏထွန်းတို့က
⏰ နိုဝင်ဘာ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်နေ့များရဲ့ မြန်မာစံတော်ချိန် ည ၇ နာရီတိုင်းမှာ Zoom Platform ကို အသုံးပြုပြီး သင်ကြားပြသ ပေးသွားမှာပဲ ဖြစ်ပါတယ်။
‼ သင်တန်းကြေးအနေနဲ့ မြန်မာကျပ်ငွေ ၅၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီးတော့ အောက်တိုဘာ ၃၁ ရက်နေ့မတိုင်ခင် အပ်နှံထားတဲ့တောင်သူများကတော့ ၄၉၀၀၀ ကျပ် Discount နဲ့ သင်ကြားခွင့်ရရှိမှာမို့လို့..
စိတ်ဝင်စားတဲ့ မိတ်ဆွေတောင်သူများအနေနဲ့ အစိမ်းရောင်လမ်း Fb Page Messenger ဒါမှမဟုတ် Viber Number 095053570 သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါပြီရှင့်



Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more