ပျားအိမ်များ၏ အခန်းကဏ္ဍ

14/01/2022 14:15 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ပျားမွေးမြူရာတွင် ပျားတို့၏ ပင်ကိုသဘာဝ အလေ့အကျင့်များကို သိရှိထားရန် အရေးကြီးပါသည်။ မိမိမွေးမြူမည့် နေရာဒေသ၏ ရာသီဥတုအခြေအနေနှင့်အညီ သင့်လျော်​သော ဝတ်ရည်စုပ်ပျားများကို မွေးမြူသင့်ပေသည်။

ပျားများကို ပျားရည်အတွက် မွေးမြူရာတွင် သဘာဝအလျောက် ပျားများတည်ဆောက်ထားကြသည့် ပျားအုံပုံစံအား တီထွင်၍ မွေးမြူကြရပါမည်။ အဓိကအားဖြင့် ပျားမွေးမြူရာတွင် အသုံးပြုသော ပျားအိမ်များမှာ-

၁။ ကောက်ရိုးခွေပျားအုံ

       ကောက်ရိုးခွေပျားအုံကို ကရွတ်များပြုလုပ်သကဲ့သို့ ကောက်ရိုးများကိုစုစည်းပြီး အပေါ်မှ ကြိမ်များဖြင့် ပတ်ထားရသည်။ ထိုကောက်ရိုးခွေများကို တစ်ခုပေါ်တစ်ခုဆင့်၍ တည်ဆောက်ကြသည်။ အပေါ်တည့်တည့်တွင် အပေါက်တစ်ပေါက်ကိုလည်း ပြုလုပ်ပေးထားကြပါသည်။

        ကောက်ရိုးခွေအုံကို အသုံးပြုရာတွင် အောက်ခံအဖြစ် ပျဥ်ပြားချပ်ကြီးတစ်ခု ပါလေ့ရှိပါသည်။ ဝတ်မှုန်ကူးခြင်းအား ပို၍ထိရောက်မှုရှိစေရန် ဥယျာဥ်ခြံများထဲတွင် မွေးမြူမည်ဆိုပါက ကောက်ရိုးခွံ အသုံးပြုလေ့ရှိသည်။ ပျားများသည် ကောက်ရိုးခွေအုံထဲတွင် ပျားရည်များစုဆောင်းကြရာ ပျားရည်အသင့်ထုတ်ယူနိုင်ကြသည်။

၂။ W.B.C ထရံနှစ်ထပ် ပျားအုံ

        W.B.C ထရံနှစ်ထပ် ပျားအုံမှာ အကာ ၂ထပ် ရှိသည်။ အတွင်းပိုင်းရှိ ပျားများနေထိုင်သည့် ပျားအုံထရံပေါ်မှ ထရံ၁ထပ် ကာရံထားသည်။ ဤကဲ့သို့ ၂ထပ် ကာရံထားသဖြင့် ပျားအုံထဲတွင် အစဥ်ခြောက်သွေ့နေပါသည်။ ပျားမွေးမြူရာတွင် ပျားအုံထဲ စွတ်စို၍မနေရန်မှာ အရေးကြီးလှသည်။ ခြောက်သွေ့နေပါက အအေးဓာတ်ပြင်းထန်သော ရာသီတွင်ပင် ပျားများကောင်းစွာ အသက်ရှင်နေနိုင်ပါသည်။

       ဤပျားအုံအမျိုးအစားတွင် အောက်ဆုံး၌ ပျားအုံတင်ရန် ခုံရှိသည်။ ထိုအပေါ်၌ ပျားများပေါက်ဖွားရန် “သားပေါက်ခန်း” ရှိသည်။ ထိုပေါ်မှ နောက်ထပ် ပျားရည်ခန်း ဆင့် တစ်ခုရှိသည်။ ထိုပျားရည်ခန်းထဲတွင် ပျားများသည် ပျားရည်များ သိုမှီးစုဆောင်းထားကြသည်။ ထိုအပေါ်မှ နောက်ထပ် ခန်းဆင့် တစ်ခုတင်ထားပြန်သည်။ ထိုခန်းဆင့်များမှာ ပျားရည် စုဆောင်းရန်အတွက် ပျာရည်ခန်းပင် ဖြစ်သည်။အပေါ်ဆုံးတွင် ခေါင်မိုးရှိပြီး တစ်ဖက်မှတစ်ဖက်သို့ နိမ့်ဆင်းသွားသည်။ ဤသို့ဖြင့် မိုးရာသီတွင် မိုးရေများအောက်သို့ အလွယ်တကူ ကျစေပါသည်။

       အထက်ပါအတိုင်း အခန်းများကို တစ်ခုပေါ် တစ်ခုဆင့်ထားရာတွင် အပေါ်ခန်း၏ထရံသည် အောက်ခန်း၏ ထရံကို ငုံလျက်သားရှိစေအောင် ပြုလုပ်ထားရပါမည်။ ဤသို့ဖြင့် မိုးရာသီနှင့် ဆောင်းရာသီတွင် ရေများအထဲသို့ မဝင်နိုင်ပေ။

       ပျားအုံ၏အောက်ဘက်တွင် ပျားများဝင်ထွက်နိုင်စေရန် အပေါက်တစ်ပေါက် ပြုလုပ်ထားပြီး ပျားများနားနေနိုင်စေရန်အတွက် အပေါက်ရှေ့တွင် ပျဥ်ပြားတစ်ချပ်တပ်ဆင်ပေးထားရပါမည်။

၃။ ထရံတစ်ထပ်နေရှင်နယ် ပျားအုံ

      ဤပျားအုံတွင် ထရံတစ်ထပ်တည်းသာ ရှိသည်။ ပြင်ပလေနှင့် ပျားများကြားတွင်း ထရံတစ်ခုသာ​​ ခြားသည်။ အခန်းများမှာ (W.B.C) ပျားအုံမှာကဲ့သို့ပင် အဆင့်ဆင့် ပြုလုပ်ထားသည်။ အောက်ဆုံးတွင် ပျားတင်ရန် ခုံရှိသည်။ ထိုအပေါ်မှ ပျားများပေါက်ရန် သားပေါက်ခန်း ရှိသည်။ ထိုသားပေါက်ခန်းအပေါ်တွင် ပျားရည်များ စုဆောင်းရန် ပျားရည်ခန်း ရှိသည်။ အပေါ်ဆုံးရှိ အမိုးကို သတ္တုဖြင့် ပြုလုပ်ထားသည်။ ဤပျားအုံမှာ (W.B.C)မှ ပျားအုံထက် အစိတ်အပိုင်းပိုနည်းပြီး ရွှေ့ပြောင်းရာတွင်ပို၍လွယ်ကူသည်။ သို့သော် အတွင်းသို့ အစိုဓာတ် အလွယ်တကူဝင်နိုင်ပါသည်။

မှီငြမ်း-သိပ္ပံသန်းအေး၏ “ ပျားမွေးမြူခြင်း လုပ်ငန်းအဆင့်ဆင့်” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်