အမိုင်နိုအက်ဆစ်သုံးရင် ဒီ (၄) မျိုး အကျိုးထူးရမယ်

23/07/2021 13:00 PM တွင် Nan Su San Nan Su San မှ ရေးသား

    အပင်အာဟာရအကြောင်းပြောကြတဲ့အခါ အမိုင်နိုအက်ဆစ်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာကတော့ ကျော်သွားတတ်ကြပါတယ်။

    အပင်ဇီ၀ကမ္မဗေဒနဲ့ပတ်သတ်ပြီး  အမိုင်နိုအက်ဆစ်ရဲ့အခန်းကဏ္ဍကို များများပြားပြား လေ့လာထားတာတွေ မရှိသေးပေမယ့် အမိုင်နိုအက်ဆစ်ဟာ အပင်အတွက်လိုအပ်တဲ့/ အပင်ကိုကျွေးရမယ့် အာဟာရဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

    အမိုင်နိုအက်ဆစ်ဟာ အပင်ဆဲလ်တွေ သန်စွမ်းဖို့၊ ရောဂါဒဏ်ခံနိုင်ရည်ရှိဖို့၊ အမြစ်တွေသန်မာဖို့ စတဲ့ အပင်ရဲ့ဆောင်ရွက်ချက်တွေအတွက် အဓိကအရေးကြီးသလို၊ ပန်းပွင့်ကြီးကြီးတွေပွင့်ဖို့ ၊ စံချိန်လွန် ဖရုံသီးတွေသီးဖို့နဲ့ အထွက်နှုန်းတွေ တန်ချီပြီးထွက်ဖို့  အရေးပါလှတဲ့ အာဟာရဓါတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

    အပင်၊ မြေကြီးနဲ့  အဏုဇီ၀ပိုးမွှားတွေရဲ့ ဇီ၀ဖြစ်စဉ်တွေမှာလည်း များစွာအထောက်အကူပြုစေတဲ့ အမိုင်နိုအက်ဆစ်ဟာ မိတ်ဆွေရဲ့ ဥယျာဉ်အတွက် အဖိုးတန်အာဟာရဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

    မြေကြီးထဲမှာရှိတဲ့ အမိုင်နိုအက်ဆစ်ဟာ အပင်အကျိုးပြုဟော်မုန်းများကို ကပ်တွယ်မှုဖြစ်စေပြီး အပင်ကြီးထွားမှုဖြစ်စဉ်များကို အထောက်အပံ့ ဖြစ်စေပါတယ်။

     ဒါ့အပြင် မြေကြီးထဲမှာရှိနေတဲ့ အပင်အကျိုးပြုသက်ရှိများ/ အဏုဇီ၀ပိုးမွှားတွေရဲ့ အပြင်ဘက်နံရံတွေကို ကျန်းမာသန်စွမ်းစေပြီး ကြမ်းတမ်းတဲ့အခြေအနေကို ခံနိုင်ရည်ရှိစေပါတယ်။ 

    အမိုင်နိုအက်ဆစ်ရဲ့ နောက်အကျိုးကျေးဇူးတစ်ခုကတော့  ရာသီဥတုဒဏ်/ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော၊ ကျန်းမာသန်စွမ်းသော၊ အာဟာရစုပ်ယူမှု အားကောင်းသော အမြစ်များစွာကို  ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။

    အပင်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်ကို ရွက်ဖျန်းပေးခြင်းအားဖြင့် အပင်မှ အလွယ်တကူရရှိနိုင်ပါတယ်။

    အမိုင်နိုအက်ဆစ်ဖျန်းပေးခြင်းအားဖြင့် အပင်အတွက် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါမယ်။

(၁) အပူချိန်မြင့်မားခြင်း/ စိုထိုင်းစ နိမ့်လွန်းခြင်း/ ဆီးနှင်းကျခြင်း/ ပိုးမွှားကျရောက်ခြင်း/ မိုးသီးမုန်တိုင်းတိုက်ခိုက်ခြင်း/ရေကြီးခြင်းတို့ရဲ့ နောက်ဆက်တွဲပြဿနာများကတော့ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပါတယ်။ ဒီလိုရာသီဥတုဒဏ်တွေ မတိုင်ခင်/ ရာသီဥတုဒဏ်တွေ ခံစားနေရချိန်/ ခံစားပြီးတဲ့နောက်ပိုင်းမှာ အပင်ကို အမိုင်နိုအက်ဆစ်ဖျန်းပေးမယ်ဆိုရင်  ရာသီဥတုဒဏ်ကနေ ကာကွယ်ပေးနိုင်သလို အပင်ကို မြန်မြန်နလံပြန်ထနိုင်စေပါတယ်။

(၂) အမိုင်နိုအက်ဆစ်ဟာ အပင်အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်မှာ အရေးပါလှတဲ့ Chlorophyll လို့ခေါ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်းလေး ထုတ်ပေးဖို့အတွက်လည်း အဓိကနေရာမှာ ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်ဖျန်းပေးခြင်းဖြင့် Chlorophyll ပမာဏ များများထုတ်လုပ်ပေးနိုင်ပြီး အပင်ရဲ့ အစာချက်လုပ်နိုင်ခြင်းကို မြင့်မားစေနိုင်ပါတယ်။

(၃) အရွက်မျက်နှာပြင်ပေါ်ရှိ လေရှူပေါက်များ ဖွင့်ခြင်း၊ ပိတ်ခြင်းဖြစ်စဉ်များကို ပြင်ပမှ အလင်းရောင်၊ အပူချိန်၊ စိုထိုင်းစများအပြင် အမိုင်နိုအက်ဆစ်ကလည်း သက်ရောက်မှုဖြစ်စေပါတယ်။ 

(၄) အမိုင်နိုအက်ဆစ်ဟာ ဝတ်မှုန်များ သန္ဓေအောင်နှုန်းမြင့်မားစေပြီး မျိုးကူးခြင်းလုပ်ငန်းစဉ်အတွက် အရေးပါလှသော အာဟာရဓါတ်ဖြစ်ပါတယ်။ ဝတ်မှုန်များ အညှောင့်ပေါက်နှုန်းမြင့်မားစေပြီး၊ ဝတ်မှုန်ပြွန်တံများ ပိုရှည်စေပါတယ်။ အကျိုးဆက်အနေနဲ့ အသီးတင်မှု မြင့်မားစေခြင်း၊ အသီးဆဲလ်များ ပိုမိုသန်မာလာစေပြီး ကြာရှည်စွာအထားခံနိုင်ခြင်းနှင့် အနံ့အရသာပိုမိုကောင်းမွန်စေများလည်း ဖြစ်စေပါတယ်။ 

    အပင်အတွက် ကောင်းကျိုးများစွာဖြစ်စေသော အမိုင်နိုအက်ဆစ်ကို တစ်ပတ်တစ်ခါ (သို့) ၃ ပတ်တစ်ခါ မြေကြီးမှာ လောင်းပေးနိုင်သလို/ ၅ ရက်တစ်ခါ (သို့) ၇ ရက်တစ်ခါ ရွက်ဖျန်းအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ နိုက်ထရိုဂျင်ဓါတ်ပါဝင်မှုမြင့်မားသော အမိုင်နိုအက်ဆစ်ဟာ နောင်တစ်ချိန်တွင် နိုက်ထရိုဂျင်မြေဩဇာအစားထိုးအဖြစ် အသုံးပြုနိုင်မည့် အပင်အာဟာရတစ်မျိုးပင် ဖြစ်ပါတော့သည်။

နန်းစုစံ(စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်