Benexia ကုမ္ပဏီက စတင်မိတ်ဆက်လိုက်တဲ့ ချီယာနို့

11/09/2025 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကျွန်ုပ်တို့အနေနဲ့ ပဲ နို့၊ ဗာဒံ နို့၊ အုတ်ဂျုံ နို့ ကဲ့သို့သော နို့ အမျိုးအစားများစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ ချီယာစေ့ နို့ (Chia Milk) ကဲ့သို့သော ထုတ်ကုန်တွေဟာ နို့အစားထိုး ထုတ်ကုန်များအနေနဲ့ နေရာယူလာနေပြီဖြစ်ကာ ပတ်ဝန်းကျင်နှင့် ပိုမိုကိုက်ညီစနစ်ကျသော စံနမူနာတစ်ခုအဖြစ် ထွက်ပေါ်လာလျက်ရှိပါတယ်။  

ချီယာစေ့ကဲ့သို့ ပါဝင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Benexia ဟာ Vegconomist Global ရဲ့ တင်ပြချက်အရ စိုက်ခင်းမှခူးဆွတ်ရရှိထားသော ချီယာစေ့များနဲ့ ပြုလုပ်ထားသည့် အပင်အခြေခံ နို့တစ်မျိုးဖြစ်သော ချီယာစေ့ နို့ (Chia Milk) ကို မကြာသေးမီက စတင်ထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ American Society for Nutrition ရဲ့ အဆိုအရ ချီယာစေ့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ် (healthy fats) များအပြင် အာဟာရပြည့်ဝသော အမျှင်ဓာတ် (dietary fiber) များရဲ့ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆိုပါအာဟာရဓာတ်တွေဟာ အမေရိကန်တွေရဲ့ အစားအစာစနစ်တွေထဲမှာ လိုအပ်နေတဲ့ ‘အထူးအာဟာရ’ တစ်ရပ်လည်း ဖြစ်ပါတယ်။   

Benexia ကုမ္ပဏီရဲ့ ချီယာစေ့ အမှုန့်ကြိတ်ခွဲတဲ့နည်းပညာဟာ အပင်ရဲ့ မူရင်းအာဟာရတန်ဖိုးကို ထိန်းသိမ်းထားနိုင်တဲ့အပြင် နို့ကဲ့သို့ နူးညံ့ချောမွေ့တဲ့ ပုံသဏ္ဍာန်ကိုလည်း ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။      

“ကျွန်မတို့အနေနဲ့ ချီယာစေ့ရဲ့ အာဟာရစွမ်းအားကိုအသုံးချကာ လူတွေနဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက် အပြည့်အဝစဉ်းစားပေးထားတဲ့ ထုတ်ကုန်များကို ထုတ်လုပ်ပေးနေပါတယ်” လို့ Benexia ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sandra Gilliot က ဆိုပါတယ်။ 

Benexia ကုမ္ပဏီဟာ စိုက်ပျိုးရေးကို အခြေခံအသုံးချတဲ့အပြင် မြေဆီလွှာကျန်းမာရေးနဲ့ ဂေဟစနစ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ဖို့ရာအတွက် ပြန်လည်ထူထောင်ပေးရေးဆိုင်ရာ စိုက်ပျိုးရေးနည်းလမ်းများကို အသုံးပြုပြီး မိုးရေ ကိုလုံးဝအခြေခံသော ရေပေးသွင်းတဲ့စနစ်များကို လုပ်ဆောင်နေပါတယ်လို့  ၂၀၂၄ ခုနှစ် ရေရှည်တည်တံ့မှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  

အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ သီးနှံပင်ဆိုင်ရာ အချက်အလက်များအရ ချီယာစေ့ အပင်ဟာ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အပင်တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ချီယာပင်တွေဟာ အစိုဓာတ်အနည်းငယ်သာ လိုအပ်တာဖြစ်ပြီး မကြာခဏရေလောင်းပေးဖို့လည်း မလိုတဲ့အပင်တွေပါ။ ဒါကြောင့် ကမ္ဘာအပူချိန်မြင့်တက်လာပြီး ရာသီဥတုပြောင်းလဲမှုနဲ့ သီးနှံထွက်ရှိမှုတွေ မတည်ငြိမ်လာတော့တဲ့ ယနေ့ခေတ်ကမ္ဘာမှာ ချီယာပင်များစိုက်ပျိုးခြင်းဟာ အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါတယ်။ 

ချီယာ (Chia) အပင်များကို စိုက်ပျိုးရိတ်သိမ်းပြီးတဲ့နောက် Benexia ကုမ္ပဏီဟာ နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုရဲ့  ပါဝင်ပစ္စည်းများ လုပ်ဆောင်ခြင်းအဆင့်မှာ ရေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချထားပြီး အစေ့မှစတင်ကာ နောက်ဆုံးထုပ်ပိုးတဲ့အဆင့်ထိကို အလေအလွင့်အနည်းဆုံးနဲ့ ရေ အသုံးပြုမှုအနည်းဆုံး ဖြစ်စေသော (nearly zero-waste, zero-water) စနစ်ကို အသုံးပြုထားကြောင်း  PR Newswire ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးထုတ်ကုန်အနေနဲ့ ထုတ်လုပ်မဲ့ နို့ထဲမှာသာ ရေကို အဓိကပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းသုံးစွဲကြောင်းလည်း ဖော်ပြထားပါတယ်။   

Benexia ကုမ္ပဏီရဲ့ ထုတ်ကုန်ကို စျေးကွက်ထဲမှာ အများအပြားမိတ်ဆက်နိုင်ခဲ့ပါက ချီယာနို့ (chia milk) ဟာ အိမ်သုံးအခြေခံအစားအစာ ပစ္စည်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း နယူးဇီလန် နိုင်ငံခြားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MFAT) မှ ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်အရ မြောက်အမေရိကတိုက်ရှိ ချီယာနို့ကဲ့သို့ အစားထိုးနို့များရဲ့ စျေးကွက်ဝင်ငွေဟာ ပုံမှန် နို့စျေးကွက်ဝင်ငွေရဲ့  ၂၀% ခန့်ကိုရရှိခဲ့ပြီး အမေရိကန်အိမ်ထောင်စုများရဲ့ ၁၂% ခန့်က အစားထိုးနို့များကို ပိုမိုကြိုက်နှစ်သက်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။ 

“အစားထိုးနို့များရဲ့ အခန်းကဏ္ဍက ဆက်လက်ကျယ်ပြန့်လာနေဆဲ ဖြစ်ပါတယ်” လို့ MFAT မှ ဖြည့်စွက်ပြောကြားခဲ့ပြီး အစားထိုးနို့များကို လူကြိုက်များလာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေက အရသာကောင်းမွန်မှု၊ ကျန်းမာရေးညီညွတ်မှုနဲ့ တာရှည်ခံမှုတွေကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ PIT Journal ရဲ့ အစီရင်ခံစာအရ " ယခင်နှစ်များနှင့် အနာဂတ်တွင် ထင်ရှားစွာ တိုးတက်လာမည့် လမ်းကြောင်း” ကို အခြေခံပြီး ၂၀၁၄ ကနေ ၂၀၂၇ ခုနှစ်အတွင်း လူတစ်ဦးချင်းအလိုက် အစားထိုးနို့များရဲ့ ဝင်ငွေဟာ  ၁၂၇ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

နို့ထုတ်လုပ်မှုမှာ နွားများကိုထိန်းသိမ်းဖို့ရာအတွက် ရေသုံးစွဲမှုအပေါ် အလွန်အမင်းမှီခိုနေရသလို နွား များကနေ စွန့်ထုတ်လိုက်တဲ့ မီသိန်းဓာတ်ငွေ့ (methane) အများအပြားကြောင့်လည်း  ကမ္ဘာ့ပူနွေးမှုကို ပိုမိုတိုးစေနိုင်တာ ဖြစ်ပါတယ်။  

လက်ရှိမှာတော့ ဗာဒံ နို့ (almond milk) ဟာ လူကြိုက်အများဆုံးသော အပင်အခြေခံ နို့ အစားထိုးတစ်မျိုး ဖြစ်သော်လည်း ဗာဒံသီးပင် စိုက်ပျိုးရာမှာတော့ ရေ များစွာရေလိုအပ်ပါတယ်။ ဗာဒံနို့ တစ်ခွက်ရရှိဖို့ဆိုရင် ရေ  ၂၃ ဂါလံကျော် အသုံးပြုဖို့ လိုအပ်ပါတယ်လို့ Business Insider က ရေးသားဖော်ပြခဲ့ပါတယ်။ 

အကယ်၍ အိမ်ထောင်စုများအနေနဲ့ ချီယာနို့ (chia milk) ကို ပိုမိုအစားထိုး အသုံးပြုလာပါက သဘာဝပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ရေသုံးစွဲမှုကို လျှော့ချခြင်းဖြင့် ရေအရင်းအမြစ်များအပေါ် ထိခိုက်မှုပျက်စီးမှုကို လျော့ကျအောင်ကူညီနိုင်ပြီး ကျွန်ုပ်တို့ရဲ့ ပူနွေးလာနေသော ရာသီဥတုအခြေအ‌နေမှာ ရေ အရင်းအမြစ်များ လုံခြုံစိတ်ချရမှုကို ထိန်းသိမ်းထားနိုင်သလို ရေနေ ဂေဟစနစ်များ ရှင်သန်ကြီးထွားစေရန်လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

Benexia ကုမ္ပဏီရဲ့ “ပထမဆုံးအမျိုးအစား” ဖြစ်တဲ့ ချီယာနို့ ထုတ်ကုန်ကို နိုင်ငံတစ်ဝန်းရှိ Costco ဆိုင်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါထုတ်ကုန် ပေါ်ထွက်လာမှုကြောင့် အခြားသော ထုတ်လုပ်သူများအနေနဲ့လည်း ချီယာနို့ (chia milk) ထုတ်လုပ်မှုမှာ ပါ၀င်လာဖို့ရာအတွက် တွန်းအားပေးခံရဖွယ်ရှိပြီး ချီယာစေ့ (chia) ဟာ ရေရှည်တည်တံ့ပြီး ကျန်းမာသော နို့အစားထိုး စားသောက်ကုန်တစ်မျိုးအဖြစ် လူကြိုက်များလာတော့မှာ ဖြစ်ပါကြောင်း...

Ref: https://www.yahoo.com/lifestyle/articles/innovative-food-company-debuts-kind-114500769.html 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်