မုန်ညှင်းကိုသုံးပြီး သဘာဝနည်းအားဖြင့် ဇီဝမှိုင်းတိုက်ခြင်း

13/02/2024 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

အိမ်တွေမှာ ခြင်တွေကိုက်လွန်းလို့ နနွင်းမှိုင်းတိုက်ပစ်လိုက်တာမျိုး ကျွန်တော်တို့တွေ လုပ်တတ်ကြပါတယ်။ ဆန်ဂိုဒေါင်တွေ ပဲဂိုဒေါင်တွေလိုမျိုးမှာလည်း အိတ်တွေမှာ ပိုးတွေမကပ်နေအောင်လို့ အခန်းအလုံပိတ်ပြီး အဆိပ်ငွေ့နဲ့ မှိုင်းတိုက်တာလိုမျိုးတွေ မြင်ဖူးကြားဖူးကြမှာပါ။ 

ဒါဆိုရင် စိုက်ပျိုးရေးမှာရော?

မြေကြီးထဲမှာ နေနေတဲ့ ခိုအောင်းနေတဲ့ ဖျက်ပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေကို အဆိပ်ငွေ့နဲ့ မှိုင်းတိုက်လို့ရလားလို့ မေးလာရင်တော့

သိပ်ရတာပေါ့ခင်ဗျာ … ရတာအပြင်ကိုမှ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေနဲ့ နည်းလမ်းတွေ သုံးပြီးတော့ မှိုင်းတိုက်လို့ရသဗျာ 

ဇီဝမှိုင်းတိုက်ခြင်းဆိုတာဘာလဲ?

ဇီဝမှိုင်းတိုက်ခြင်းဆိုတာကတော့ မြေထဲမှာခိုအောင်းနေနိုင်ကြတဲ့ ဖျက်ပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကို မုန်ညင်းမုန်လာမျိုးနွယ်အုပ်စုဝင်အပင်တွေကို သီးလှည့်အနေနဲ့ စိုက်ပြီးတော့ စီမံတာဖြစ်ပါတယ်။ 

ဂလူကိုစီနိုလိတ် ( GSLs) ပါဝင်ကြတဲ့ အပင်တွေက ဆဲလ်ပိုင်းဆိုင်ရာတွေပျက်စီးတယ် ဆဲလ်ထဲမှာ ရေက ပြိုကွဲမှုဖြစ်စဉ်တွေဖြစ်တဲ့အချိန်မှာ ဂလူကိုစီနိုလိတ်ကို ချေဖျက်တဲ့ ပစ္စည်းဖြစ်တဲ့ အိုင်ဆိုသီယိုဆိုင်ယာနိတ် (Isothiocyanates) ထွက်လာပါတယ်။ 

အိုင်ဆိုသီယိုဆိုင်ယာနိတ်က မှိုနဲ့ နီမတုတ်တွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒီလိုလုပ်တာက စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေအတွက်လည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်ရခြင်းမရှိတဲ့အတွက် ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်လိုလုပ်ဆောင်ကြမလဲ?

မုန်ညှင်းဆိုတာကတော့ ဇီဝမှိုင်းတိုက်ရာမှာသုံးတဲ့ နာမည်ကြီး သီးနှံပါပဲ။ 

ဘာတွေ သိဖို့ လိုအပ်မလဲ?

ကိုယ့်ရဲ့ စိုက်ခင်းမှာ ဘာပိုးတွေကျတာလဲ သူတို့က ဘယ်မှာနေကြတာလဲဆိုတာကိုအရင်ဆုံးစုံစမ်းစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

မြေကြီးကို ဇီဝမှိုင်းတိုက်မယ်ဆိုရင် မြေကြီးထဲမှာရှိနေတဲ့ ဖျက်ပိုးနဲ့ ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေဟာ မြေကြီးရဲ့ အပေါ်မျက်နှာပြင်လွှာ (၁၅ - ၂၀ စင်တီမီတာ (၆ လက်မကနေ ၈ လက်မ)) လောက်မှာ နေထိုင်ကြတာလားဆိုတာကို အရင်ဆုံးလေ့လာပါ။ 

မုန်ညှင်းကိုသုံးမယ်ဆိုရင် မုန်ညှင်း အပင်ဖြစ် ပန်းပွင့်ပြီး မြေထဲကို ထယ်ထိုးရမယ်။ မြေထဲမှာ ရေနဲ့ လေနဲ့ ထိတွေ့ပြီးမှ ပြိုကွဲတဲ့ဖြစ်စဉ်အထိကိုစောင့်နိုင်တယ်ဆိုတာ သေချာမှ စလုပ်ရပါမယ်။ 

ဘာတွေကို နှိမ်နင်းနိုင်ပါသလဲ?

ပင်ညိုးရောဂါကိုဖြစ်စေနိုင်တဲ့ Verticillium မျိုးစိတ်၊ အညွန့်ပုပ်၊ ပင်စည်ပုပ်၊ အမြစ်ပုပ် တို့ကိုဖြစ်စေနိုင်တဲ့ Rhizoctonia မျိုးစိတ်၊ ပင်ညိုးရောဂါကိုဖြစ်စေနိုင်တဲ့ Fusarium မျိုးစိတ်၊ အမြစ်တွေကို တိုက်ခိုက်တတ်တဲ့  Pythium မှိုမျိုးစိတ်၊ မှိုဖြူ တွေကျတတ်စေတဲ့ Sclerotinia မျိုးစိတ် နဲ့ တစ်ချို့သော နီမတုတ်များကိုလည်း သေစေနိုင်ပါတယ်။ မြေထဲမှာနေတဲ့ ကျောက်ပိုး အကောင်လောင်း တွေက ဖျက်ဆီးတဲ့ ဒဏ်ကိုလည်းအများကြီးလျှော့ချနိုင်ပါတယ်။ 

အကျိုးရှိရှိ ဘယ်လိုလုပ်ကြမလဲ

စိုက်ချိန် - မြေကို ဇီဝမှိုင်းတိုက်ချင်လို့ စိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ အပင်ဖြစ်ထွန်းဖို့ သိပ်ဂရုစိုက်စရာမလိုတဲ့ ရာသီမျိုးမှာစိုက်ပျိုးနိုင်ပါတယ်။ ရက် (၆၀) ကနေ (၇၀) မှာ သူတို့ရဲ့ ဇီဝအလေးချိန်က အများဆုံးဖြစ်နေဖို့တော့ လိုပါတယ်။ ဒါကိုချိန်ဆကြည့်ဖို့လိုပါတယ်။

မြေသြဇာကျွေးခြင်း - အကောင်းဆုံး ရလာဒ်ရဖို့အတွက်ဆိုရင် မြေချဉ်ငန်ကိန်းကတော့ ၅.၅ ကနေ ၇ ကြားထဲမှာရှိဖို့လိုပါတယ်။ 

မြေချဉ်ငန်ကိန်း (၅.၅) အောက်ကိုရောက်နေတယ်ဆိုရင်တော့ ဇီဝမှိုင်းတိုက်တဲ့ဖြစ်စဉ်က အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ မုန်ညှင်း ပမာဏများများရလေ ဇီဝမှိုင်းတိုက်တဲ့ ဖြစ်စဉ်အတွက်ကောင်းလေဖြစ်တာမို့ နိုက်ထရိုဂျင်(ပုလဲ)မြေသြဇာကို ထည့်သွင်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့ တစ်ခုကတော့ ဆာလ်ဖာဖြစ်ပါတယ်။ တိတိကျကျထည့်မယ်ဆိုရင်တော့ ပုလဲ နဲ့ ဆာလ်ဖာ ၆း၁ အနေနဲ့ ထည့်ရမှာဖြစ်ပါတယ်။ မစိုက်ခင်က ကြိုကြဲပက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ 

မြေကြီးထဲ ပေါင်းထည့်ခြင်း - ပန်းပွင့်ပြီလားဆိုတာ စစ်ဆေးရပါမယ်။ ပန်းတွေအကုန်ပွင့်ပြီးတော့ အစေ့မထုတ်ခင်မှာ မြေကြီးထဲကို ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။ 

၁) တကယ်လို့များ မျိုးစေ့အဖြစ် ဖြစ်သွားတယ်ဆိုရင် နောက် သီးနှံရာသီအတွက် ပေါင်းပင်ဖြစ်လာနိုင်ပါတယ်။ 

၂) မျိုးစေ့ ထုတ်နေပြီဆိုတဲ့ အဆင့်မှာ ဂလူကိုစီနိုလိတ် ( GSLs) တွေ နည်းသွားပါတယ်။ ဆိုတော့ ပန်းပွင့် အကုန်မပွင့်ခင်မှာ မြေကြီးထဲကို ထည့်ပေးဖို့ စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ 

အောက်မှာအကြမ်း လုပ်ထုံးလုပ်နည်းလေးကို အောက်မှာ ဆက်ကြည့်ပါ။

၁) မုန်ညှင်းပင်တွေ ပန်းအကုန်မပွင့်ခင်မှာ မြေကြီးထဲကိုထည့်ပေးပါ။

၂) မနက်ပိုင်း သို့ ညနေပိုင်းမှာ မြေကြီးထဲကိုထည့်ဖို့စီစဉ်ပါ။ နေပူတဲ့ နေ့ကို ရှောင်ရှားဖို့ သတိပြုပါ။ 

၃) မုန်ညှင်းထည့်မယ့် မြေကြီးက ခြောက်သွေ့နေတာမျိုးမဟုတ်ဘဲနဲ့ မြေကြီးမှာ သင့်တော်တဲ့ အစိုဓာတ်ရှိတဲ့အချိန်မှာထည့်ပေးနိုင်ဖို့ လိုပါတယ်။ 

၄) မုန်ညှင်းတွေကို မြေကြီးထဲ နေရာ အနှံ့ရောက်နိုင်ဖို့အတွက် သေသေချာချာအပိုင်းအစလေးတွေအဖြစ် ခုတ်ဖြတ်တာမျိုး ဖြတ်တောက်တာမျိုးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ 

၅) ပိုင်းဖြတ်ပြီးတာနဲ့ မြေထဲကို ချက်ချင်းထည့်နိုင်အောင် စီစဉ်ပါ။ ၈၀ ရာခိုင်နှုန်းသော မှိုင်းတိုက်နိုင်တဲ့ ဓာတ်ငွေ့တွေက ပထမဆုံး မိနစ် ၂၀ လောက်မှာ ထွက်သွားတတ်လို့ပါ။ ခုတ်ဖြတ်ပြီးတာနဲ့ ချက်ချင်းမြေကြီးထဲ ထည့်ဖို့ တစ်နိုင်တစ်ပိုင်လောက်နဲ့ စပါ။ 

၆) မြေကြီးထဲ ထည့်ရင် ဘယ်လိုထည့်ရမလဲဆိုတော့  ၁၅-၂၀ စင်တီမီတာ (၆ လက်မ ကနေ ၈ လက်မ) လောက်ကို တူးနိုင်တဲ့ ကိရိယာ (ပေါက်တူးဖြစ်ဖြစ်) သုံးပြီးတော့ မြေကြီးထဲမှာ ထည့်ပေးရမှာဖြစ်ပါတယ်။ ထယ်မထွန်ရပါဘူး။ ထယ်ထိုးဖို့ မလိုအပ်ပါဘူး။

၇) အသေးစား လုပ်ကိုင်တဲ့ အကွက်လေးတွေမှာဆိုရင်တော့ မြေကိုဖုံးထားပေးနိုင်ပါတယ်။ အဲ့လိုဆိုရင်တော့ မှိုင်းတိုက်တဲ့ လုပ်ငန်းက ပိုမိုလွယ်ကူမှာဖြစ်ပြီးတော့ အကွက်အကျယ်ကြီးမှာဆိုရင်လည်း မြေဖုံးနိုင်တဲ့ ကောက်ရိုးတို့လိုမျိုးတို့နဲ့ ဖုံးထားပေးနိုင်ပါတယ်။ 

၈) မြေထဲကိုထည့်ပြီးရင် ၁၄ ရက်လောက် ဆွေးမြေ့ဖို့ အချိန်ပေးပြီး မထိပဲ နေဖို့ အကြံပြုပါတယ်။ မြေအပူချိန်က ၁၀ ဒီဂရီဆဲလ်စီးယပ် အောက်ရှိနေတယ်ဆိုရင်တော့ ဒီထက်ပိုပြီး အချိန်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဆိုတော့ 

ဒီလိုဇီဝမှိုင်းတိုက်တာက မြေကြီးထဲက ဖျက်ပိုးတွေနဲ့ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကို ဖိနှိပ်နိုင်ရုံတင်မကပဲနဲ့ မြေသားတိုက်စားမှုများကနေလည်း ကာကွယ်ပေးနိုင်တယ်။ မြေကြီးထဲက အာဟာရဓာတ်တွကိုလည်း ပြန်သုံးလို့ရစေနိုင်တယ်။ မြေသားတည်ဆောက်ပုံလည်း ကောင်းမွန်လာစေတဲ့ အပြင်ကို သူတို့ကလည်း အော်ဂဲနစ်ပစ္စည်းတွေအဖြစ်ပြောင်းလဲသွားကြမှာဖြစ်တဲ့အတွက်ကြောင့် မြေသားအတွက်လည်းကောင်းမွန်လာစေပါတယ်။ ဆိုတော့ အချိန်များရတယ်ဆိုရင် ဘေးအန္တရာယ်ကင်းတဲ့ ဒီလိုသဘာဝနည်းတွေကို သုံးဖို့အတွက် အကြံပေးချင်ပါတယ်ခင်ဗျာ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်