ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး

22/08/2019 11:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   ကြက်ဟင်းခါးသီးကို ပြုတ်တို့၊ ကြော်လှော်ချက်ပြုတ်ခြင်း အစရှိသဖြင့် နှစ်သက်သလို စားသုံးနိုင်သည်။ ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်သည်။ သို့ရာတွင် အစေ့ညှာတိုင်နှင့် အစေ့ကိုဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။ ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့် ကြက်သားတို့ဖြစ်သည်။ အကြောတက်၊ အော့အန်တတ်သည်။ ကြက်ဟင်းခါးသီး၏ အခါးဓာတ်ကိုလျော့ချလိုပါက ဆားရည်စိမ်ပြီးမှ ချက်ပြုတ်သင့်သည်။ ကြက်ဟင်းခါးသီးတွင်ပါဝင်သည့် အပင်ထွက်အင်ဆူလင်သည် ဆီးနှင့်သွေးထဲရှိ သကြားဓာတ်ကို လျော့ကျစေသည့် အကျိုးကျေးဇူးရှိသည်။ ကြက်ဟင်းခါးသီးသည် သွေးတွင်းအင်ဆူလင်အဆင့် ကို တိုးစေခြင်းမျိုးမရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေခြင်းမျိုးဖြစ်သည်။ ကြက်ဟင်းခါးသီးကို စားခြင်းအားဖြင့် 

- သွေးချို၊ ဆီးချို ရောဂါသည်များ၏ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကိုလျှော့ချပေးခြင်း၊

- ကင်ဆာရောဂါများနှင့် အခြားသော ပြင်ပရောဂါများ ကူးစက်မှုမှ ကာကွယ်ပေးခြင်း၊

- ဝမ်းချုပ်တတ်သူများနှင့် အနီရောင်အပိန့်များ စသည့်ရောဂါများမှ ကာကွယ်ပေးခြင်း

- သွေးလည်ပတ်မှုစနစ် ကောင်းမွန်ပြီး ခန္ဓာကိုယ်သွယ်လျလှပစေခြင်း၊

- ပုံမှန်စားသုံးပေးပါက သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊

- မျက်စိနှင့် အာရုံကြောစနစ်အတွက် ကောင်းမွန်စေခြင်း၊

- သွေးသန့်စင်စေခြင်း၊

- လိပ်ခေါင်းရောဂါသမားများအတွက် အရည်ဖျော်တိုက်ပါက သက်သာစေခြင်း၊

- ပန်းနာရင်ကြပ်သမားများအတွက် သက်သာစေခြင်း၊

- အရက်စွဲသူများအတွက် အရွက်ကို အရည်ဖျော်တိုက်ပေးခြင်းဖြင့် အရက်ကြောင့်ဖြစ်သည့် ရောဂါများကို ကာကွယ်နိုင်ခြင်း စသည့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

   ငွေကြေးအကုန်အကျသက်သာစေပြီး လူ့ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသည့်ကြက်ဟင်းခါးသီးကို ဟင်းလျာအဖြစ် ကြော်လှော်ချက်ပြုတ်၍ စားသုံးခြင်းဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြောင်း ရေသားလိုက်ရပါသည်။

Source - လယ်ယာစီးပွား

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်