ဘိုကာရှီမြေဆွေးလုပ်နည်းအွန်လိုင်းသင်တန်း

11/10/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🍁 Bokashi နည်းနဲ့ မြေဆွေးလည်းလုပ်ချင်တယ်~ 

🍁 လူတွေ့သင်တန်းပေးတဲ့နေရာတွေကိုလည်း သွားလို့အဆင်မပြေဘူး~ 

🍁 ပိတ်ရက်မှာပဲ online ပေါ်ကနေ ထိထိရောက်ရောက်သင်ယူလေ့လာချင်တယ်~ ဆိုသူများအတွက် ကျွန်တော်တို့ CPM အဖွဲ့မှ Bokashi Composting Online Training ကို ယူဆောင်လာပါပြီ။ 🎉🎉

ကျွန်တော်တို့ Compost Point Myanmar ကတော့ ရပ်ရွာလူထုအဖွဲ့အစည်းမှ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ သုံးစွဲထုတ်လုပ်မှုပုံစံကို ဦးဆောင်ပြောင်းလဲစေရန် ရည်ရွယ်၍ အကျိုးရှိစေမဲ့ မြေဆွေးမြေသြဇာ လုပ်နည်း သင်တန်းများနှင့် သက်ဆိုင်ရာ အော်ဂဲနစ် ဗဟုသုတ၊ အတွေ့အကြုံများကို ဝေမျှပေးသွားမဲ့ လူငယ်ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အခုTraining ကတော့ ပြန်လည်အသုံးပြုစိုက်ပျိုးရေး (Circular Agriculture)ရဲ့အရေးပါပုံကို အသိပညာပေးရန်၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် အပင်အကြွင်းအကျန်များကို အဖိုးတန်မြေဆွေးအဖြစ်သို့ ပြန်လည်ထုတ်ပေးရန်၊ ဓာတုပစ္စည်းများသုံးစွဲခြင်းမှရှောင်ကြဉ်ရန်နှင့် ၎င်းတို့အား ပိုမိုကျန်းမာတဲ့မြေကြီးအတွက် အော်ဂဲနစ်အလေ့အကျင့်များဖြင့် အစားထိုးနိုင်ရန် ရည်ရွယ်ပါတယ်။

📌ဒါဆိုရင် ဒီ Trainingကို ဘယ်သူတွေ တတ်ရောက်သင့်သလဲ?

အပေါ်မှာပြောပြခဲ့တဲ့အချက်များအပြင် Circular agriculture၊ Sustainability နဲ့ Environment ကိုစိတ်ပါဝင်စားတဲ့သူများအတွက် သင့်လျော်ပါတယ်။ 

📌Training ကနေ ဘာတွေရနိုင်မှာလဲ?

ပထမဦးဆုံး မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် အပင်အကြွင်းအကျန်များကို အဖိုးတန်မြေဆွေးအဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ သေချာစွာသိနိုင်မဲ့ အပြင် Bokashi နည်းနဲ့ မြေဆွေးလုပ်နည်းကို သေသေချာချာနားလည်သဘောပေါက်သွားစေမှာပါ။ 

ပြီးတော့ မိမိကိုယ်တိုင်အိမ်မှာ လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့ကျင့်ချင်သူများအတွက် CPM မှစံချိန်မီ Bokashi အမှုန့်ထုပ်များ လက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး လေ့ကျင့်နေစဥ်တစ်လျှောက်လဲ အောင်မြင်စွာပြီးဆုံးတဲ့အထိ ​​ကူညီအကြံပေးသွားမှာဖြစ်ပါတယ်။

📌အသက်အရွယ်ရော ကန့်သတ်ထားပါသလား?

အသက်ကတော့ အထူးတလည်ကန့်သတ်ထားတာတော့မရှိပေမဲ့ ဒီTrainingနဲ့ပတ်သက်ပြီး ​ရှင်းပြချက်များကို ပိုမိုနားလည်နိုင်မည့် ၁၆နှစ်အထက်ရှိတဲ့ သူများကိုတော့ ပိုအားပေးလိုပါတယ်။ ပြီးတော့ အယောက် ၃၀ ဝန်းကျင်သာလက်ခံသွားမှာမို့ မြန်မြန်လေးတော့ စာရင်းသွင်းမို့လိုမယ်နော်။

📌ဒါဆို ဘယ်လို တတ်ရောက်လို့ရနိုင်မလဲ?

အောက်ပါ linkလေးထဲဝင်ပြီး စာရင်းပေးသွင်းလိုက်ရုံပါပဲ။ 

https://forms.gle/5T6sSpc3BKrhFXcB7

Training အချက်အလက်အသေးစိတ်များ

နေ့ရက် - ၂၃ရက် အောက်တိုဘာလ၊ ၂၀၂၂ (တနင်္ဂနွေ)

အချိန် - ညနေ ၂နာရီ မှ ညနေ ၄နာရီ အထိ

ကြာချိန် - ၂နာရီ

ပလက်ဖောင်း - Zoom 

နောက်ဆုံး စာရင်းပိတ်မည့်နေ့- ၂၀ရက် အောက်တိုဘာလ၊ ၂၀၂၂။ ည ၁၁:၅၉ နာရီ

📣 အင်တာနက်ဖိုးအဆင်မပြေသူများအချို့မှ ဒီ Training လေးကို အဆုံးထိတတ်တတ်ကြွကြွနဲ့ပါဝင်ပေးနိုင်သူကိုတော့ ဖုန်းဘေလ် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်နီးစပ်ရာက စိတ်ဝင်စားတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကို လက်တို့ပေးလိုက်ပါဦးနော်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်