ဒိုင်အေမိုက် ပိုးသတ်ဆေးအုပ်စုထဲက မြန်မာပြည်နဲ့သင့်တော်တဲ့ အစွမ်းထက်အေအိုင် (၄) မျိုး
အခု ထုတ်ထားတာက အရမ်းလည်း မကြာသေးဘူး မြန်မာပြည်ကိုလည်း ရောက်လာပြီဖြစ်တဲ့ ဆေးအုပ်စုတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) တွေပဲဖြစ်ပါတယ်။ ဒိုင်အေမိုက်ဆိုတာ အေမိုက် အုပ်စုရဲ့ အောက်က အခွဲ တစ်ခု ဖြစ်ပါတယ်။ ဘာကွာလဲဆိုရင် အကြမ်းဖျင်းတော့ ဓာတုတည်ဆောက်မှုအရ အေမိုက်အုပ်စု နှစ်ခု ပါဝင်တယ်လို့ပဲ အကြမ်းဖျဉ်း မှတ်ပေးပါ။
အခုပြောနေတဲ့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) ထဲမှာ
မြန်မာပြည်အနေနဲ့ အစွမ်းထက် အေအိုင် (၄) မျိုးက - tetraniliprole, chlorantraniliprole, cyantraniliprole နဲ့ flubendiamide တို့ပဲဖြစ်ကြပါတယ်။
မြန်မာပြည်တွင်းတွေ့ရသော အမည်များ
၁။ လိုင်းအောက် (Flubendiamide) နှင့် (Thiacloprid) အေအိုင်အတွဲ
မှတ်ချက် - Bayer ဘေယာမှ ထုတ်လုပ်၍ ဝိစာရ မှ ပြန်လည်ယူပြီး ဖြန့်သည်။
၂။ ဘဲ့ (Flubendiamide) သီးသန့်
မှတ်ချက် - Bayer ဘေယာမှ ထုတ်လုပ်၍ ရွှေခြင်္သေ့မှ ပြန်လည်ယူပြီး ဖြန့်သည်။
၃။ မာလာမြိုင် ဂိုးရိုး (Flubendiamide) သီးသန့်
၄။ မြန်မာ့ဩဘာ (Flubendiamide) သီးသန့် သို့ အခြား အေအိုင် နဲ့ အတွဲ
ဈေးကွက်အမည် မသိရသေး (Not confirm) မကြာမီ လာနိုင်
၅။ မြန်မာ့ဩဘာ (Cyantraniliprole) သီးသန့် သို့ အခြား အေအိုင် နဲ့ အတွဲ
ဈေးကွက်အမည် မသိရသေး (Not confirm) မကြာမီ လာနိုင်
၆။ JJ-PUN (Cyantraniliprole) သီးသန့် FMC မှ ယူရောင်းနိုင်
ဈေးကွက်အမည် ဘီနီးဗီးယား မကြာမီ လာနိုင် သို့သော် မသေချာ
၇။ ပရီဗာသွန် (Chlorantraniliprole) သီးသန့် (ဆေးဖျန်းပုံစံ)
၈။ ဖာတာရာ (Chlorantraniliprole) သီးသန့် (မြေခံ အမှုန့် ပုံစံ)
နံပါတ် ၇ / ၈ နှစ်မျိုးလုံးသည် ယခင် Dupont မှ ဆေးအေအိုင်ပုံစံကို FMC မှ ပြန်ဝယ်ယူ ထုတ်လုပ်၍ အရစ်စတာ Arysta မှ ပြန်လည်ယူပြီး ဖြန့်သည်။
၉။ ကော်ရာဂျင် (Chlorantraniliprole) သီးသန့် (ဆေးဖျန်း ပုံစံ) Dupont မှ ဆေး အေအိုင် ပုံစံ ကို FMC မှ ထုတ်လုပ်၍ ယခင် JJ-PUN က ပြန်ယူ ရောင်းသည်။ ယခုတော့ သေချာမသိပါ။
၁၀။ Bayer မှ ဗေရီဂို Vayego (Tetraniliprole) မည်သည့် ကုမ္မဏီက ပြန်ယူရောင်းနေလည်းတော့ သေချာမသိ CPP ဖြစ်နိုင်ဖွယ်ရာရှိပါသည်။
ထို ဆေးအေအိုင်များသည် ထွတ်ရှိသည့် ခုနှစ်အရ အောက် ပါအတိုင်း တွေ့နိုင်သည်။
Tetraniliprole (2014) Cyantraniliprole (2013) Chlorantraniliprole (2007) Flubendiamide (1979)
ဆေးများရဲ့ အဆိပ်သင့်ပုံစံသည် ပိုးကောင်များ၏ ကြွက်သားများအတွင်း ကယ်လဆီယမ် ထောက်ပံ့မှုကိုတားစီး၍ ကြွက်သားများကို ပြင်းထန်စွာ ထိခိုက်စေခြင်း၊ ခွန်အားများ ပျော့လျော့သွားခြင်း၊ အစာစားခြင်း ရပ်တန့်သွားခြင်းဖြစ်ပြီး ၇၂ နာရီအတွင်း သေစေခြင်း စသည့် တို့ကို ဖြစ်စေသည်။
IRAC code အရ အုပ်စု နံပါတ် - 28 (Ryanodine receptor modulators)

ဒိုင်အေမိုက် ပိုးသတ်ဆေးများအတွက် ထိရောက်စွာနိုင်သော ပိုးအမျိုးအစားများ - လိပ်ပြာဖလံအုပ်စုများ၊ လောက်ကောင်၊ ဘောက်ဖက်၊ သီးလုံးဖောက်၊ ငမြှောင်တောင်၊ ပွင့်ထွေးပိုးများ စသည်ဖြင့် ဤ အေအိုင် များ၏ ခြားနားချက်ကို သိလိုလျှင် အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။
- Tetraniliprole သည် ပိုးအမျိုးအစားတိုင်းနီးပါးနိုင်၍ မွှားပင့်ကူနီတော့ မနိုင်ပါ။ လူတွင် အန္တရာယ် မရှိသေးပါ။ သဘာဝ ပတ်ဝန်းကျင် မထိခိုက်နိုင်ပါ။ သို့သော် ဆေးကြွင်းကျန်စုဝေးမှုများသည်။
- Cyantraniliprole သည် ကိုက်စားပိုးကော စုပ်စားပိုးများပါနိုင်သည်။ လူတွင် အန္တရာယ် မရှိသေးပါ။ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်သည်။ ဆေးကြွင်းကျန်စုဝေးမှုနည်းသည်။
- Chlorantraniliprole သည် ငမြှောင်တောင်မျိုးနွယ်ဝင် လောက်ကောင်များ ထိရောက်၍ စုပ်စားပိုး များသိပ်မနိုင်ပါ။ ဥပမာ လှေး။ လူတွင် အန္တရာယ် မရှိဘဲ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်ပြီး ဆေးကြွင်းကျန်စုဝေးမှုများသည်။
- Flubendiamide သည် ပိုးအမျိုးအစားတိုင်းနီးပါးနိုင်၍ မွှားပင့်ကူနီများမနိုင်ပါ။ လူတွင် အန္တရာယ်ရှိရုံမက သဘာဝပတ်ဝန်းကျင်လည်းထိခိုက်နိုင်သည်။ ဆေးကြွင်းကျန်စုဝေးမှုများပြီး ပင်လုံးပြန့်နှုန်းနှေးသည်။ (တစ်ခါတလေ လုံးဝမပြန့်ပါ)
အကြံပေးချက်
ပိုးများဆေး မယဉ်လွယ်အောင်ရန်နှင့် ပိုမိုထိရောက်စွာ ပိုးများကို နှိမ်နင်းနိုင်ရန် ဒီအထက်ဖော်ပြပါ ဆေး အုပ်စု တူ ဆေးများကို သီးနှံတစ်ခုစိုက်ချိန်မှာ အတူတူ ခဏခဏ ဖျန်းခြင်းမလုပ်သင့်ပါ။ ဖျန်းမယ်ဆိုလျှင် အခြားဆေးအုပ်စုထဲက အေအိုင်နှင့် တွဲပါ သို့မဟုတ် တစ်လှည့် စီသုံးပါ။ ဥပမာ ပဲ စိုက်တောင်သူ တစ်ယောက်သည် Tetraniliprole လဲဖျန်းမယ် Chlorantraniliprole လဲ ဖျန်းမယ်ဆိုရင် ရေရှည် အကျိုးမရှိပါ။ နောက် ၁ နှစ် ၂ နှစ် ဆို ရင် ဆေး အသစ်ထွက်ဖို့ ဆုတောင်းရန်သာရှိတော့သည်။
Marketing သမားများ၊ ကုမ္မဏီ ဆေးအရောင်းဝန်ထမ်းသမားများနှင့် ဆေးဆိုင်ကဆေးညွှန်းမယ့်သူများက တောင်သူများကို သေချာမေးပါ။ သီးနှံတစ်ရာသီအတွင်း ဘာဆေး အေအိုင် တွေ သုံးထားဖူးလဲ။ စေတနာထားပါ။ ပြောမရတာကတော့ သူတို့ အပိုင်းပါ။ မိမိ အပိုင်းအနေနဲ့ လုပ်ရပ်တိုင်းက လိပ်ပြာသန့်ပါစေ။
ယျေဘုယမှတ်ချက် - ဆေးများမှာ အေအိုင် အပေါ်သာ မူတည်ရေးသားထားပါသည်။ ကုမ္ပဏီအလိုက် ဖော်မြူလေးရှင်း ထုတ်လုပ်ပုံစံ အလိုက် အနည်းငယ်ကွာနိုင်ပါသည်။
ကျမ်းကိုးကားများ - George W. Ware
Professor Emeritus
Department of Entomology
University of Arizona
ကမ္ဘာ့ ပိုးသတ်ဆေး စွယ်စုံကျမ်း အတွဲ ( ၁ - ၅) - Encyclopedia of Insecticides Vol. ( I – V)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aye Win
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
Thu ya
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ ဗဟုသုတရပါတယ် နောက်ထပ်များများတင်ပေးပါ
Si Thu Aung
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
myintwai
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ကိုဖြိုး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ မှိုဆေးတွေအကြောင်းလည်းတင်ပေးပါခဗျာ
ဆက်စပ်မေးခွန်းများ
ဘူးသီးတွေအတွင်းမာ ပုပ်ကုန်ပြီး အဲ့လိုအရည်တွေထွက်ပုပ်ကုန်တာ ဘာကြောင့်လဲဗျ ပိုးဆိုရင်လည်းဘာပိုးလဲရယ် ဘယ်လိုနှိမ်နှင်းရမလဲ ဘယ်လိုကာကွယ်ရမလဲ အကြံပေးပါဦး
min • ဖြေကြားချက် 2 ခု
ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
မင်္ဂလာပါဆရာများ အမ်အီးဖေါ်မြူလာအကြောင်းရှင်းပြပေးပါ ဥပမာ 20%ME ဆိုတာရေကိုဘယ်လိုပျော်နိုင်သလဲဗျ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
ဆရာခင်ဗျဘက်တီးရီးယားလို့ထင်ပြီးကာဆူကာမိုင်စင်ဖြန်းထားပါတယ်သုံးသပ်ပေးပါအုံးခင်ဗျ ပြီးတော့အသီးထွက်နုန်းလည်းနည်းနေတယ်နောက်ချိုးမြင့်မြေဆီကျွေးရမှာလားခင်ဗျရေခြံတော့မဟုတ်ဘူးဆရာ။
ခင်ဇော်ဝင်း • ဖြေကြားချက် 3 ခု
မုန့်ညှင်းပင်တွေညိုးသေရွက်ခြောက် ဖစ်နေလို့ပါပင်စည်ရိနေပါတယ်ဘာဆေးဖြန်းရမှာလည်းခင်ဗျား
tin shwe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024