ကြက်ပေါက်ကလေးများ မီးပေးကာလတွင် လုပ်ဆောင်ရမည့်အချက်များ

28/01/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မီးပေးအုပ်ဆောင်းအောက်တွင် စကော သို့မဟုတ် ဆန်ကာဖြင့် ၂ ရက် ၃ရက်ခန့် အစာကိုဖြန့်ကြဲကျွေးပေးပါ။ အစာလုံလုံလောက်လောက်ထားပေးရမည်။

ရက်သားမှစ၍ သုံးပတ်သားအထိ ချေးဖြူရောဂါမဖြစ်စေရန် အစာ(သို့) ရေအတွင်း ဆေးများ ထည့်ကျွေးရမည်။ ယိုင်ကို အစာခွက်၊ ရေခွက်မှ တစ်ပေသာသာတွင် ဝိုင်းရံကာထားပေးရမည်။ ယိုင်ကို အပတ်စဉ် အနောက်သို့ဆုတ်ပေးရမည်ဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာတွင် ယိုင်သည် ၁၀*၁၂ ပေအခန့်ထောင့်များကိုသာကာရန် လိုအပ်ပေတော့သည်။

၃ ပတ်သားမှစတင်၍ အစာစိမ်းအနည်းငယ်စီစတင်ကျွေးနိုင်သည်။ များများကျွေးလျှင် ဝမ်းလျှောတတ်သည်။ တဖြည်းဖြည်းတိုး၍ ကျွေးသွားပေးဖို့လိုအပ်ပါသည်။

၄ ပတ်သားတွင် ကြက်ငယ်လိုအပ်သည့် အစာများလုံလုံလောက်လောက်ထည့်ပေးနိုင်ရန် ၃ပေ အစာခွက် ၅ခုနှင့် ၁ ဂါလံဆန့် ရေခွက် ၄ ခုလိုအပ်သည်။ ရေသန့်သန့်တိုက်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်ပြည့်စုံသော အာဟာရတို့ လိုအပ်ပါမည်။

၂ ပတ်သားတွင် ကြက်လည်လိမ်ရောကာကွယ်ဖို့အတွက်  မျက်စဉ်းခတ်ပေးရမည်။ ဆေးရည်အစက်တစ်စက် ချပေးရမည်။ မျက်ခွံကိုလက်ဖြင့်ဖြဲထားပြီး ဆေးကို မျက်လုံးပေါ်သို့ ချပေးပါ။ ဆေးရည်သည် မျက်ခွံအတွင်းဝင်သွားကြောင်း သေချာမှ လက်ကိုဖယ်ခွာပစ်ပါ။ အရည်ဖြင့်ဖုံးထားသော မျက်လုံးသည် အနည်းငယ်လှုပ်သောအခါ အရည်များမျက်ခွံအတွင်း စိမ့်ဝင်သွားမည်ဖြစ်သည်။ ဆေးစိမ့်မဝင်မီ လက်လွတ်လိုက်ပါက ဆေးရည်များအပြင်သို့ ထွက်ကျသွား၍ အာနိသင်ထိရောက်မည်မဟုတ်ပါ။

အထက်ပါ လုပ်ဆောင်ရမည့်အချက်များဖြင့် ကိုယ့်ကြက်ပေါက် မီးပေးကာလကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ကြပါစေ။

အောင်ဝင်းထွဋ်၏ “ကြက် မွေးမြူရေးအကြောင်း သိကောင်းစရာ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်