စပါးဘက်တီးရီးယားအညိုရောင်ရွက်ဖုံးပုတ်ရောဂါ

08/12/2017 22:29 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား

ဤ ရောဂါသည် Pseudomonas fuscovaginae ဟုခေါ်သည့် ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပါသည်။ စပါးပျိုးပင်နှင့် အပင်ကြီး အဆင့်များတွင် ရွက်ဖုံးနှင့် စပါးစေ့များပေါ်တွင် ပုတ်ဆွေးခြင်း ဖြစ်စေသည်။

ရောဂါဖြစ်ပွားသည့်နေရာနှင့်ဖြစ်ပွားသည့်် အကြောင်းရင်း

သမပိုင်းနှင့် အပူပိုင်းဒေသ နှစ်မျိုးစလုံးတွင် ပင်လယ်ရေပြင်မှ အမြင့် ၁၂၀၀-၁၇၀၀ မီတာရှိ ကုန်းမြင့်ဒေသ၊ အပူချိန်နိမ့်ပြီး စိုထိုင်းဆ များသောဒေသများတွင် ကျရောက်ဖြစ်ပွား နိုင်သည်။ ဤရောဂါကို အထူးသဖြင့် အာရှတိုက်၊ တောင်အမေရိကတိုက်၊ မာဒါဂါစကာ အပါအဝင် အာဖရိကတိုက် အလယ်ပိုင်းနှင့်် အရှေ့ပိုင်းဒေသများတွင် ကျရောက် ဖြစ်ပွားကြောင်း သိရပါသည်။ မျိုးစေ့ဆောင်ရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါဖြစ်စေသော ဘက်တီးရီးယား Pseudomonas fuscovaginae သည် စိုက်ခင်းထဲ ကျန်ရစ်ခဲ့သည့်စပါးပင် နှင့်ပေါင်းပင်များပေါ်တွင် အပြင် ကပ်ပါးအဖြစ် ရှင်သန် ခိုအာင်းနေနိုင်သည်။

ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း/ လက်ခံပင်ပြလကၡဏာ

ရောဂါ လက္ခဏာကို စပါးပင် ဖုံးတုံးလုံးတုံး အဆင့်တွင် အလံရွက်၏ ရွက်ဖုံးပေါ်တွင်လည်းကောင်း၊ အနှံ့ ထွက်ချိန်တွင် အနှံပေါ်တွင်လည်းကောင်းတွေ့ရလေ့ ရှိသည်။ ပျိုးပင် အဆင့်တွင် ပင်လုံးပြန့် အရောင် ပျက်မှုကို တွေ့ရပြီး ၎င်းသည် ရွက်လယ်ကြောနှင့် ရွက်ကြောများဆီသို့ ပြန့်သွားသည်။ ရောဂါကျ ပျိုးပင်များသည် အစောပိုင်း တွင်အောက်ရွက်၏ ရွက်ဖုံးတွင် အဝါရောင်မှ အညိုရောင် အရောင်ပျက်မှု ဖြစ်ပေါ်သည်။ အပင်ရင့် လာသော် လုံးရှည်ပုံမှ ပုံသဏ္ဍန် မမှန်သော ပုံရှိ ရေစိုနာများ စတင်ဖြစ်ပေါ်ကာ နောက်ပိုင်းတွင် အညိုဖျော့ရောင်၊ အညိုရောင် စသည်ဖြင့်ပြောင်းသွားပြီး အနာကွက်ကို အညိုရင့်ရောင် အနားသတ်ဖြင့် ဝိုင်းရံ ထားသည်။ ရွက်ဖုံးတွင် လည်းရေစိုနာနှင့်တစ်ရှူးသေ လက္ခဏာဖြစ်ပေါ်ပြီး ထင်ရှားသည့် အနားသတ် မပါရှိပါ။ ရောဂါ ကျရောက်မှု ပြင်းထန်လျှင် ရွက်ဖုံး တစ်ခုလုံး တစ်ရှူးသေလက္ခဏာဖြစ်ပေါ်ပြီး ခြောက်သွားသည်။ အနှံများလည်း ညှိုးလာသည်။

ရောဂါကျ အပင်မှ ပြူထွက်ဆဲ အနှံနှင့် စပါးခွံများတွင် ရေစိုနာ ဖြစ်လာပြီး အညိုရောင်ပြောင်း သွားသည်။ ရောဂါကျ အနှံမှ စပါးစေ့များသည် အရောင်ပျက်ခြင်း၊ ပုံပျက်ခြင်း အဆံ မတည်ခြင်းများ ဖြစ်တတ်သည်။

ရောဂါ၏ အရေးကြီးမှု

ပုံမှန်အားဖြင့် ဆုံးရှုံးမှုကြီးမားလေ့ မရှိသော်လည်း အင်ဒိုနီးရှားနိူင်ငံတွင် ဤရောဂါကြောင့် အထွက်နှုန်း ၇၂.၂%ထိ ဆုံးရှုံးမှုထိ ရှိခဲ့ဖူးကြောင်း မှတ်တမ်းတွင်တွေ့ ရသည်။ ဗဟို အာဖရိကနှင့် မာဒါဂါစကာ တို့တွင်လည်း စပါး စိုက်ဒေသများတွင် ဆုံးရှံုးမှုကြီးမားကြောင်း မှတ်တမ်းများ တွင်တွေ့ရသည်။ ရောဂါ အလွန်ပြင်းထန်လျှင် အထွက်နှုန်း ၁၀% အထိ ရှိကြောင်း မာဒါဂါစကာနိုင်ငံ တွင်တွေ့ခဲ့ရသည်။

ကာကွယ်နှိမ်နင်းနည်းများ

(၁) မျိုးစေ့ဆောင်ရောဂါ ဖြစ်သောကြောင့် ကြိုတင် ကာကွယ်မှုသည် အလွန်အရေးကြီးသည်။ စပါးခင်းကို ရိတ်သိမ်းပြီးလျှင် ပြီးချင်းနှင့် မစိုက်ပျိုးသည့်ကြား ကာလတွင် သန့်ရှင်းအောင် ထားရမည်။ ပင်ကြွင်း ပင်ကျန်များနှင့် အလေ့ကျပေါက်သည့်စပါးပင်များကို သုတ်သင် ဖယ်ရှားရမည်။

() အပူချိန်နိမ့်သော ကာလကိုရှောင်နိုင်ရန် စိုက်ချိန်ကို ညှိသင့်သည်။

(၃) ၂၀-၃၀ ရက်သား ပျိုးပင်များကို စိုက်ရမည်။ ၎င်းထက်ကြီးသော ပျိုးပင်များကိ ုမစိုက်သင့်ပါ။

(၄) ရောဂါကင်းသော မျိုးစေ့များကို အသုံးပြုရမည်။

ဒေါက်တာခင်နှင်းယု

ကိုးကား- IRRI Rice Knowledge Bank

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်