စပါးရွက်ညိုပြောက်ရောဂါ
စပါး ရွက်ညိုပြောက်ရောဂါသည် မှိုရောဂါ တစ်ခု ဖြစ်ပြီးcoleoptile အရွက်၊ ရွက်ဖုံး၊ အနှံဘေးကိုင်းများ၊ စပါးခွံ၊ စပါးစေ့များပေါ်တွင် ရောဂါ ဝင်ရောက် ဖြစ်ပွားသည်။ ၎င်း၏အထင်ရှားဆုံးသေ ဖျက်ဆီးမှုသည် အရွက်ပေါ်တွင် အပြောက်ကြီး များစွာဖြစ်ပြီး တစ်ရွက်လုံး ကိုသေသွားစေ နိုင်သည်။ အစေ့တွင်း၌ ရောဂါ ဝင်ရောက်လျှင် အဆန် မတည်ခြင်း၊ အစက် အပြောက်များ ဖြစ်ခြင်းနှင့်အစေ့ရောင် ပျက်ခြင်းတို့ ဖြစ်စေသည်။
ဤရောဂါသည် လေထု စိုထိုင်းဆ မြင့်မားပြီး (၈၆-၁၀၀%)၊ အပူချိန်(၁၆-၃၆ ဒီဂရီဆဲလ်စီးယပ်(စ)) ရှိသော ဒေသများတွင် ဖြစ်ပွားသည်။ ၎င်းသည်ရေလွှမ်းနေလေ့ မရှိပဲ အာဟာရ ချို့တဲ့သောမြေ၊ အဆိပ် အတောက် ပစ္စည်းများသောမြေများတွင် အဖြစ်များသည်။ ရောဂါ ဖြစ်ပွားရန်အတွက် အရွက်သည် ၈ နာရီမှ ၁၄ နာရီအထိ စိုစွတ်နေရမည်။ ရောဂါဖြစ်မှိုသည် မျိုးစေ့ထဲတွင်(၄) နှစ်ကျော် ကြာသည့် တိုင်အောင် ခိုအောင်း ရှင်သန်နေ နိုင်သည်။ တစ်ပင်မှ တစ်ပင်သို့လေဖြင့် သယ်ဆောင်သော မှိုစပိုး(မျိုးစေ့)ဖြင့် ရောဂါ ကူးစက်သည်။ စပါးခင်းထဲတွင် အဓိကကျသော ရောဂါ အရင်းအမြစ်မှာ-
(၁) ရောဂါကျမျိုးစေ့ - ၎င်းမှရောဂါကျ ပျိုးပင်များပေါက် လာနိုင်သည်။
(၂) စပါးခင်းတွင် ယခင်နှစ်က မျိုးစေ့ကျပြီး စောစီးစွာပေါက်နေသော စပါးပင်များ
(၃) ရောဂါကျနေသည့်ပင်ကြွင်းပင်ကျန် အစိတ်အပိုင်း
(၄) ပေါင်းမြက်ပင်များ
ဤရောဂါသည် စပါးပင်သက်တန်း တစ်လျှောက်လုံး ဖြစ်ပွားနိုင်သည်။ သို့သော်ရောဂါ အပြင်းထန်ဆုံး အချိန်သည် ပင်ပွား အများဆုံး ထွက်ချိန်မှ ရင်မှည့်ချိန်အထိ ဖြစ်သည်။
ရောဂါ အမျိုးအမည် ခွဲခြားဖေါ်ထုတ်ခြင်း/ လက္ခံပင်ပြလက္ခဏာ
ရောဂါကျ ပျိုးပင်ပေါ်တွင် သေးငယ်၍ အဝိုင်းပုံရှိပြီး ညိုဝါရောင်နှင့် အညိုရောင်ရှိသော အနာပြောက်များ ဖြစ်ပေါ်သည်။ အနာပြောက်သည် ပျိုးပင်ကို ရစ်ပတ်သွားကာ ပထမ အရွက်နှင့်ဒုတိယ အရွက်များကို တိုသွားစေသည်။ ပင်ပွားထွက်စ အချိန်တွင် ရောဂါပြောက်များကို အရွက်ပေါ်တွင် မြင်ရသည်။ အစတွင် သေးငယ်၍ အဝိုင်းပုံရှိသော အညိုရောင်၊ ခရမ်းညိုရောင် အပြောက်များအဖြစ် မြင်ရသည်။ ရင့်လာသော အပြောက်များသည် ပိုကြီးလာပြီး အဝိုင်းပုံ၊ ဘဲဥပုံများဖြစ်ကာ အပြောက် အလယ်တွင် အညိုဖျော့ရောင်၊ မီးခိုးရောင်တို့ ရှိပြီးဘေးအနားရစ်သည် မှိုမှ ထုတ်သော အဆိပ်ကြောင့် နီညိုရောင် ဖြစ်နေသည်။
ရောဂါဒါဏ် ခံနိုင်ရည်မဲ့သော စပါးမျိုးများတွင် ရောဂါပြောက်သည် (၅-၁၄) မီလီမီတာ အထိရှည်ပြီး အရွက် ညှိုးသွားစေသည်။ ခံနိုင်ရည်ရှိသော မျိုးများတွင် ပင်အပ်ခေါင်းခန့်သာရှိသည့် အညိုရောင် အပြောက် သေးလေးများ သာတွေ့ရသည်။
ရွက်ဖုံးများပေါ်ရှိ ရောဂါပြောက်များသည် အရွက်များပေါ်မှာ အတိုင်းဖြစ်သည်။ ရောဂါကျ အနှံကိုင်း များနှင့် အစေ့ခွံများပေါ်တွင် အညိုရင့်ရောင်၊ အမဲရောင် ဘဲဥပုံ အနာပြောက်များ ကိုတွေ့ရပြီး အစေ့ခွံ တစ်ခုလုံး အရောင် ပျက်နေတတ်သည်။ အတွင်း ဆန်စေ့တွင်လည်း ရောဂါ ဝင်ရောက် နိုင်သည်။ ပန်းပွင့်တွင်ရောဂါဝင်ရောက်လျှင် အဆန်တည်ခြင်းကို အပြည့်အဝ မဖြစ်စေပဲ ဆန်ရည် ဆန်သားလည်း ညံ့ဖျင်းစေသည်။ ရောဂါဖြစ်မှိုသည် ဆန်သား အတွင်းသို့လည်း ထိုးဖေါက်ဝင်ရောက်ကာ အညိုရောင် အပြောက်များနှင့် ဆန်သား အရောင်ပျက်မှု ဖြစ်စေသည်။
အချို့သော စပါးမျိုးများတွင် စပါးရွက်ညိုပြောက်သည် ကုပ်ကျိုး လက္ခဏာနှင့် မှားယွင်း တတ်သည်။ အဝိုင်းပုံ၊ ဘဲဥပုံ အညိုရောင် အပြောက်များ အလယ်တွင် မီးခိုးရောင်ရှိပြီး ဘေးအနားရစ် နီညိုရောင်ရှိခြင်းနှင့် ခွဲခြား နိုင်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးရွက်ညိုပြောက်ရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကရောဂါအကြောင်းရေးပြီး ကုသဆေးမပြောဘူး။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကဘာဆေးသုံးရမလဲဖြေပေးပါအုံး
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Dr. Khin Hnin Yu
အားလုံး