ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်းကို ၂၀၁၄ ဇန်နဝါရီလ ၃ ရက်မှ ၃၀ ရက်နေ့အထိ တစ်လအကြာ အင်္ဂလိပ်လို သင်ကြားသွားမှာဖြစ်ပါတယ်။ တစ်လကြာသင်မယ့် သင်တန်းမှာ ရွံ့အုတ်နဲ့ တည်ဆောက်တဲ့ နည်းပညာဖြစ်ပြီး စာသင်ပေးခြင်းအစား လက်တွေ့အဓိကထားပြီး အဖွဲ့လိုက် အတူတကွ လုပ်ဆောင်သွားပြီး ဆောက်လုပ်မှု အဆင်တိုင်း ကို ကျော်ဖြတ်ကာ နည်းပညာ ရရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းရဲ့ အဓိက ဦးတည်ချက်ကတော့ သူတို့ တည်ဆောက်ပြီးခဲ့တဲ့ နည်းပညာတွေကို မျှဝေပေးမှာဖြစ်ပြီး ကိုယ်တိုင် ပြန်လည် တည်ဆောက်နိုင်သည် အထိ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတော့ သီအိုရီသင်ကြားတဲ့ အပိုင်းလည်း အနည်းငယ် ထည့်သွင်းထားပါတယ်။
ဒီသင်တန်းအပြင် ခြံထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ သြဂဲနစ်စိုက်ပျိုးရေး၊ အခြား ဆက်စပ် နည်းပညာတွေနဲ့ ရေရည်တည်တံ့တဲ့ နေထိုင်းမှု နည်းလမ်တွေကိုပါ ထည့်သွင်း သွားမည်ဟု သိရပါတယ်။ နိုင်ငံပေါင်းစုံက လူတွေ လာတက်ရောက်ကြမှာ ဖြစ်ပြီး အတွေ့အကြုံ၊ ဗဟုသုတ များစွာ လေ့လာခွင့် ဖလှယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အချက်အလက်အပြည့်အစုံကို http://www.punpunthailand.org/?page_id=1175 မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ Peggy ရဲ့ အီးမေး pareents@yahoo.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပန်ပန် သြဂဲနစ်ခြံက စတင်တည်ထောင်ခဲ့တာ ၁၀ ကျော်ကြာပြီဖြစ်ပြီး သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝအိမ် ဖြင့် ရေရည်တည်တံ့တဲ့ လူနေမှုစနစ်ကို ကျင့်သုံးနေတဲ့ ဂေဟာ တစ်ခုဖြစ်ပါတယ်။ အဲဒီခြံထဲမှာ လေ့လာစရာတွေ များစွာရှိပြီး အဓိက အနေဖြင့် သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝ အိမ်၊ နေရောင်ခြည် ရေပူ စနစ်များ၊ ရေသန့်စင်ခြင်း၊ ဒေသမျိုးစေ့များ ထိန်းသိမ်းခြင်း၊ အိမ်သာနှင့် စွန်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သြဂဲနစ် ကြက်မွေးမြူရေး တို့ဖြစ်ပါတယ်။ ခြံတည်နေရာကတော့ ချင်းမိုင်မြို့ အနီးမှာပြီး အသေးစိတ်သိလိုပါက http://www.punpunthailand.org/ မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်