ငုံးမွေးမြူရေးတွင်အရေးပါသော ငုံးအိမ်တည်ဆောက်ခြင်းနှင့် အကောင်ရေသတ်မှတ်ခြင်း

29/12/2021 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ငုံးများထားရန် အိမ်များကို အောက်တွင်ဖော်ပြထားသည့်အထဲမှ နှစ်သက်ရာအမြင့်ကို ပြုလုပ်နိုင်ပါသည်။

အခန်းတစ်ခန်းလျှင် အလျား၊ အနံ၊ အမြင့် ၁x၁x၁ ပေ ထား၍ အခန်းတိုင်း ၁ပေပတ်လည် ရှိရပါမည်။ အခန်းအဆင်းပေါင်း ၄ခန်းတွဲမှ ၆ခန်းတွဲအထိ ပြုလုပ်နိုင်ပါသည်။ ထိုအခန်းတွဲအောက်တွင် ၂လက်မ ခြားထားရပါမည်။ ထိုခြားထားသည့်နေရာတွင် ငုံးချေးအံဆွဲထားရန် ဖြစ်သည်။ ငုံးအိမ်၏ အခင်းမှာ ငါးမူးကွက်ခြောက်ထောက်သံဆန်ခါများ ကာရံပေးထားရရပါမည်။ 

သို့မဟုတ်ပါက ၁လက်မ ပျဥ်ကလေးများအား ၁လက်မခြား ကာရံထားရပါမည်။ အလယ်အတွင်းမှ အခန်းနံရံများကို ပျဥ်များဖြင့် အလုံပိတ်ထားရပါမည်။ ရှေ့တည့်တည့်အပေါက်ကို တံခါးဆုံလည်ဖြင့် တပ်ဆင်၍ တစ်မူးလုံး သံချောင်းကလေးများထောင်၍ ကာထားရပါမည်။ (သို့မဟုတ်) ရိုးရိုးပတ္တာတံခါးလည်း တပ်ဆင်ပေးနိုင်ပါသည်။

ငုံးချေးခံခွက်ထဲတွင် လွှစာမှုန့်များ ခင်းထားပေးပြီး တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးရပါမည်။ ငုံးစင်အဆင့်တိုင်း၏ ဘေးတစ်ဖက်စီတွင် အစာမှုန့်နှင့် သောက်ရေအား ရေတံလျှောက်ဖြင့် တည်ပေးရပါမည်။သောက်ရေအား တစ်နေ့ ၂ ကြိမ် လဲပေးရမည်ဖြစ်ပြီး လိုအပ်ပါက သောက်ရေတွင် အားဆေးထည့်၍ တိုက်ကျွေးနိုင်ပါသည်။ ငုံးအခင်းကို တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်ပါသည်။ 

ငုံးများထားရှိရန် ၄ခန်းတွဲ၄ဆင့် ပြုလုပ်ထားသည့် အိမ်တစ်လုံးတွင် ငုံးကောင်ရေ (၆၀-၈၀)အထိ မွေးမြူနိုင်ပါသည်။ ၆ခန်းတွဲ ၆ဆင့်ပြုလုပ်ထားသော အိမ်တစ်လုံးတွင် ငုံးအကောင်ရေ (၁၄၀-၁၈၀) အထိ မွေးမြူနိုင်ပါသည်။ ဥစားအတွက် ငုံးထီးမပါဘဲ ငုံးမများကိုသာ မွေးမည်ဆိုပါက ၁ပေ ပတ်လည်ရှိ ခြံတစ်ခြံတွင် ငုံးမကောင်ရေ ၅ကောင် မွေးမြူနိုင်ပါသည်။ မျိုးဥများအတွက် မွေးမည်ဆိုပါက ၁ပေ ပတ်လည် ခြံတစ်ခြံတွင် ငုံးအမ ၃ကောင်၊ အထီး ၁ကောင်နှုန်း ထားရှိမွေးမြူရပါမည်။ 

ငုံးသက်တမ်းမှာ အစာကောင်းစွာ စားသောက်ရပါက ၃နှစ်မှ ၃နှစ်၆လ မျှအထိ အသက်ရှည်သည်။ သက်တမ်းတစ်လျှောက်လုံး ဥများ ဥသွားနိုင်ပါသည်။ ငုံးများသည် ဥမှပေါက်ပြီး ၂၀ရက်သားရှိလျှင် အထီးအမ ခွဲခြားသတ်မှတ်ရနိုင်ပြီ ဖြစ်သည်။ ငုံးအထီးမှာ အသံမြည်ရာ၌ အသံကြီးပြီး ကျယ်သည်။ အထက်နှုတ်သီး အနည်းငယ် ရှည်ထွက်နေပါသည်။လည်ပင်း၏ အရောင်မှာ အနီရောင် သန်းလျက်ရှိပါသည်။

ငုံးမသည် လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်ကလေးများ ပါရှိပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ငုံးထီး၊ ငုံးမ ခွဲခြားနိုင်ပါသည်။

မှီငြမ်း- ဆရာသိပ္ပံသန်းအေး၏ “ငုံးမွေးမြူရေး”အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်